ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်အား ဆုကြေးငွေကျပ် သိန်း (၅၀၀) ကျော်ချီးမြှင့်

0
168

မန္တ​လေး၊ ဧပြီ ၄၊ ၂၀၁၈

ယာဉ်လုပ်ငန်းကြီးကြပ်မှုကော်မတီ (ယကက) က နှစ်​စဉ်​ ​ပေးအပ်​​နေသည့်​ အ​ဝေး​ပြေး ယာဉ်​လိုင်းများအတွက်​ ယာဉ်​အသင်းလုပ်​အားယှဉ်​ပြိုင်​ဆု ​(Bonus )​ ပေးအပ်​ရာတွင် ယာဉ်လိုင်းပေါင်း ၃၃၈ သင်းအား ဆုကြေးငွေ ကျပ်သိန်း (၅၃၀) ကျော်ချီးမြှင့် ခဲ့သည်။

ယင်းဆုကြေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ဧပြီလ ၄ ရက်​နေ့က မန္တ​လေးတိုင်း​ဒေသကြီး အ​ဝေး​ပြေး ယာဉ်​လုပ်​ငန်းကြီးကြပ်​​ရေးလုပ်​ငန်း​ကော်​မတီရုံးရှိ ​ရွှေမန္တ​လေးခန်းမတွင်​ ကျင်းပခဲ့သည်​။

“သူတို့​ပေးသွင်းတဲ့စည်းကြပ်​ခွန်​​တွေနဲ့ ခရီးစဉ်​ထွက်​ ရင်​ တစ်​စီးကို တစ်​ရာက​နေ နှစ်​​ထောင်​ထိ ​ပေးသွင်းရတာ​တွေရှိတယ်​။ ဒီထဲက​နေ လူမှု​ရေး၊ ဘာသာ​ရေးလုပ်​ငန်း​တွေ အတွက်​ ​ငွေစာရင်း​ခေါင်းစဉ်​အလိုက်​ ခွဲထားပြီး သူတို့အတွက်​စု​ဆောင်း​ငွေသက်​သက်​ထားရှိ​ပေးထားပြီး နည်းဥ​ပ​ဒေ အတိုင်း လိုက်​နာသူကို ပြန်​လည်​​ပေးအပ်​တာဖြစ်​တယ်​” ဟု ယာဉ်​လုပ်​ငန်းများကြီးကြပ်​မှု​ကော်​မတီ (အ​ဝေး​ပြေး)ဥက္ကဋ္ဌ ဦး​အောင်​​ကျော်​လင်း က​ပြောသည်​။

ယာဉ်လိုင်းများ ပေးသွင်းထားသည့်​ စည်းကြပ်​ခွန်​အလိုက်​ တစ်​နှစ်​တာလုံး တွင်​ တစ်​သိန်းကျပ် မှ သုံးသိန်းကျပ် အထိ ​ပေးသွင်းသူကို (၁၀) ရာခိုင်​နှုန်း၊ ​သုံးသိန်းအထက်​​ပေးသွင်းသူအား (၁၂.၅) ရာခိုင်​နှုန်း သတ်​မှတ်​ထားကာ ဆု​ကြေး​ငွေနှင့်​ ထပ်​​ဆောင်း​ငွေများဖြင့်​ ဆုချီးမြှင့်​ခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်။

မန္တ​လေးမြို့ရှိ အဝေးပြေး ယာဉ်​ရပ်​နားစခန်း (၅) ခုတွင် အ​ဝေးပြေး ယာဉ်လိုင်းပေါင်း ၅၀၀ ကျော်ရှိကြောင်း ယာဉ်​လုပ်​ငန်းများကြီးကြပ်​မှု​ကော်​မတီက သိရသည်။

နိုင်လင်းဦး

Leave a Reply