အေရးေပၚအေျခအေနတြင္ သတိေပးမႈျပဳလုပ္ရန္ မဲလ္ဘုန္းတြင္ အသံခ်ဲ႕စက္မ်ားတပ္ဆင္

0
177

မဲလ္ဘုန္း၊ ဒီဇင္ဘာ ၁၁

အေရးေပၚအေျခအေနႀကံဳေတြ႕ပါက အမ်ားျပည္သူကုိ သတိေပးရန္ ရည္ရြယ္ခ်က္ျဖင့္ ၾသစေၾတးလ်ႏုိင္ငံ မဲလ္ဘုန္းရွိ အာဏာပိုင္မ်ားသည္ ၿမိဳ႕ရွိေနရာအေတာ္မ်ားမ်ားတြင္ အသံခ်ဲ႕စက္မ်ားကို တပ္ဆင္လိုက္ၿပီျဖစ္သည္။

ဇန္နဝါရီတြင္ မဲလ္ဘုန္း၌ အမ်ိဳးသားတစ္ဦးက ေမာ္ေတာ္ယာဥ္ျဖင့္ လူအုပ္ထဲဝင္တိုးမႈေၾကာင့္ လူေျခာက္ဦးေသဆံုးခဲ့ၿပီးေနာက္ လံုၿခံဳေရးအဆင့္ျမႇင့္တင္မႈတစ္စိတ္တစ္ပိုင္းအျဖစ္ အသံခ်ဲ႕စက္မ်ားကို တပ္ဆင္လိုက္ျခင္းျဖစ္သည္။ အမ်ားျပည္သူကို အသိေပးၿပီး လမ္းညႊန္ရန္အတြက္ ၿမိဳ႕တြင္းရိွ ေနရာ ၉၀ ခန္႔တြင္ အသံခ်ဲ႕စက္မ်ားကို တပ္ဆင္ထားသည္။

လူမ်ား ေဘးကင္းသည့္ ေနရာသို႔ အျမန္ဆံုးသြားေရာက္ႏုိင္ေရး လမ္းညႊန္ရန္ျဖစ္ေၾကာင္း အစိုးရအရာရွိမ်ားကေျပာဆုိခဲ့သည္။ အေရးေပၚအေျခအေနျဖစ္ပြားပါက အသံခ်ဲ႕စက္စနစ္၊ လမ္းပိတ္ငုတ္တိုင္ႏွင့္ လံုၿခံဳေရးကင္မရာမ်ားျဖင့္ အမ်ားျပည္သူကုိ သတိေပးႏုိင္မည္ျဖစ္ေၾကာင္း ဗစ္တိုးရီးယားျပည္နယ္ရွိ ရဲတပ္ဖဲြ႕ေရးရာဝန္ႀကီး လီဆာနယ္ဗီးကေျပာဆိုခဲ့သည္။

ေနရာတစ္ခု ေဘးကင္းျခင္းရွိမရွိ၊ ယင္းေနရာကို အမ်ားျပည္သူ သြားေရာက္သင့္မသင့္ႏွင့္ပတ္သက္ၿပီး အမ်ားျပည္သူကို အသံခ်ဲ႕စက္မွတစ္ဆင့္ သတိေပးမည္ျဖစ္ေၾကာင္း ၎ကေျပာဆုိခဲ့သည္။ လန္ဒန္တံတားတိုက္ခိုက္မႈအတြင္း ေျပး၊ ပုန္းႏွင့္ သတိေပး ဆိုသည့္ စနစ္ကို က်င့္သံုးခဲ့ရာ ထိေရာက္ခဲ့ေသာေၾကာင့္ မဲလ္ဘုန္းတြင္လည္း အလားတူက်င့္သံုးႏုိင္ေၾကာင္း မဲလ္ဘုန္းၿမိဳ႕ေတာ္ဝန္ ေရာဘတ္ဒြိဳင္ ကေျပာဆုိခဲ့သည္။

လူမႈမီဒီယာႏွင့္ ေနရာအလိုက္ စာသားမက္ေဆ့ဂ်္ေပးပို႔မႈ စနစ္မ်ားမွတစ္ဆင့္လည္း သတိေပးမႈမ်ားကုိျပဳလုပ္္မည္ျဖစ္ေၾကာင္း ေဒသဆိုင္ရာအာဏာပိုင္မ်ားကေျပာဆိုခဲ့သည္။

မဲလ္ဘုန္း၌ ႏွစ္သစ္ကူးအႀကိဳေန႔တြင္ တုိက္ခိုက္မႈမ်ားျပဳလုပ္ရန္ စီစဥ္မႈျဖင့္ အမ်ိဳးသားတစ္ဦးကို ရဲတပ္ဖဲြ႕က လြန္ခဲ့ေသာလတြင္ ဖမ္းဆီးခဲ့ရၿပီးျဖစ္သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ မဲလ္ဘုန္း၌ မၾကာေသးမီတြင္ ထားရွိခဲ့သည့္ ကြန္ကရစ္လမ္းပိတ္ငုတ္တုိင္မ်ား။

 

မဲလ်ဘုန်း၊ ဒီဇင်ဘာ ၁၁

အရေးပေါ်အခြေအနေကြုံတွေ့ပါက အများပြည်သူကို သတိပေးရန် ရည်ရွယ်ချက်ဖြင့် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းရှိ အာဏာပိုင်များသည် မြို့ရှိနေရာအတော်များများတွင် အသံချဲ့စက်များကို တပ်ဆင်လိုက်ပြီဖြစ်သည်။

ဇန်နဝါရီတွင် မဲလ်ဘုန်း၌ အမျိုးသားတစ်ဦးက မော်တော်ယာဉ်ဖြင့် လူအုပ်ထဲဝင်တိုးမှုကြောင့် လူခြောက်ဦးသေဆုံးခဲ့ပြီးနောက် လုံခြံုရေးအဆင့်မြှင့်တင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အသံချဲ့စက်များကို တပ်ဆင်လိုက်ခြင်းဖြစ်သည်။ အများပြည်သူကို အသိပေးပြီး လမ်းညွှန်ရန်အတွက် မြို့တွင်းရှိ နေရာ ၉၀ ခန့်တွင် အသံချဲ့စက်များကို တပ်ဆင်ထားသည်။

လူများ ဘေးကင်းသည့် နေရာသို့ အမြန်ဆုံးသွားရောက်နိုင်ရေး လမ်းညွှန်ရန်ဖြစ်ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ အရေးပေါ်အခြေအနေဖြစ်ပွားပါက အသံချဲ့စက်စနစ်၊ လမ်းပိတ်ငုတ်တိုင်နှင့် လုံခြံုရေးကင်မရာများဖြင့် အများပြည်သူကို သတိပေးနိုင်မည်ဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ရေးရာဝန်ကြီး လီဆာနယ်ဗီးကပြောဆိုခဲ့သည်။

နေရာတစ်ခု ဘေးကင်းခြင်းရှိမရှိ၊ ယင်းနေရာကို အများပြည်သူ သွားရောက်သင့်မသင့်နှင့်ပတ်သက်ပြီး အများပြည်သူကို အသံချဲ့စက်မှတစ်ဆင့် သတိပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ လန်ဒန်တံတားတိုက်ခိုက်မှုအတွင်း ပြေး၊ ပုန်းနှင့် သတိပေး ဆိုသည့် စနစ်ကို ကျင့်သုံးခဲ့ရာ ထိရောက်ခဲ့သောကြောင့် မဲလ်ဘုန်းတွင်လည်း အလားတူကျင့်သုံးနိုင်ကြောင်း မဲလ်ဘုန်းမြို့တော်ဝန် ရောဘတ်ဒွိုင် ကပြောဆိုခဲ့သည်။

လူမှုမီဒီယာနှင့် နေရာအလိုက် စာသားမက်ဆေ့ဂျ်ပေးပို့မှု စနစ်များမှတစ်ဆင့်လည်း သတိပေးမှုများကိုပြုလုပ််မည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောဆိုခဲ့သည်။

မဲလ်ဘုန်း၌ နှစ်သစ်ကူးအကြိုနေ့တွင် တိုက်ခိုက်မှုများပြုလုပ်ရန် စီစဉ်မှုဖြင့် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က လွန်ခဲ့သောလတွင် ဖမ်းဆီးခဲ့ရပြီးဖြစ်သည်။

Source:BBC

ရိုးမြေ

ပုံစာ။ မဲလ်ဘုန်း၌ မကြာသေးမီတွင် ထားရှိခဲ့သည့် ကွန်ကရစ်လမ်းပိတ်ငုတ်တိုင်များ။

 

Leave a Reply