ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်သင်္ကြန်ကို ငပလီတွင်ကျင်းပမည်

0
133

ရန်ကုန် ၊ ဧပြီ ၃ ၊ ၂၀၁၈

ရခိုင်ပြည်နယ်အစိုးရမှဦးဆောင်ကျင်းပသည့် ရခိုင်ပြည်နယ်သင်္ကြန်အား ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ငပလီကမ်းခြေတွင် ကျင်းပ သွားမည်ဖြစ်ကြောင်း သံတွဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကပြောသည်။

“ငပလီမှာလုပ်ရတဲ့အကြောင်းကတော့ ခရီးသွားလုပ်ငန်းရှိတယ် ဟိုတယ်လုပ်ငန်းတွေရှိတယ် ခရီးသွားလုပ်ငန်းမြှင့် တင်နိုင်ဖို့ကိုလုပ်တာ ။မန္တလေးမှာလုပ်တဲ့သင်္ကြန်လိုမျိုးစည်စည်ကားကားနဲ့ ခရီးသွားလုပ်ငန်း အထောက်အကူပြုဖို့ အတွက်လုပ်တာလို့သိရတယ်”ဟု ဦးဝင်းနိုင်ကပြောသည်။

ရခိုင်ပြည်နယ်အစိုးရကဦးဆောင်ကျင်းပသည့် ရိုးရာသင်္ကြန်ပွဲတော်အား စစ်တွေမြို့တွင် ၂ကြိမ်ကျင်းပခဲ့ပြီး ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ ငပလီတွင်ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ငပလီတွင် မဏ္ဍပ်ဆောက်လုပ်ခြင်း လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – ငပလီ ကမ်းခြေ Page

Leave a Reply