မ်က္ႏွာဖံုးစြပ္လူသံုးဦး ဓာတ္ဆီဆိုင္ကို ဝင္ေရာက္လုယက္

0
178

မႏၱေလး ။ဒီဇင္ဘာ ၁၀။၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခရိုင္ စဥ့္ကူးၿမိဳ႕နယ္တြင္ ဒီဇင္ဘာလ ၉ ရက္ေန႔ နံနက္ ၃ နာရီေက်ာ္အခ်ိန္ခန္ ့က မ်က္ႏွာဖံုးစြပ္ထားသည့္ လူသံုးဦးသည္ စိန္ျမန္မာဓာတ္ဆီဆိုင္ကို ဝင္ေရာက္ စီးနင္းၿပီး ေငြေၾကးႏွင့္ ပစၥည္းမ်ား လုယက္သြားခဲ့ေၾကာင္း တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕မွဴးရံုးထံ က သိရသည္။

ဝင္ေရာက္စီးနင္းလုယက္သြားသူမ်ား၏ မ်က္ႏွာကို မ်က္ႏွာဖံုးမ်ားစြပ္ထားသည့္အတြက္ မွတ္မိျခင္းမရွိပဲ ယင္းသံုးဦးစလံုးသည္ ဆိုင္အတြင္းရွိလူမ်ားကို ဓားေထာက္၍ ေငြေၾကးေတာင္းျခင္း၊ ပစၥည္းမ်ားယူေဆာင္ျခင္းတို႔ကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။

“ဆိုင္ဝန္ထမ္းေတြရဲ႕ ထြက္ဆိုခ်က္အရေတာ့ ဆိုင္ကဝန္ထမ္းေတြ အိပ္ေနတဲ့အခ်ိန္ ဆိုင္ကယ္တစ္စီးနဲ႔ လူသံုးေယာက္ေရာက္လာၿပီး ဆိုင္ကလူေတြကို ႏိႈးတယ္ ။ႏႈိးတာကလည္း ဓားျပားနဲ႔ ႐ိုက္ ႏိႈးတာတဲ့ ၊ ၿပီးေတာ့ သူတို႔ကို ဝါယာႀကိဳးေတြနဲ႔တုတ္တယ္ ။ ေအာ္ရင္သတ္ျပစ္မယ္ေျပာခ်ိန္းေျခာက္ၿပီး ပိုက္ဆံေတြ ဖုန္းေတြ ယူသြားတယ္ ။” ဟု လက္ပန္လွ နယ္ေျမခံရဲစခန္း မွ တာဝန္ရွိသူတစ္ဦး က ေျပာသည္ ။

ထိုသို႔ဝင္ေရာက္လုယက္မႈေၾကာင့္ ေငြက်ပ္ ၉ သိန္းေက်ာ္ ၊ ပုဆိုး (၈) ကြင္း ႏွင့္ ဆိုင္ဝန္ထမ္းမ်ား၏ လက္ကိုင္ဖုန္း (၃) လံုးပါသြားေၾကာင္း သိရသည္ ။

ယင္းအမႈႏွင့္ပတ္သတ္ၿပီး လက္ပန္လွနယ္ေျမခံရဲစခန္းတြင္ (ပ)၂၇၁/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္ထားၿပီး တရားခံမ်ားဖမ္းစီးရမိေရး စံုစမ္းစစ္ေဆးေနေၾကာင္း သိရသည္ ။

ႏိုင္လင္းဦး

 

မန္တလေး ။ဒီဇင်ဘာ ၁၀။၂၀၁၇။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်ခန် ့က မျက်နှာဖုံးစွပ်ထားသည့် လူသုံးဦးသည် စိန်မြန်မာဓာတ်ဆီဆိုင်ကို ဝင်ရောက် စီးနင်းပြီး ငွေကြေးနှင့် ပစ္စည်းများ လုယက်သွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ က သိရသည်။

ဝင်ရောက်စီးနင်းလုယက်သွားသူများ၏ မျက်နှာကို မျက်နှာဖုံးများစွပ်ထားသည့်အတွက် မှတ်မိခြင်းမရှိပဲ ယင်းသုံးဦးစလုံးသည် ဆိုင်အတွင်းရှိလူများကို ဓားထောက်၍ ငွေကြေးတောင်းခြင်း၊ ပစ္စည်းများယူဆောင်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည် ။

“ဆိုင်ဝန်ထမ်းတွေရဲ့ ထွက်ဆိုချက်အရတော့ ဆိုင်ကဝန်ထမ်းတွေ အိပ်နေတဲ့အချိန် ဆိုင်ကယ်တစ်စီးနဲ့ လူသုံးယောက်ရောက်လာပြီး ဆိုင်ကလူတွေကို နှိုးတယ် ။နှိုးတာကလည်း ဓားပြားနဲ့ ရိုက် နှိုးတာတဲ့ ၊ ပြီးတော့ သူတို့ကို ဝါယာကြိုးတွေနဲ့တုတ်တယ် ။ အော်ရင်သတ်ပြစ်မယ်ပြောချိန်းခြောက်ပြီး ပိုက်ဆံတွေ ဖုန်းတွေ ယူသွားတယ် ။” ဟု လက်ပန်လှ နယ်မြေခံရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည် ။

ထိုသို့ဝင်ရောက်လုယက်မှုကြောင့် ငွေကျပ် ၉ သိန်းကျော် ၊ ပုဆိုး (၈) ကွင်း နှင့် ဆိုင်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း (၃) လုံးပါသွားကြောင်း သိရသည် ။

ယင်းအမှုနှင့်ပတ်သတ်ပြီး လက်ပန်လှနယ်မြေခံရဲစခန်းတွင် (ပ)၂၇၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံများဖမ်းစီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply