သတင်း​ပေးတိုင်​ကြားသူများကို ဥပ​ဒေအကာ အကွယ်​​ပေးမှုအားနည်း​နေ
0
136
ပဲခူး၊ ဧပြီ ၄၊ ၂ဝ၁၈။
ပြောကြားမှုများကို ဌာနဆိုင်​ရာအချို့မှ ပြုလုပ်​​နေကြ​ကြောင်း လွှတ်​​တော်​အခွင့်​အ​ရေး​ကော်​မတီထံမှ သတင်းရရှိသည်​။
ထိုသို့ ပြုလုပ်​မှုများ​ကြောင့်​ တရားဥပ​ဒေစိုးမိုး​ရေးလုပ်​ငန်းများတွင်​ ပြည်​သူလူထုပူး​ပေါင်းပါဝင်​မှု​လျော့နည်းလာနိုင်​ပြီး တာဝန်​သိသိဖြင့်​ သတင်း​ပေးပို့တိုင်​ကြားလာသူများ၏ လုံခြုံ​ရေးကိုပါ​ခြိမ်း​ခြောက်​လာ​နေ​ကြောင်း အဆိုပါ​ကော်​မတီတာဝန်​ရှိသူများက ​ပြောဆိုကြသည်​။
“ကျွန်​​တော်​တို့အ​နေနဲ့ ဒီလိုကိစ္စမျိုး​တွေကို ​ဖြေရှင်း​ပေးဖို့အတွက်​ လွှတ်​​တော်​က​နေပြီး​တော့ အစိုးရ အဖွဲ့လုံခြုံရေးဝန်​ကြီးကို အသိ​ပေး​ပြောကြား ထားတာကြာပါပြီ။ ဒီ​နေ့ထိ ဘာမှထိထိ​ရောက်​​ရောက်​အကာအကွယ်​​ပေးတာမရှိ​သေးဘူး။ ဆို​တော့ တာဝန်​သိတဲ့သူ၊ ဥပ​ဒေ​ ဘောင်​ထဲရှိ​နေတဲ့သူ​တွေက ဥပ​ဒေမဲ့လုပ်​​နေသူ​တွေကို ပြန်​​ကြောက်​ရမလိုဖြစ်​​နေတယ်​” ဟု တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်​စားလှယ်​များစိစစ်​​ရေးနှင့်​ အခွင့်​အ​ရေးဆိုင်​ရာ​ကော်​မတီဝင်​ ဦးဆန်းမြင့်​က
ပြောသည်​။
တရားဥပ​ဒေစိုးမိုးမှုရှိ​စေ​ရေးနှင့်​စပ်​လျဉ်းပြီး သတင်း​ပေးပို့တိုင်​ကြားကြ ရာတွင်​ တရားမဝင်​​လောင်းကစားဝိုင်းများ၊ သစ်​​မှောင်​ခိုလုပ်​ငန်းများ အပါအဝင်​ ဥပ​ဒေမဲ့လုပ်​ငန်းများအား သတင်း​ပေးတိုင်​ကြားမှုအများဆုံးဖြစ်​ပြီးထိုသို့သတင်း​ပေးသူများ၏အမည်နာမများကိုထုတ်​​ဖော်​​ပြောကြား
နေသည်​မှာ မဖြစ်​သင့်​​ကြောင်း ၎င်းက ဆိုသည်​။
“ဌာနဆိုင်​ရာအချို့ရဲ့ အဲဒီလုပ်​ရပ်​က ​တော်​​တော်​​လေးစိတ်​ပျက်​စရာ​ကောင်း တယ်။အမှန်ကို​ပြောလိုတဲ့သူ၊ ​ပြောရဲတဲ့သူ​တွေရဲ့ပါးစပ်​​ပေါက်​​တွေကို ပိတ်​ပစ်​လိုက်​တာနဲ့အတူတူပဲ၊ ကျွန်​​တော်​အဲဒီလိုပဲ သုံးသပ်​လိုပါတယ်​” ဟု ပြည်​မြို့နယ်​တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​​ဇေယျက မှတ်​ချက်​​ပေးသည်​။
ပြည်​ခရိုင်​အတွင်းရှိမြို့နယ်​အချို့၌ တရားမဝင်​​လောင်းကစားမှုများနှင့်​ အခြား​သောဥပ​ဒေမဲ့လုပ်ရပ်အချို့နှင့်​ပတ်သက်ပြီး ​ဒေသတွင်းလူထု​တွေ့ဆုံပွဲများတွင်​ ကြားသိလာရသည်​များအား သက်​ဆိုင်​ရာဌာများအဖွဲ့အစည်းများထံ သတင်း​ပေးပို့တိုင်​ကြားရာတွင်​ အထက်​ပါဖြစ်​စဉ်​မျိုးကြုံ​တွေ့​နေရ​ကြောင်း ၎င်းက ဆက်​​ပြောသည်​။
တိုင်း​ဒေသကြီးအစိုးရအဖွဲ့မှ လုံခြုံ​ရေးနှင့်​နယ်​စပ်​​ရေးရာဝန်​ကြီးသည် မကြာမီကကျင်းပြီးစီးခဲ့သည့်​ နဝမ​မြောက်​တိုင်းလွှတ်တော် ပုံမှန်​ အစည်း အ​ဝေးတွင်​ တရားဥပ​ဒေစိုးမိုး​ရေးလုပ်​ငန်းများအတွက်​ မြို့နယ်​​ထွေအုပ် အပါအဝင်​ သက်​ဆိုင်​ရာအဖွဲ့အစည်းများနှင့်​ပူး​ပေါင်းကာ သတင်းရရှိမှု အ​ပေါ်မူတည်၍ဖမ်းဆီးအ​ရေးယူမှုများလုပ်​​ဆောင်​​နေ ​ကြောင်း ​ပြောကြားထားသည်​။
သတင်း​ပေးတိုင်​ကြားသူများ ခြိမ်း​ခြောက်​ခံရမှုတွင်​ ပြီးခဲ့သည့်​နှစ်​အတွင်းက ပြည်​ခရိုင်​သဲကုန်းမြို့နယ်​၌ တရားမဝင်​​လောင်း​ကစားဝိုင်းများလုပ်​ကိုင်​​နေ သည်​ကို သတင်း​ပေးခဲ့သူများအား ဓားကိုင်​ခြိမ်း​ခြောက်​ခဲ့သဖြင့်​ တရားရုံး၌ အမှုရင်​ဆိုင်​ရသည်​အထိ ရှိခဲ့သည်​။
မိုး​မြေ
Leave a Reply