လာမည့္ႏွစ္ သမၼတေရြးေကာက္ပဲြတြင္ အတိုက္အခံ ပါတီမ်ား၏ ပါဝင္ယွဥ္ၿပိဳင္ခြင့္ကိုပိတ္ပင္လိုက္ၿပီဟု ဗင္နီဇဲြလားသမၼတေျပာဆုိ

0
194

ကာရာကက္စ္ ဒီဇင္ဘာ ၁၀

လာမည့္ႏွစ္တြင္ က်င္းပမည့္ သမၼတေရြးေကာက္ပဲြတြင္ အဓိက အတိုက္အခံမ်ားအား ပါဝင္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္လိုက္ၿပီျဖစ္ေၾကာင္း ဗင္နီဇဲြလားသမၼတနီကိုလပ္စ္မာဒူ႐ိုက ဒီဇင္ဘာ ၁၀ ရက္တြင္ေျပာဆုိခဲ့သည္။

ဒီဇင္ဘာ ၁၀ ရက္တြင္ ျပဳလုပ္ခဲ့သည့္ ၿမိဳ႕ေတာ္ဝန္ေရြးေကာက္ပဲြမ်ားတြင္ ပါဝင္ခဲ့သည့္ ပါတီမ်ားသာ သမၼတေရြးေကာက္ပဲြဝင္ခြင့္ရရွိမည္ျဖစ္ေၾကာင္း မာဒူ႐ိုကေျပာဆုိခဲ့သည္။ တရားေရးပထမ၊ ျပည္သူ႔ဆႏၵႏွင့္ ဒီမိုကရက္တစ္ လႈပ္ရွားမႈပါတီမ်ားမွ ေခါင္းေဆာင္မ်ားသည္ ေရြးေကာက္ပဲြစနစ္တြင္ ဘက္လုိက္မႈမ်ားရွိေနေၾကာင္းေျပာဆုိၿပီး ၿမိဳ႕ေတာ္ဝန္ေရြးေကာက္ပဲြကို သပိတ္ေမွာက္ခဲ့သည္။

ဗင္နီဇဲြလားေရြးေကာက္ပဲြစနစ္သည္ လံုးဝယံုၾကည္စရာေကာင္းေၾကာင္း သမၼတမာဒူ႐ိုကေျပာဆုိခဲ့သည္။ ႏုိင္ငံေရးပါတီမ်ားသည္ ႏုိင္ငံေရးေျမပံုမွ လံုးဝေပ်ာက္ကြယ္သြားၿပီျဖစ္ေၾကာင္း မာဒူ႐ိုကဆက္လက္ေျပာဆုိခဲ့သည္။

ၿမိဳ႕ႏွင့္ ၿမိဳ႕နယ္ ၃၀၀ ေက်ာ္တုိ႔တြင္ က်င္းပမည့္ ၿမိဳ႕ေတာ္ဝန္ေရြးေကာက္ပဲြ မ်ားကို သပိတ္ေမွာက္ေၾကာင္း အဓိကအတိုက္အခံပါတီႀကီးသံုးခုုက ေအာက္တိုဘာတြင္ ထုတ္ျပန္ခဲ့သည္။ ယင္းေရြြးေကာက္ပဲြသည္ သမၼတမာဒူ႐ို၏အာဏာရွင္စနစ္ အဓြန္႔ရွည္ေစေရးအတြက္သာျဖစ္ေၾကာင္း အတိုက္အခံမ်ားကေျပာဆုိခဲ့သည္။

အတိုက္အခံပါတီမ်ားအား လာမည့္ႏွစ္ေရြးေကာက္ပဲြတြင္ ပါဝင္ယွဥ္ၿပိဳင္ခြင့္ပိတ္ပင္ရန္ အမ်ိဳးသားဖဲြ႕စည္းပံုညီလာခံက ခ်မွတ္ထားသည့္ စည္းမ်ဥ္းမ်ားကုိ လိုက္နာလိုက္ျခင္းသာျဖစ္ေၾကာင္း မာဒူ႐ိုကေျပာဆုိခဲ့သည္။ ၾသဂုတ္တြင္ စတင္သက္ေရာက္ခဲ့ၿပီး ဖဲြ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးဆဲြရန္ တာဝန္ယူထားသည့္ ညီလာခံ၌ အစိုးရအေပၚ သစၥာခံသူမ်ားသာပါဝင္ေနသည္။ သမၼတသည္ အာဏာဆက္လက္ခ်ဳပ္ကို္င္ႏုိင္ေရးအတြက္ ညီလာခံကို အသံုးခ်ေနေၾကာင္း အတိုက္အခံပါတီမ်ားကေျပာဆိုခဲ့သည္။

ဗင္နီဇဲြလား၌ သမၼတမာဒူ႐ိုကုိ ေထာက္ခံသူမ်ားႏွင့္ မာဒူ႐ို၏ ဆုိရွယ္လစ္ပါတီ ျပဳတ္က်သြားေရး လိုလားသည့္ အတိုက္အခံမ်ားကုိ ေထာက္ခံသူမ်ားၾကား ႏွစ္ျခမ္းကဲြေနသည္။ မာဒူ႐ုိေထာက္ခံသူမ်ားက ဆိုရွယ္လစ္ပါတီသည္ ျပည္သူမ်ားစြာကို ဆင္းရဲတြင္းမွ လြတ္ေစ ခဲ့ေၾကာင္းေျပာဆုိခဲ့ၿပီး အတိုက္အခံမ်ားကမူ ဆုိရွယ္လစ္ပါနီသည္ ဒီမိုကေရစီစနစ္ကို ဖ်က္ဆီးခဲ့ကာ စီးပြားေရးကို လဲြမွားစြာ စီမံခဲ့ေၾကာင္းေျပာဆုိခဲ့သည္။

Source:BBC

႐ိုးေျမ

ပံုစာ။ ၿမိဳ႕ေတာ္ဝန္ေရြးေကာက္ပဲြအတြက္ မဲဆႏၵရွင္စာရင္းကို ၾကည့္႐ႈေနသည့္ ဗင္နီဇဲြလားျပည္သူမ်ား။

 

ကာရာကက်စ် ဒီဇင်ဘာ ၁၀

လာမည့်နှစ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် အဓိက အတိုက်အခံများအား ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရိုက ဒီဇင်ဘာ ၁၀ ရက်တွင်ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် မြို့တော်ဝန်ရွေးကောက်ပွဲများတွင် ပါဝင်ခဲ့သည့် ပါတီများသာ သမ္မတရွေးကောက်ပွဲဝင်ခွင့်ရရှိမည်ဖြစ်ကြောင်း မာဒူရိုကပြောဆိုခဲ့သည်။ တရားရေးပထမ၊ ပြည်သူ့ဆန္ဒနှင့် ဒီမိုကရက်တစ် လှုပ်ရှားမှုပါတီများမှ ခေါင်းဆောင်များသည် ရွေးကောက်ပွဲစနစ်တွင် ဘက်လိုက်မှုများရှိနေကြောင်းပြောဆိုပြီး မြို့တော်ဝန်ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ဗင်နီဇွဲလားရွေးကောက်ပွဲစနစ်သည် လုံးဝယုံကြည်စရာကောင်းကြောင်း သမ္မတမာဒူရိုကပြောဆိုခဲ့သည်။ နိုင်ငံရေးပါတီများသည် နိုင်ငံရေးမြေပုံမှ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း မာဒူရိုကဆက်လက်ပြောဆိုခဲ့သည်။

မြို့နှင့် မြို့နယ် ၃၀၀ ကျော်တို့တွင် ကျင်းပမည့် မြို့တော်ဝန်ရွေးကောက်ပွဲ များကို သပိတ်မှောက်ကြောင်း အဓိကအတိုက်အခံပါတီကြီးသုံးခုုက အောက်တိုဘာတွင် ထုတ်ပြန်ခဲ့သည်။ ယင်းရွွေးကောက်ပွဲသည် သမ္မတမာဒူရို၏အာဏာရှင်စနစ် အဓွန့်ရှည်စေရေးအတွက်သာဖြစ်ကြောင်း အတိုက်အခံများကပြောဆိုခဲ့သည်။

အတိုက်အခံပါတီများအား လာမည့်နှစ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပိတ်ပင်ရန် အမျိုးသားဖွဲ့စည်းပုံညီလာခံက ချမှတ်ထားသည့် စည်းမျဉ်းများကို လိုက်နာလိုက်ခြင်းသာဖြစ်ကြောင်း မာဒူရိုကပြောဆိုခဲ့သည်။ သြဂုတ်တွင် စတင်သက်ရောက်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွဲရန် တာဝန်ယူထားသည့် ညီလာခံ၌ အစိုးရအပေါ် သစ္စာခံသူများသာပါဝင်နေသည်။ သမ္မတသည် အာဏာဆက်လက်ချုပ်ကို်င်နိုင်ရေးအတွက် ညီလာခံကို အသုံးချနေကြောင်း အတိုက်အခံပါတီများကပြောဆိုခဲ့သည်။

ဗင်နီဇွဲလား၌ သမ္မတမာဒူရိုကို ထောက်ခံသူများနှင့် မာဒူရို၏ ဆိုရှယ်လစ်ပါတီ ပြုတ်ကျသွားရေး လိုလားသည့် အတိုက်အခံများကို ထောက်ခံသူများကြား နှစ်ခြမ်းကွဲနေသည်။ မာဒူရိုထောက်ခံသူများက ဆိုရှယ်လစ်ပါတီသည် ပြည်သူများစွာကို ဆင်းရဲတွင်းမှ လွတ်စေ ခဲ့ကြောင်းပြောဆိုခဲ့ပြီး အတိုက်အခံများကမူ ဆိုရှယ်လစ်ပါနီသည် ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့ကာ စီးပွားရေးကို လွဲမှားစွာ စီမံခဲ့ကြောင်းပြောဆိုခဲ့သည်။

Source:BBC

ရိုးမြေ

ပုံစာ။ မြို့တော်ဝန်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းကို ကြည့်ရှုနေသည့် ဗင်နီဇွဲလားပြည်သူများ။

Leave a Reply