၆၆(ဃ)သည္ စစ္မွန္သည့္ ေျပာင္းလဲျခင္းမရိွ အစီရင္ခံစာ ထုတ္ျပန္ျခင္း အခမ္းအနား

0
181

၆၆(ဃ)သည္ စစ္မွန္သည့္ ေျပာင္းလဲျခင္းမရိွ အစီရင္ခံစာ ထုတ္ျပန္ျခင္း အခမ္းအနားကို ရန္ကုန္ၿမိဳ႕၊ ဘိုကေလးေဈးလမ္းရိွ ပန္သူရီယ Art Gallery တြင္ ဒီဇင္ဘာ ၁၁ရက္ေန႔၊ နံနက္ ၁၀နာရီတြင္ က်င္းပျပဳလုပ္ခဲ့ပါသည္။

ယင္းအစီရင္ခံစာကို လြတ္လပ္ေသာ ထုတ္ေဖာ္ေျပာဆိုျခင္း(ျမန္မာ)၊ Free Expression Myanmar (FEM) အဖြဲ႕မွ ထုတ္ျပန္ျခင္း ျဖစ္ၿပီး လက္ရွိအစိုးရသက္တမ္း ႏွစ္ႏွစ္တာကာလအတြင္း ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)ႏွင့္ ပတ္သက္၍ ျပဳစုထုတ္ျပန္ျခင္း ျဖစ္သည္။

၆၆(ဃ)အမွုေပါင္း ၁၀၆မႈရိွၿပီျဖစ္ၿပီး ၉၀ ရာခိုင္ႏႈန္းမွာ NLDအစိုးရလက္ထက္တြင္ ျဖစ္ပြားခဲ့သည္ဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ဓာတ္ပံု-ေ၀ယံ

၆၆(ဃ)သည် စစ်မှန်သည့် ပြောင်းလဲခြင်းမရှိ အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ ဘိုကလေးဈေးလမ်းရှိ ပန်သူရီယ Art Gallery တွင် ဒီဇင်ဘာ ၁၁ရက်နေ့၊ နံနက် ၁၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအစီရင်ခံစာကို လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း(မြန်မာ)၊ Free Expression Myanmar (FEM) အဖွဲ့မှ ထုတ်ပြန်ခြင်း ဖြစ်ပြီး လက်ရှိအစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် ပတ်သက်၍ ပြုစုထုတ်ပြန်ခြင်း ဖြစ်သည်။

၆၆(ဃ)အမှုပေါင်း ၁၀၆မှုရှိပြီဖြစ်ပြီး ၉၀ ရာခိုင်နှုန်းမှာ NLDအစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ-ဝေယံ

Leave a Reply