အငှားစာချုပ်သက်တမ်းအကုန်မှာ ဂျိမ်းရိုဒရီကွက်ကို ယူရို ၄၂ သန်းနဲ့ ခေါ်ယူမယ့် ဘိုင်ယန်မြူးနစ်

0
200

ဧပြီ ၃ ၊ ၂၀၁၈

ရီးရဲမက်ဒရစ်ကနေ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ (၂) ရာသီ အငှားစာချုပ်နဲ့ လာရောက် ကစားနေတဲ့ ဂျိမ်းရိုဒရီကွက်ကို အငှာစာချုပ် အကုန်မှာ ယူရို ၄၂ သန်းနဲ့ တရားဝင် ခေါ်ယူနိုင်ဖို့ ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဥက္ကဋ္ဌ ရူမင်းနစ်ဟာ ဂျိမ်းရိုဒရီကွက်ရဲ့ ကစား ပုံတွေကို သဘောကျခဲ့ပြီး ဂျာမနီမှာ ဆက်လက်နေထိုင်ဖို့အတွက် တရားဝင်ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ မာကာ သတင်းဌာနက ဖော်ပြထားပါတယ်။

“သူဟာ အံ့ဖွယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူနဲ့ အလုပ်တွဲလုပ်ရတာ အရမ်းပျော်စရာကောင်းပါတယ်။ သူဟာ အသင်းကို အကူအညီတွေ အများကြီး ပေးနိုင်သလို အသင်းရဲ့ ကစားကွက်နဲ့လည်း သင့်တော်အောင် ကစားနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကို ၀ယ်ဖို့ အဓိက ပစ်မှတ်ထား သွားမယ်”လို့ ရူမင်းနစ်က ပြောပါတယ်။

ဂျိမ်းရိုဒရီကွက်ဟာ မိုနာကို ၊ ရီးရဲမက်ဒရစ်စတဲ့ အသင်းတွေမှာ ကစားခဲ့ သူဖြစ်ပြီး ကိုလံဘီယာ အ၆သင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း ဆွတ်ခူးထားခဲ့ဖူးသူ ဖြစ်ပါတယ်။

NN

Leave a Reply