တ႐ုတ္ေထာက္လွမ္းေရး LinkedIn လူမႈမီဒီယာမွတစ္ဆင့္ ဂ်ာမန္ႏုိင္ငံေရးသမားမ်ားႏွင့္ပတ္သက္ၿပီး သတင္းအခ်က္အလက္ စုေဆာင္းေနဟု ဆုိ။

0
187

ဘာလင္ ဒီဇင္ဘာ ၁၁

တ႐ုတ္သည္ အလုပ္အကိုင္ဆုိင္ရာ လူမႈမီဒီယာတစ္ခုျဖစ္သည့္ LinkedIn ရွိ ပ႐ိုဖိုင္းအတုမ်ားကို အသံုးျပဳၿပီး ဂ်ာမန္အစိုးရအရာရွိမ်ား၊ ႏုိင္ငံေရး သမားမ်ားႏွင့္ပတ္သက္ၿပီး သတင္းအခ်က္အလက္မ်ားစကို စုေဆာင္းေနေၾကာင္း ဂ်ာမန္ေထာက္လွမ္းေရးဌာန( ဘီအက္ဖ္ဗြီ) ကေျပာဆုိခဲ့သည္။

တ႐ုတ္ေထာက္လွမ္းေရးသည္ LinkedIn ဆိုက္ဒ္မွတစ္ဆင့္ ဂ်ာမန္ ၁၀၀၀၀ ခန္႔ကို ပစ္မွတ္ထား စံုစမ္းကာ သတင္းေပးမ်ားအျဖစ္ စည္း႐ုံးသိမ္း သြင္းႏုိင္ေရး ႀကိဳးပမ္းေနေၾကာင္း ေထာက္လွမ္းေရးဌာနကေျပာဆုိခဲ့သည္။ ဂ်ာမန္ေထာက္လွမ္းေရးဌာနသည္ တ႐ုတ္ေထာက္ လွမ္းေရး အသံုးျပဳေနသည့္ ပ႐ိုဖိုင္းအတုတခ်ိဳ႕ကို ထုတ္ျပန္ေပးခဲ့သည္။

တ႐ုတ္သည္ ဂ်ာမန္ထိပ္တန္းႏိုင္ငံေရးနယ္ပယ္ကုိ ဝင္ေရာက္စြက္ဖက္ရန္ ႀကိဳးပမ္းေနေၾကာင္း ဘီအက္ဖ္ဗြီအႀကီးအကဲ ဟန္႔စ္ေဂ်ာ့ဂ်္မာဇန္ ကေျပာဆုိခဲ့သည္။ လႊတ္ေတာ္၊ ဝန္ႀကီးဌာနမ်ားႏွင့္ အစိုးရဌာနမ်ားကို ဝင္ေရာက္စြက္ဖက္ရန္ ႀကိဳးပမ္းမႈျဖစ္ေၾကာင္း မာဇန္ကေျပာဆိုခဲ့သည္။ တ႐ုတ္သည္ သူလွ်ိဳလုပ္ခဲ့သည္ဆုိသည့္ စြပ္စြဲခ်က္မ်ားကို ျငင္းပယ္ခဲ့ၿပီး ဂ်ာမန္ေထာက္လွမ္းေရးဌာန၏ယခုေျပာဆုိမႈကုိလည္း တုံ႔ျပန္ျခင္းမရွိေသးေခ်။

ဂ်ာမန္ႏုိင္ငံသား LinkedIn အသံုးျပဳသူမ်ားႏွင့္ ဆက္သြယ္ထားသည့္ တ႐ုတ္ပ႐ိုဖိုင္းမ်ားကို ဘီအက္ဖ္ဗြီက ထုတ္ျပန္ေပးခဲ့သည္။ ယင္းပ႐ိုဖုိင္းမ်ားသည္ အျခားအသံုးျပဳသူမ်ားကုိ ဆဲြေဆာင္ရန္ စီစဥ္ထားသည့္ ပ႐ိုဖိုင္းမ်ားျဖစ္ေၾကာင္း ေထာက္လွမ္းေရး အဖဲြ႕ကေျပာဆုိခဲ့သည္။

စီးပြားေရးအတုိင္ပင္ခံကုမၸဏီတစ္ခု၌ လူ႔သားအရင္းအျမစ္မန္ေနဂ်ာဟု ဆုိထားသည့္ အလန္လ်ဴဆိုသည့္ ပ႐ိုဖုိင္းအတုႏွင့္ တ႐ုတ္အေရွ႕ပိုင္းရွိ ပညာရွင္အဖဲြ႕တစ္ဖဲြ႕၌ လုပ္ကိုင္ေနသည္ဆိုသည့္ လီလီဝူဆိုသည့္ ပ႐ိုဖိုင္းအတုမ်ားကို ဂ်ာမန္ေထာက္လွမ္းေရးအဖဲြ႕ကထုတ္ျပန္ခဲ့သည္။

တ႐ုတ္ေထာက္လွမ္းေရးသည္ LinkedIn မွတစ္ဆင့္ ဂ်ာမန္ အဆင့္ျမင့္ႏုိင္ငံေရး သမားမ်ားကို ဆက္သြယ္ကာ သတင္းေပးအျဖစ္ ခိုင္းေစရန္ ႀကိဳးပမ္းေနေၾကာင္း ဂ်ာမန္ေထာက္လွမ္းေရးကေျပာဆုိခဲ့သည္။

စက္တင္ဘာတြင္ ျပဳလုပ္ခဲ့သည့္ ေရြးေကာက္ပဲြမ်ားကို လႊမ္းမိုးႏုိင္ေရး ဆုိက္ဘာေထာက္လွမ္းေရးလုပ္ေဆာင္မႈမ်ားရွိေနေၾကာင္း ဘီအက္ဖ္ဗြီက ယမန္ႏွစ္တြင္ေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ အလုပ္အကိုင္ဆိုင္ရာ လူမႈမီဒီယာ LinkedIn။

ဘာလင် ဒီဇင်ဘာ ၁၁

တရုတ်သည် အလုပ်အကိုင်ဆိုင်ရာ လူမှုမီဒီယာတစ်ခုဖြစ်သည့် LinkedIn ရှိ ပရိုဖိုင်းအတုများကို အသုံးပြုပြီး ဂျာမန်အစိုးရအရာရှိများ၊ နိုင်ငံရေး သမားများနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များစကို စုဆောင်းနေကြောင်း ဂျာမန်ထောက်လှမ်းရေးဌာန( ဘီအက်ဖ်ဗွီ) ကပြောဆိုခဲ့သည်။

တရုတ်ထောက်လှမ်းရေးသည် LinkedIn ဆိုက်ဒ်မှတစ်ဆင့် ဂျာမန် ၁၀၀၀၀ ခန့်ကို ပစ်မှတ်ထား စုံစမ်းကာ သတင်းပေးများအဖြစ် စည်းရုံးသိမ်း သွင်းနိုင်ရေး ကြိုးပမ်းနေကြောင်း ထောက်လှမ်းရေးဌာနကပြောဆိုခဲ့သည်။ ဂျာမန်ထောက်လှမ်းရေးဌာနသည် တရုတ်ထောက် လှမ်းရေး အသုံးပြုနေသည့် ပရိုဖိုင်းအတုတချို့ကို ထုတ်ပြန်ပေးခဲ့သည်။

တရုတ်သည် ဂျာမန်ထိပ်တန်းနိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေကြောင်း ဘီအက်ဖ်ဗွီအကြီးအကဲ ဟန့်စ်ဂျော့ဂျ်မာဇန် ကပြောဆိုခဲ့သည်။ လွှတ်တော်၊ ဝန်ကြီးဌာနများနှင့် အစိုးရဌာနများကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း မာဇန်ကပြောဆိုခဲ့သည်။ တရုတ်သည် သူလျှိုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းပယ်ခဲ့ပြီး ဂျာမန်ထောက်လှမ်းရေးဌာန၏ယခုပြောဆိုမှုကိုလည်း တုံ့ပြန်ခြင်းမရှိသေးချေ။

ဂျာမန်နိုင်ငံသား LinkedIn အသုံးပြုသူများနှင့် ဆက်သွယ်ထားသည့် တရုတ်ပရိုဖိုင်းများကို ဘီအက်ဖ်ဗွီက ထုတ်ပြန်ပေးခဲ့သည်။ ယင်းပရိုဖိုင်းများသည် အခြားအသုံးပြုသူများကို ဆွဲဆောင်ရန် စီစဉ်ထားသည့် ပရိုဖိုင်းများဖြစ်ကြောင်း ထောက်လှမ်းရေး အဖွဲ့ကပြောဆိုခဲ့သည်။

စီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခု၌ လူ့သားအရင်းအမြစ်မန်နေဂျာဟု ဆိုထားသည့် အလန်လျူဆိုသည့် ပရိုဖိုင်းအတုနှင့် တရုတ်အရှေ့ပိုင်းရှိ ပညာရှင်အဖွဲ့တစ်ဖွဲ့၌ လုပ်ကိုင်နေသည်ဆိုသည့် လီလီဝူဆိုသည့် ပရိုဖိုင်းအတုများကို ဂျာမန်ထောက်လှမ်းရေးအဖွဲ့ကထုတ်ပြန်ခဲ့သည်။

တရုတ်ထောက်လှမ်းရေးသည် LinkedIn မှတစ်ဆင့် ဂျာမန် အဆင့်မြင့်နိုင်ငံရေး သမားများကို ဆက်သွယ်ကာ သတင်းပေးအဖြစ် ခိုင်းစေရန် ကြိုးပမ်းနေကြောင်း ဂျာမန်ထောက်လှမ်းရေးကပြောဆိုခဲ့သည်။

စက်တင်ဘာတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများကို လွှမ်းမိုးနိုင်ရေး ဆိုက်ဘာထောက်လှမ်းရေးလုပ်ဆောင်မှုများရှိနေကြောင်း ဘီအက်ဖ်ဗွီက ယမန်နှစ်တွင်ပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ အလုပ်အကိုင်ဆိုင်ရာ လူမှုမီဒီယာ LinkedIn။

 

Leave a Reply