အမ်ိဳးသား ေသြးလွဴဘဏ္တြင္ အမ်ားဆံုးေသြးလွဴခဲ့သည့္ အလွဴရွင္မ်ားကို ဂုဏ္ျပဳသြားမည္

0
212

မႏၱေလး ။ ဒီဇင္ဘာ ၁၀။၂၀၁၇။

မႏၲေလးၿမိဳ႕ အေထြေထြေရာဂါကုေဆးရံုးႀကီး အမ်ိဳးသားေသြးလွဴဘဏ္တြင္ အမ်ားဆံုး ေသြးလွဴဒါန္းခဲ့သည့္ အလွဴရွင္မ်ားကို ၂၀၁၈ ခုႏွစ္ ႏွစ္ဆန္းပိုင္း၌ ဂုဏ္ျပဳပြဲျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားေသြးလွဴဘဏ္ က သိရသည္။

ထိုသို႔ ဂုဏ္ျပဳရာတြင္ ေသြးလွဴဒါန္းမႈအႀကိမ္ေရအမ်ားဆံုးသူမ်ား ၊ ပံုမွန္ေသြးလွဴဒါန္းေနသူမ်ား အျပင္ ေသြးလွဴဒါန္းရန္ ကူညီေဆာင္ရြက္ေပးေသာ အသင္းအဖြဲ႕(၃) ခုကိုလည္း ဂုဏ္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္မတို႔က တကယ္ေတာ့ လူနာေတြကိုယ္စား ေက်းဇူးတင္ေၾကာင္း ေျပာတာပါ ။ အသင္းအဖြဲ႕ေတြကလည္း ေသြးလွဴဒါန္းပြဲေတြလုပ္ၿပီး ကူညီတဲ့အတြက္ အဲ့ဒီထဲက (၃) သင္းကို ဂုဏ္ျပဳသြားမယ္ ။ သူတို႔ရဲ႕ အကူအညီနဲ႔ ေသြးသြင္းေပးႏိုင္တဲ့အတြက္ ျပန္လည္ဂုဏ္ျပဳတာျဖစ္ပါတယ္ ။” ဟု အမ်ိဳးသားေသြးလွဴဘဏ္ မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္ ။

မႏၲေလးအေထြေထြေရာဂါကုေဆးရံုႀကီးတြင္ တစ္လလွ်င္ေသြးအိတ္ (၅၀၀၀) ေက်ာ္ အသံုးျပဳေနရၿပီး အမ်ိဳးသားေသြးလွဴဘဏ္မွ ၈၆ ရာခိုင္ႏွဳန္းအထိ ျဖည့္ဆည္းေပးႏိုင္ေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

မန္တလေး ။ ဒီဇင်ဘာ ၁၀။၂၀၁၇။

မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံးကြီး အမျိုးသားသွေးလှူဘဏ်တွင် အများဆုံး သွေးလှူဒါန်းခဲ့သည့် အလှူရှင်များကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း၌ ဂုဏ်ပြုပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားသွေးလှူဘဏ် က သိရသည်။

ထိုသို့ ဂုဏ်ပြုရာတွင် သွေးလှူဒါန်းမှုအကြိမ်ရေအများဆုံးသူများ ၊ ပုံမှန်သွေးလှူဒါန်းနေသူများ အပြင် သွေးလှူဒါန်းရန် ကူညီဆောင်ရွက်ပေးသော အသင်းအဖွဲ့(၃) ခုကိုလည်း ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်မတို့က တကယ်တော့ လူနာတွေကိုယ်စား ကျေးဇူးတင်ကြောင်း ပြောတာပါ ။ အသင်းအဖွဲ့တွေကလည်း သွေးလှူဒါန်းပွဲတွေလုပ်ပြီး ကူညီတဲ့အတွက် အဲ့ဒီထဲက (၃) သင်းကို ဂုဏ်ပြုသွားမယ် ။ သူတို့ရဲ့ အကူအညီနဲ့ သွေးသွင်းပေးနိုင်တဲ့အတွက် ပြန်လည်ဂုဏ်ပြုတာဖြစ်ပါတယ် ။” ဟု အမျိုးသားသွေးလှူဘဏ် မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် တစ်လလျှင်သွေးအိတ် (၅၀၀၀) ကျော် အသုံးပြုနေရပြီး အမျိုးသားသွေးလှူဘဏ်မှ ၈၆ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ကြောင်း သိရသည် ။

နိုင်လင်းဦး

 

Leave a Reply