သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်း(၆၁)လိုင်းဖြင့့် ပုံမှန်​​ဈေးနှုန်း အတိုင်း​ပြေးဆွဲမည်

0
140

ရန်​ကုန်​၊ ဧပြီ ၄ ၊ ၂၀၁၈

ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်း(၆၁)လိုင်း၊ ယာဉ်စီးရေ (၇၆၉)စီးဖြင့် ပုံမှန်ပြေးဆွဲလမ်းကြောင်းအတိုင်း သတ်မှတ်ယာဉ်စီးခနှုန်း ထားဖြင့် သင်္ကြန်​ကာလအတွင်း ​ပြေးဆွဲသွားမည်ဖြစ်​ကြောင်းရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ
အသိ​ပေး​ကြေညာထားသည်​။

ရန်ကုန်တိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြေးဆွဲမည့် အဝေးပြေးခရီးသည်ယာဉ်လိုင်းများသည် ဧပြီလ ၈ ရက်အထိ ပုံမှန်ပြေးဆွဲပြီး ဧပြီ ၉ ရက်မှ ၁၆ ရက်အထိ ​အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေး ပြေးယာဉ်ရပ်နားစခန်းများမှ ထွက်ရှိသည့် ခရီးသည်တင် ယာဉ်များအနေဖြင့် အလှည့် ကျရပ်နားခြင်း၊ ပြေးဆွဲခြင်းများကို ပြုလုပ်​ပေးမည် ​ဖြစ်​​ကြောင်းသိရသည်​။

“အ​ဝေး​ပြေးလိုင်း​တွေအ​နေနဲ့လဲ လုံးဝ​ဈေးတက်​လို့မရပါဘူး။ တက်​တယ်​ဆိုရင်​လဲ YRTA အ​ဝေး​ပြေး တာဝန်​ခံရုံးကိုတိုင်​နိုင်​ပါတယ်​။ သင်္ကြန်​ကာလမှာ စည်းကမ်း​ဖောက်​တဲ့ယာဉ်​​တွေကို တိုင်​လာရင်​ အ​ရေးယူဖို့ကို ဆုံးဖြတ်​ပါမယ်​။”ဟု ရန်​ကုန်​တိုင်း​ဒေသကြီး သယ်​ယူပို့​ဆောင်​​ရေးကြီးကြပ် ကွပ်​ကဲမှု အာဏာပိုင်​အဖွဲ့ (YRTA) အတွင်း​ရေးမှူး ​ဒေါက်​တာ​မောင်​​အောင်​က​ပြောသည်​။

အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းမှ ရန်ကုန်တိုင်းဒေသကြီး အခြေပြုယာဉ်လိုင်း (၁၀)လိုင်း၊အခြားတိုင်းဒေသကြီးနှင့်ပြည်နယ် များ အခြေပြုယာဉ်လိုင်း(၈)လိုင်းပြေးဆွဲနေပြီး ဒဂုံဧရာ အဝေးပြေး ယာဉ် ရပ်နားစခန်းမှ ရန်ကုန်တိုင်းဒေသကြီးအခြေပြုယာဉ်လိုင်း(၄)လိုင်း၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များအခြေပြု ယာဉ်လိုင်း(၃)လိုင်း ကိုပိတ်ရက်မရှိ ပြေးဆွဲသွားမည်​ဖြစ်​​ကြောင်း​သိရသည်​။

ရန်ကုန်တိုင်းဒေသကြီးမှအခြားတိုင်းဒေသကြီးများသို့ သွားရောက် ကြမည့် ခရီးသွားပြည်သူများကို အထောက်အကူပြုရန်အတွက် YRTA ၏ စီမံမှုအောက်ရှိ ယာဉ်လိုင်းများမှ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ ရန်ကုန်-ပုသိမ်ခရီးစဉ်အား ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နား စခန်းမှ လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းမှ ဧပြီ ၁၁ ရက်မှ ၁၃ ရက်အထိ
ရန်ကုန်-လက်ပံတန်း-မင်းလှ ခရီးစဉ်နှင့် ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်-ပဲခူး-ညောင်လေးပင်-တောင်ငူ-နေပြည်တော် ခရီးစဉ်များ ကိုလည်းကောင်း ခရီးသည် ယာဉ်များဖြင့် အင်အားဖြည့် ပြေးဆွဲပေး သွားမည်​ဖြစ်​​သည်​။

ရန်ကုန်မြို့တွင်းပြေးဆွဲသော YBS ခရီးသည်တင်ယာဉ် လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့်အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ အဝေးပြေး ခရီးသည်ယာဉ်လိုင်း အားလုံးသည် ဧပြီ ၁၇ ရက် (နှစ်ဆန်း တစ်ရက်) တွင် ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း အသိ​ပေး​ကြေညာထားသည်​။

ဝေ​ဝေဖြိုး

Leave a Reply