တ႐ုတ္ႏိုင္ငံသား (၇) ဦးကို လဝက အက္ျဖင့္အေရးယူ

0
192

မႏၱေလး ။ဒီဇင္ဘာ ၁၀။ ၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦးၿမိဳ႕နယ္ ၊ ျမင္းသည္ေက်းရြာရွိ ဖရဲစိုက္ခင္းတြင္ တရားမဝင္ ဝင္ေရာက္လုပ္ကိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသား (၇) ဦးကို ဒီဇင္ဘာလ ၉ ရက္ေန႔က လဝက အက္ဥပေဒျဖင့္ အေရးယူခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုးက သိရသည္ ။

တ႐ုတ္ႏိုင္ငံသားမ်ား ဖရဲလုပ္ငန္းမ်ားတြင္ ဝင္ေရာက္လုပ္ကိုင္ေနေၾကာင္း သတင္းေပးတိုင္ၾကားခ်က္အရ ဒီဇင္ဘာလ ၆ ရက္ေန႔က သြားေရာက္စစ္ေဆးခဲ့ၿပီး တ႐ုတ္ႏိုင္ငံသားမ်ားအေနျဖင့္ မူဆယ္အေျခစိုက္ သိန္းရတီကုမၼဏီ ႏွင့္ ခ်မ္းသာကုမၼဏီ တို႔ျဖင့္ခ်ိတ္ဆက္လုပ္ကိုင္ေၾကာင္း ထြက္ဆိုခဲ့သည္ ။

“ႏိုင္ငံျခားသားေတြအေနနဲ႔ ျမန္မာျပည္မွာစီးပြားေရးလာလုပ္မယ္ရင္ စီးပြားေရးဗီဇာနဲ႔လာရမယ္ ။ ဒါ့အျပင္ ခ်ိတ္ဆက္ထားတဲ့ကုမၼဏီရွိရမယ္ ။ သူတို႔ေျပာတဲ့ကုမၼဏီကို ခ်ိတ္ၾကည့္တာ မရဘူး ။ သံုးရက္ထိ ေစာင့္ေသးတယ္ ။ မရလို႔ အေရးယူလိုက္တယ္ ။” ဟု မႏၲေလးတိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပံုတင္ဦးစီး႒ာန မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္ ။

ဖမ္းဆီးရမိေသာ တ႐ုတ္ႏိုင္ငံသားမ်ားမွာ စိုက္ပ်ိဳးေရးပညာရွင္မ်ားျဖစ္ၿပီး Mr. DEN YUKUN (၅၁) ႏွစ္ ၊ Mr. CHENG CHEN (၂၆) ႏွစ္ ၊ Mr. CHEN YINYOU (၅၂) ႏွစ္ ၊ Mr. ZHOU YANDONG (၅၂) ႏွစ္ ၊ Mr. ZHANG CHUN PENG (၅၀) ႏွစ္ ၊ Mr. ZHENG YUN ZHONG (၅၃) ႏွစ္ ႏွင့္ Ms. LIYANBI (၂၆) ႏွစ္ တို႔ျဖစ္ေၾကာင္း သိရသည္ ။

Mr. DEN YUKUN (၅၁) ႏွစ္ ပါ တ႐ုတ္ႏို္ုင္ငံသား (၇) ဦးကို တံတားဦးၿမိဳ႕မရဲစခန္းမွာ (ပ)၂၉၄/၂၀၁၇ ၊ လဝက အက္ဥပေဒပုဒ္မ ၄(၂)/၁၃(၁) ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

မန္တလေး ။ဒီဇင်ဘာ ၁၀။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ၊ မြင်းသည်ကျေးရွာရှိ ဖရဲစိုက်ခင်းတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၇) ဦးကို ဒီဇင်ဘာလ ၉ ရက်နေ့က လဝက အက်ဥပဒေဖြင့် အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရသည် ။

တရုတ်နိုင်ငံသားများ ဖရဲလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း သတင်းပေးတိုင်ကြားချက်အရ ဒီဇင်ဘာလ ၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံသားများအနေဖြင့် မူဆယ်အခြေစိုက် သိန်းရတီကုမ္မဏီ နှင့် ချမ်းသာကုမ္မဏီ တို့ဖြင့်ချိတ်ဆက်လုပ်ကိုင်ကြောင်း ထွက်ဆိုခဲ့သည် ။

“နိုင်ငံခြားသားတွေအနေနဲ့ မြန်မာပြည်မှာစီးပွားရေးလာလုပ်မယ်ရင် စီးပွားရေးဗီဇာနဲ့လာရမယ် ။ ဒါ့အပြင် ချိတ်ဆက်ထားတဲ့ကုမ္မဏီရှိရမယ် ။ သူတို့ပြောတဲ့ကုမ္မဏီကို ချိတ်ကြည့်တာ မရဘူး ။ သုံးရက်ထိ စောင့်သေးတယ် ။ မရလို့ အရေးယူလိုက်တယ် ။” ဟု မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဋ္ဌာန မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားများမှာ စိုက်ပျိုးရေးပညာရှင်များဖြစ်ပြီး Mr. DEN YUKUN (၅၁) နှစ် ၊ Mr. CHENG CHEN (၂၆) နှစ် ၊ Mr. CHEN YINYOU (၅၂) နှစ် ၊ Mr. ZHOU YANDONG (၅၂) နှစ် ၊ Mr. ZHANG CHUN PENG (၅၀) နှစ် ၊ Mr. ZHENG YUN ZHONG (၅၃) နှစ် နှင့် Ms. LIYANBI (၂၆) နှစ် တို့ဖြစ်ကြောင်း သိရသည် ။

Mr. DEN YUKUN (၅၁) နှစ် ပါ တရုတ်နို်ုင်ငံသား (၇) ဦးကို တံတားဦးမြို့မရဲစခန်းမှာ (ပ)၂၉၄/၂၀၁၇ ၊ လဝက အက်ဥပဒေပုဒ်မ ၄(၂)/၁၃(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

နိုင်လင်းဦး

 

Leave a Reply