ယခုနှစ်​ ​နွေစပါး​ပေါ်ချိန်​ စပါး၊ဆန်​ဝယ်​ယူ​ရေးအတွက်​ ကာလတို​ချေး​ငွေ တင်​ပြ​လျှောက်​ထားနိုင်

0
185

ရန်​ကုန်​၊ ဧပြီ ၃ ၊၂၀၁၈

ယခုနှစ်​ ​နွေစပါး​ပေါ်ချိန်​တွင်​ စပါး၊ဆန်​ဝယ်​ယူ​ရေးအတွက်​ ရက်​​ပေါင်း ၉၀ ထက်​ မပို​သော ကာလတို​ချေး​ငွေကို လိုအပ်​မှုရှိပါက တင်​ပြ​လျှောက်​ထားနိုင်​​ကြောင်း မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှသိရသည်​။

ဆန်​စက်​လုပ်​ငန်းရှင်​များ၊ ဆန်​ပြည်​ပတင်​ပို့သူ Exporterများ၊ဆန်​ကုန်​သည်​များနှင့်​ ဆန်​စပါးအထူးပြု ကုမ္ပဏီများမှသာ ယင်း​ချေး​ငွေကို ​လျှောက်​ထားနိုင်မည်​ဖြစ်ပြီးဧပြီလ၁၂ရက်မတိုင်မီအသင်းချုပ်ရုံးချုပ်သို့ ​ပေးပို့
လျှောက်​ ထားနိုင်​​ကြောင်းသိရသည်​။

“စီမံကိန်းနဲ့ဘဏ္ဍာ​ရေးဝန်​ကြီးဌာနက​တော့ SME ​ချေး​ငွေဆိုပြီး ချ​ပေးဖို့​တော့ရှိတယ်​။ဆန်​စပါးအသင်းချုပ်​အ​နေနဲ့က အဲ့က​နေပဲ ဘတ်​ဂျက်​ရှိတာ တခြား​​ချေး​ပေးဖို့ ဘတ်​ဂျက်​​တော့ သီးသန့့်​မရှိဘူး။ဒီ ကျပ်​ ၆၀ ဘီလျံထဲကပဲ ထုတ်​​ချေးမှာပါ။”ဟု မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​၏
အတွင်း​ရေးမှူး ဦး​အောင်​မြင့်​က​ပြောသည်​။

စပါးဝယ်​ယူမည့်​ အဆိုပြု လွှာများတွင်​ သို​လှောင်​ရုံနှင့်​အတူ အ​ခြောက်​ခံစက်​ တပ်​ဆင်​ထားရှိရန်​လိုအပ်​ပြီး​ ​လျှောက်​ထားသူအ​နေဖြင့်​ ဆန်​စပါးလုပ်​ငန်းနှင့်​ပတ်သက်​၍ အ​တွေ့အကြုံ အနည်းဆုံး ၂ နှစ်​ ရှိရန်​လို​ကြောင်း အသင်းချုပ်​မှ ထုတ်​ပြန်​​ကြေညာထားသည်​။

အသင်းချုပ်​အ​နေဖြင့်​ ရရှိလာ​သော ​လျှောက်​လွှာများကို စိစစ်​​ထောက်​ခံ​ပြီး အစိုးရဘဏ်​များနှင့်​ ပုဂ္ဂလိကဘဏ်​များသို့ ​ချေး​ငွေရရှိ​ရေးကို ဆက်​​လက်​ညှိနှိုင်း​ဆောင်​ရွက်​​ပေးမည်​ဖြစ်​​ကြောင်း​သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply