ဂျူဗင်တပ်နည်းပြ အယ်လီဂရီနီကို နည်းပြခန့်ဖို့ ပြင်ဆင်နေတဲ့ ချယ်လ်ဆီးအသင်း

0
157

ဧပြီ ၃ ၊ ၂၀၁၈

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြကွန်တီကို ရာထူးကနေ ဖယ်ရှားပြီး ဂျူဗင်တပ်အသင်းရဲ့ နည်းပြ အယ်လီဂရီနီနဲ့ အစားထို့ဖို့ ပြင်ဆင်နေ ပါတယ်။

အယ်လီဂရီနီဟာ အီတလီကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ်မှာ လာရောက်နည်းပြဖို့ ဆန္ဒရှိနေသူလည်း ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လက်ရှိနည်းပြ ကွန်တီကို ယခုနှစ်နွေရာသီမှာ ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်နေပါတယ်။

အယ်လီဂရီနီဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုကို ထွက်ခွာတော့မယ်လို့ ဆိုခဲ့ပြီး အီတလီမှာ သူရဲ့ ဇာတ်လမ်းက အဆုံးသတ်ပါပြီလို့ ပြောကြား ခဲ့ပါတယ်။ ထို့အတူ ချယ်လ်ဆီးနည်းပြ ကွန်တီဟာလည်း အသင်းရဲ့ အပြောင်းအရွှေ့ မူဝါဒတွေကို ဝေဖန်ခဲ့ပြီး သူဟာ လာမယ့်နွေရာသီမှာ ချယ်လ်ဆီးကနေ အထုတ်ခံရမှာကို ကြိုတင်သိနေခဲ့တယ်လို့ သိရပါတယ်။

ကွန်တီဟာ ချယ်လ်ဆီးမှာ တစ်ပတ်ကို ပေါင် တစ်သိန်းရှစ်သောင်း ငါးထောင် ရရှိနေပြီး ထွက်ဖို့အတွက် ကနဦးက ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကွန်တီကို ထုတ်ပယ်ဖို့အတွက် လျော်ကြေး ပေါင် ၉ ဒသမ ၆ သန်း အသုံးပြုဖို့ ရှိနေပါတယ်။

အယ်လီဂရီနီဟာ ဂျူဗင်တပ်အသင်းနဲ့အတူ အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဂျူဗင်တပ်နည်းပြရာထူးကို ကွန်တီ ထွက်ခွာသွားတဲ့နောက်မှာ ဆက်ခံခဲ့သူ ဖြစ်ပါတယ်။သူဟာ ပြီခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ် အသင်းရဲ့ နည်းပြအဖြစ် ရေပန်းစားခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

“ကျွန်တော်ဟာ ကလပ်အသင်း နည်းပြဘ၀ကို ၅ နှစ် ၆နှစ်လောက် ဖြတ်သန်းပါဦးမယ်။ ပြီးရင်တော့ နိုင်ငံအသင်းအတွက် နည်းပြအလုပ်ကို လုပ်ချင်တယ်”လို့ အယ်လီဂရီနီက ဒေးလီတယ်လီဂရက်သတင်းဌာနကို ပြောပါတယ်။

NN

Leave a Reply