၂၀၁၆ နောက်ပိုင်း ဖလားလုပွဲတွေမှာ ပထမဆုံး ရှုံးပွဲထပ်ကြုံခဲ့ရတဲ့ မန်စီတီး

0
128

ဧပြီ ၅ ၊ ၂၀၁၈

ယနေ့မနက်ပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအနက် လီဗာပူးလ် အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပွဲစဉ်မှာ အိမ်ရှင် လီဗာပူးလ်အသင်းက မန်စီးတီးအသင်းကို ၃-၀ ရလဒ်ဖြင့် ဂိုးပြတ်သွင်းပြီး အနိုင်ရရှိခဲ့ပါတယ်။ ယခုရှုံးပွဲဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာအတွက် ၂၀၁၆ အောက်တိုဘာလနောက်ပိုင်းမှာ ပထမဆုံး ရှုံးပွဲဖြစ်ခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ၂၀၁၆ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ်မှာ မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။မန်ယူကွင်းလယ်လူ မာတာရဲ့ သွင်းဂိုးတစ်ဂိုးနဲ့အတူ မန်စီးတီးအသင်းဟာ ကျဆုံးခဲ့ရပြီးတဲ့နောက် လီဗာပူးလ်နဲ့ ပွဲစဉ် မကစားခင်အထိ နိုင်ပွဲတွေ ဆက်နေခဲ့ပါတယ်။

မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မန်ယူဂိုးသမား ဒီဂီယာရဲ့ လက်စွမ်းပြမှုတွေက အဓိကကျခဲ့ပြီး ယနေ့ နံနက်ပိုင်း လီဗာပူးလ်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာတော့ မန်စီးတီး ကွင်းလယ်လူတွေ ဖြစ်တဲ့ ဒီဘရိုင်း ၊ ဆေးလ်ဗား ၊ ဂန်ဒိုဂမ်တို့ကို လီဗာပူးလ် ကစားသမားတွေက အကောင်းဆုံး ထိန်းချုပ်နိုင် ခဲ့တဲ့အတွက် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အတွက် ဂိုးတွေကို ပထမပိုင်း ၁၂ မိနစ်မှာ ဆာလပ် ၊ ၂၁ မိနစ်မှာ ချိန်ဘာလိန် နဲ့ ၃၁ မိနစ်မှာ မာနေးတို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ အသင်း ဖြစ်ပါတယ်။ သို့သော်လည်း ယခုပွဲ အရှုံးကြောင့် ဒုတိယအကျော့ ပွဲစဉ်မှာ ရုန်ကန်ရတော့မှာ ဖြစ်ပါတယ်။

လီဗာပူးလ်- မန်စီးတီး ပွဲစဉ်မတိုင်မီမှာ နှစ်ဘက်အသင်း ပရိသတ်တွေ အကြား ရန်ပွဲတွေ ဖြစ်ခဲ့ပြီး လီဗာပူးလ် ပရိသတ်တွေက မန်စီးတီးအသင်းရဲ့ ဘတ်စ်ကားကို တိုက်ခိုက်ခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ လီဗာပူးလ် အသင်းဟာ အဆိုပါကိစ္စအတွက် မန်စီးတီးအသင်းကို ပြန်လည်တောင်ပန်ခဲ့ပါတယ်။

NN

Leave a Reply