အမေရိကန်ရှိ ယူကျုရုံးချုပ်၌ ပစ်ခတ်မှုဖြစ်၊ သုံးဦးဒဏ်ရာရရှိ ပစ်ခတ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ဟန်ရှိ

0
134

ဆန်ဘရူနို ဧပြီ ၎

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမြောက်ပိုင်းရှိ ဖျော်ဖြေရေး ဝက်ဘ်ဆိုက် ယူကျု၏ရုံးချုပ်၌ အမျိုးသမီးတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ မှုကြောင့် လူသုံးဦးဒဏ်ရာရရှိခဲ့သည်။

အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ၎င်းသည် သေနတ်ဖြင့် ပစ်ခတ်သူအဖြစ် သံသယရှိသူ အမျိုးသမီး၏ချစ်သူဖြစ်ဟန်ရှိကြောင်း စီဘီအက်စ်သတင်းဌာန ကဖော်ပြ ခဲ့သည်။ အသက် ၃၂ နှစ်နှင့် ၂၇ ခုနှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦးလည်း သေနတ်ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်သူအဖြစ် သံသယရှိသူနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်။ ပစ်ခတ်သူသည် ပြောင်းတိုသေနတ်တစ်လက်ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ရသည့် အကြောင်းအရင်းကိုမသိရှိရသေးချေ။ အမေရိကန်ပြည်ထောင်စုတွင် သေနတ်ဖြင့် ပစ်ခတ်သူအများစုမှာ အမျိုးသားများဖြစ်သောကြောင့် ယူကျုကုမ္ပဏီဝန်ထမ်းများ စိုးရိမ်မှုများ ရှိနေသည်။ ၂၀၀၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်ကြား ပစ်ခတ်မှု ၁၆၀ အနက် ခြောက်မှုသာ အမျိုးသမီးများက ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

သံသယရှိသူသည် ကုမ္ပဏီ၌ နေ့လည်စားစားချိန်တွင် ပစ်ခတ်မှု ကျူးလွန် ခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များသည် ယူကျုရုံးခန်းသို့ ဒေသဆိုင်ရာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၈ မိနစ်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီရုံးခန်းအဝင်ဝတွင် သေနတ်ဒဏ်ရာများဖြင့် လဲကျနေသူတစ်ဦးကို တွေ့ရှိခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ကိုယ့်ကိုယ်ကိုယ်သေနတ်ဖြင့် ပစ်ခတ်သတ်သေဟန်ရှိသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဆန်ဘရူနိုရဲတပ်ဖွဲ့စခန်း၏အကြီးအကဲ အက်ဒ်ဘာဘဲရီနီကပြောဆိုခဲ့သည်။

နောက်ထပ်ဒဏ်ရာရရှိသူနှစ်ဦးကို ယင်းအမျိုးသမီး၏ အနားတွင်တွေ့ရှိ ခဲ့သည်။ ဒဏ်ရာရရှိသူများကို ဇူကာဘတ်ဆန်ဖရန်စစ္စကို အထွေထွေ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ ယူကျုရုံးချုပ်၌ လူ ၁၇၀၀ ခန့် အလုပ်လုပ်ကိုင်နေသည်။ ယူကျုကို ဂူဂဲလ်ကိုပိုင်ဆိုင်ထားသည်။

ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ တုံ့ပြန်ပုံကို ယူကျု၏ပြော ခွင့်ရှိသူ ခရစ်ဒေးလ်က ချီးကျူးပြောဆိုခဲ့သည်။ အခြားလူမှုမီဒီယာ တစ်ခုဖြစ်သည့် တွစ်တာကလည်း ပစ်ခတ်မှုကြောင့် တုန်လှုပ်ခဲ့ရပြီး သတင်းမှားမဖြန့်စေရန် ကြီးကြပ်ဆောင်ရွက်နေကြောင်း ထုတ်ြပန်ခဲ့သည်။

ယခုပစ်ခတ်မှုနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်ကို တင်ပြ ထားပြီးဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

Source:BBC

ရိုးမြေ

Leave a Reply