မတ်​ပဲနှင့်​ ပဲစင်းငုံ​ဈေးနှုန်း စိုက်​ပျိုးမှုစရိတ်​ထက်​ကျဆင်း၍ ​တောင်​သူများအရှုံး​ပေါ်

0
170

ရန်​ကုန်​၊ ဧပြီ ၄ ၊ ၂၀၁၈

လက်​ရှိပြည်​တွင်းပဲ​ဈေးကွက်​တွင်​ ​ဈေးနှုန်းများကျဆင်းလျှက်​ ရှိပြီး မတ်​ပဲနှင့်​ ပဲစင်းငုံမှာ စိုက်​ပျိုးမှုစရိတ်​ထက်​ ကျဆင်း​နေ​သော​ကြောင့်​ ​တောင်​သူများ အရှုံး​ပေါ်​နေ​ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးခင်ဟန်က​ပြောသည်​။

မတ်​ပဲ ၁တင်းလျှင်​ကျပ်​ ၁၅၀၀၀ ခန့်​သာရှိပြီး ပဲစင်းငုံ ၁တင်းလျှင်​ကျပ်​ ၁၀၀၀၀ ဝန်းကျင်​ခန့်​သာရှိ​သော​ကြောင့်​ ယခင်​နှစ်​ထက်​ ထက်​ဝက်​ခန့်
ဈေးနှုန်းများကျဆင်း​နေ​ကြောင်းသိရသည်​။

“အစိုးရနဲ့အများပိုင်​သ​ဘောမျိုးဝယ်​​ပေးမှရမှာပါ။အဲ့လိုမှမဝယ်​ဘူးဆို ရင်​ ​တောင်​သူ​တွေ ငတ်​​နေရုံပဲရှိ​တော့မယ်​။ စိုက်​စရိတ်​က ၁ ဧက ကို တစ်သိန်း​ကျော်​တယ်​။ ​ရောင်း​တော့ ၁ ဧကကို ရှစ်​​သောင်း​လောက်​ပဲရတယ်​ဆို​တော့ ဘယ်​လိုစားမလဲ။ အရမ်းကျ​နေတယ်​။ တစ်​ခုခု​တော့လုပ်​ရမှာပါ။ အိန္ဒိယကလည်း တစ်​ခုခု​တော့​ကြေညာ​ပေးရမှာ မဝယ်​ဘူးဆိုလဲ မဝယ်​ဘူးလို့​ကြေညာရင်​ အခြားတစ်​ခုခုလုပ်​လို့ရ​သေးတာ​ပေါ့။အခုအဲ့လိုမဟုတ်​ဘူး။ ဘာကိုမှမ​ကြေညာတာ။”ဟု ၎င်းက​ပြောသည်​။

ပဲစိုက်​ပျိုးမှုစရိတ်​မှာ ၁ ဧကလျှင် ကျပ်တစ်သိန်း​ကျော်​ရှိ​ပြီး ရာသီဥတု​ဆိုးရွားခဲ့သဖြင့့် ယခုနှစ်​ထွက်​ရှိမှုနှုန်း​ထားမှာ ၁ ဧကလျှင် ၈ တင်းခန့်​ သာထွက်​ရှိ​သော​ကြောင့်​ ယခင်​နှစ်​ စိုက်​ပျိုးမှုစရိတ်​​ထက်
ထက်​ဝက်​ခန့်​ကျဆင်းခဲ့​​ကြောင်းသိရသည်​။

အစိုးရအ​နေဖြင့်​အိန္ဒိယနိုင်ငံသို့တိကျသည့်​ ​ကြေညာချက်ထွက်ရှိရန်​ ​သေချာ​မေးမြန်းရန်​လိုပြီးယင်းကဲ့သို့ကျဆင်း​နေခြင်း အ​ပေါ် အစိုးရမှ ​ဈေးနှုန်တစ်​ခု သတ်​မှတ်​၍ ဝယ်​ယူ​ပေးသင့်​​ကြောင်း ဦးခင်​ဟန်​က​ပြောသည်​။

“G to G ဝယ်​မယ်​ဆိုလဲ G to G နဲ့ ​ရောင်းမယ်​။ ကိုတာ​ပေးမယ်​ဆိုလဲ ကိုတာနဲ့​ပေး ရတယ်​ ဘာမှမဖြစ်​ဘူး။တစ်​ခုခု​တော့​ကြေညာသင့်​တယ်​။နှစ်​ ၃၀​လောက်​ အ​ရောင်းအဝယ်​လုပ်​လာပြီး ဒီလိုဆို​တော့ မ​ကောင်းဘူး။ အဲ့ဒါ​ကြောင့်​ အစိုးရကို ​မေးခိုင်းတာပါ။”ဟု ၎င်းက​ပြောသည်​။

“အဓိက​တော့ အိန္ဒိယကိုသွားတဲ့မတ်ပဲနဲ့ပဲစင်းငုံ​ဈေးကအစွန်းဆုံကို ​ရောက်​သွားပါပြီ။ ​တောင်​သူစိုက်​ပျိုးစရိတ်​​အောက်​ကို​ရောက်​သွားပြီဆို​တော့ 
ဈေးနှုန်းက ​တော်​​တော်​ဆိုးဆိုးဝါးဝါးဖြစ်​သွားပြီ။ အိန္ဒိယဘက်​ကကန့်​သတ် ထားတာကိုပြန်​ဖွင့်​တာ၊မဖွင့်​တာက​တော့ သူတို့စဉ်းစားတဲ့​ပေါ်မှာမူတည်​ပါတယ်​။ကျွန်​​တော်​တို့ နိုင်​ငံအ​နေနဲ့က​တော့ ​ပြောင်းလဲစရာ အ​ကြောင်းသိပ်​မရှိ​တော့ပါဘူး။”ဟု မြန်​မာနိုင်​ငံပဲမျိုးစုံနှင့်​ နှမ်းကုန်​သည်​အသင်း အတွင်း​ရေး မှူး ဦးမင်းကိုဦးက ​ပြောသည်​။

ပြည်​တွင်းမှ ထွက်​ရှိသည့်​ ထုတ်​ကုန်​များအ​ပေါ်တွင်​ ​ဈေးရှိပြီး ဝယ်​ယူနိုင်​သည့်​​ဈေးကွက်​ကိုရှာ​ဖွေ​ရောင်းချ​နေ​သော်​လည်း ပြည်​တွင်း​ဈေးနှုန်းမှာ ကျဆင်း​နေခြင်း​ကြောင့်​ ပါကစ္စတန်​၊ ဘင်္ဂလား​ဒေ့ရှ် ၊နီ​ပေါ ၊ ဒူဘိုင်း ၊
မ​လေးရှားနှင့်​အင်ဒိုနီးရှားနိုင်ငံများမှပြည်တွင်း​ဈေးနှုန်းကို ​စောင့်​ကြည့်​​နေကြ​ကြောင်း၎င်းက ဆက်​ပြောသည်​။

အိန္ဒိယ​ဈေးကွက်​ အပြင်​ အခြားနိုင်​ငံ ​ဈေးကွက်​သို့ တင်​ပို့နိုင်​ရန်​အတွက်​ အစိုးရနှင့်​ ပဲလုပ်​ငန်းနှင့်​သက်​ဆိုင်​သည့်​ လုပ်​ငန်းရှင်​များမှ ဝိုင်းဝန်း လုပ်​​ဆောင်​ကြမှသာ ​တောင်​သူများကို ကယ်​တင်​နိုင်​မည်​ဖြစ်​​ကြောင်း သိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply