ဂိုးသမား ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းခွဲဖြင့် (၅) နှစ်စာချုပ် ချုပ်မယ့် မန်ယူ

0
197

ဧပြီ ၃ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းဟာ စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ် ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် သုံးသိန်းခွဲဖြင့် (၅) နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဖို့အတွက် အသေးစိတ်ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

ဒီဂီယာအနေနဲ့ ယခုစာချုပ်အသစ်ကြောင့် မန်ယူမှာ ဒုတိယမြောက် ၀င်ငွေအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာမှာဖြစ်ပါတယ်။ စပိန်ဂိုးသမားဒီဂီယာဟာ ရီးရဲမက်ဒရစ်အသင်းရဲ့ အလိုအရှိဆုံး ကစားသမားတစ်ဦး ဖြစ်ပြီး မန်ယူအသင်းက လက်မလွှတ်လိုတဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဒီဂီယာကို စာချုပ်အသစ် ထပ်ချုပ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ယခုစာချုပ်အသစ်ကြောင့် တစ်ပတ်လုပ်ခ ပေါင် ငါးသိန်း ငါးထောင် ရရှိနေတဲ့ အလက်ဆစ် ဆန်းချက်ဇ်ပြီးရင် ဒုတိယ ၀င်ငွေအများဆုံး ကစားသမား ဖြစ်လာမှာ ဖြစ်ပါတယ်။မန်ယူအသင်းဟာ အီဗရာဟီမိုဗစ် အသင်းကနေထွက်ခွာသွားတဲ့အတွက် လုပ်ခလစာ တချို့တ၀က် သက်သာ ခဲ့ပြီး ဒီဂီယာကို လစာတိုးပေးပြီး စာချုပ်အသစ်ချုပ်ဖို့ အဆင်ပြေစေ ခဲ့ပါတယ်။

ဒီဂီယာအနေနဲ့ ယခုသက်တမ်းတိုးစာချုပ်ကို မတ်လဆန်းပိုင်းကတည်းက စဉ်းစားခဲ့ပြီး ယခုအခါ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီး အပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်း လာမှုတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ယခုလို စာချုပ်အသစ် ထပ်မံ ချုပ်ဆို ခဲ့ခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

NN

Leave a Reply