အရံႈးေပၚေနသည့္ ႏိုင္ငံပိုင္စက္ရံုမ်ား ကြင္းဆင္းေလ့လာမႈ သံုးပံုတစ္ပံုၿပီးစီး

0
186

ရန္ကုန္။ ဒီဇင္ဘာ ၁၁။၂၀၁၇။

အရံႈးေပၚေနသည့္ ႏို္င္ငံပိုင္စက္ရံု ၂၈ ရံု ႏွင့္ပတ္သက္ၿပီး အစီအရင္ခံစာေရးသားရန္အတြက္ ကြင္းဆင္း ေလ့လာေနမႈသည္ သံုးပံုတစ္ပံုခန္႔အထိၿပီးစီးၿပီျဖစ္ေၾကာင္း ႏိုင္ငံပိုင္စက္ရံုမ်ား ျပန္လည္ေလ့လာ ဆန္းစစ္ေရး အဖြဲ႔ (၁) ေခါင္းေဆာင္ ဦးေအာင္မင္း က ေျပာသည္။

စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနသို႔ အၿပီးသတ္ အစီအရင္ခံစာ တင္သြင္းႏိုင္ရန္အတြက္ ဒီဇင္ဘာ ၆ ရက္ မွစတင္ကာ ကြင္းဆင္း ေလ့လာမႈမ်ားေဆာင္ရြက္ေနၿပီး ယေန႔ ဒီဇင္ဘာ ၁၁ ရက္ တြင္ ကြင္းဆင္းေလ့လာေနမႈ သံုးပံုတစ္ပံုခန္႔ၿပီးစီးသြားၿပီျဖစ္ေၾကာင္းလည္း ဦးေအာင္မင္း က ရွင္းျပသည္။

” မေန႔က အထိေလ့လာမႈက သံုးပံုတစ္ပံုအထိၿပီးသြာၿပီ။ ေတြ႔ရွိခ်က္ေတြကို အစီအရင္ခံစာေရးဖို႔ ျပင္ဆင္ေနတယ္။ စက္ရံုမွာ တာဝန္ယူထားသူေတြ နဲ႔ေတြ႔ဆံုေဆြးေႏြးတာေတြရွိတာ။ ဘာေၾကာင့္ အရံႈးေပၚေနၾကတာလည္း ဆိုတာေတာ့ အစီအရင္ခံစာေရးၿပီးမွ ေျပာႏိုင္မွာပါ။ ေနာက္ထပ္ေလ့လာ ရအံုးမယ့္ စက္ရံုေတြက်န္ေနေသးလို႔ပါ။ ” ေလ့လာေရး အဖြဲ႔ေခါင္းေဆာင္ ဇလြန္ၿမိဳ႕ နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္လည္းျဖစ္သူ ဦးေအာင္မင္းက The Fifth Wave News ၏ ဆက္သြယ္ေမးျမန္းမႈကို ျပန္လည္ေျဖၾကားသည္။

စီးပြားေရးအရ တြက္ေခ်ကိုက္မႈမရွိေသာ လတ္တေလာရပ္နားသင့္သည့္ ႏိုင္ငံပိုင္စက္ရံု ၄၄ ရံုစာရင္းကို ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္သြင္းခဲ့ၿပီး ၁၆ ရံုကို ဆက္လက္လည္ပတ္ခြင့္ျပဳခဲ့ေသာ္လည္း ၂၈ ရံု ကို ဆိုင္းငံ့ထားရန္အတြက္ လႊတ္ေတာ္က ဆံုးျဖတ္ခဲ့သည္။

အဆိုပါအရံႈးေပၚေနေသာ ႏိုင္ငံပိုင္စက္ရံုမ်ားႏွင့္ပတ္သက္ၿပီး အၿပီးသတ္အစီအရင္ခံစာ တင္သြင္းႏိုင္ရန္အတြက္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ ပုဂိဳလ္မ်ား ပညာရွင္မ်ားပါဝင္သည့္ အဖြဲ႔ႏွစ္ဖြဲ႔ကို ဖြဲ႔စည္းခဲ့ၿပီး ယင္းအဖြဲ႔မ်ားက ပူးေပါင္းေလ့လာေနျခင္းလည္း ျဖစ္သည္။

အရံႈးေပၚေနသည့္ ႏုိင္ငံပိုင္စက္ရံု ၂၈ ခုတြင္ စက္မႈဝန္ႀကီးဌာနေအာက္ရွိ စက္ရံု ၂၄ ရံုႏွင့္ လ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ေအာက္တြင္စက္ရံု ၄ ရံုပါဝင္သည္။

ေလ့လာၿပီးစီးခဲ့ေသာ စက္ရံုမ်ားမွာ စစ္ကိုင္းႏွင့္ ျမင္းၿခံၿမိဳ႕မ်ားတြင္ရွိေသာ အထည္ခ်ဳပ္စက္ရံုမ်ားႏွင့္ ေက်ာက္ဆည္တြင္ ရွိေသာ ပလပ္စတစ္စက္ရံုႏွင့္ သာဂရတြင္ရွိေသာ အႀကီးစားစက္ရံုမ်ားျဖစ္ေၾကာင္း သိရသည္။

သွ်င္ရဲထြဋ္

ရန်ကုန်။ ဒီဇင်ဘာ ၁၁။၂၀၁၇။

အရှုံးပေါ်နေသည့် နို်င်ငံပိုင်စက်ရုံ ၂၈ ရုံ နှင့်ပတ်သက်ပြီး အစီအရင်ခံစာရေးသားရန်အတွက် ကွင်းဆင်း လေ့လာနေမှုသည် သုံးပုံတစ်ပုံခန့်အထိပြီးစီးပြီဖြစ်ကြောင်း နိုင်ငံပိုင်စက်ရုံများ ပြန်လည်လေ့လာ ဆန်းစစ်ရေး အဖွဲ့ (၁) ခေါင်းဆောင် ဦးအောင်မင်း က ပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အပြီးသတ် အစီအရင်ခံစာ တင်သွင်းနိုင်ရန်အတွက် ဒီဇင်ဘာ ၆ ရက် မှစတင်ကာ ကွင်းဆင်း လေ့လာမှုများဆောင်ရွက်နေပြီး ယနေ့ ဒီဇင်ဘာ ၁၁ ရက် တွင် ကွင်းဆင်းလေ့လာနေမှု သုံးပုံတစ်ပုံခန့်ပြီးစီးသွားပြီဖြစ်ကြောင်းလည်း ဦးအောင်မင်း က ရှင်းပြသည်။

” မနေ့က အထိလေ့လာမှုက သုံးပုံတစ်ပုံအထိပြီးသွာပြီ။ တွေ့ရှိချက်တွေကို အစီအရင်ခံစာရေးဖို့ ပြင်ဆင်နေတယ်။ စက်ရုံမှာ တာဝန်ယူထားသူတွေ နဲ့တွေ့ဆုံဆွေးနွေးတာတွေရှိတာ။ ဘာကြောင့် အရှုံးပေါ်နေကြတာလည်း ဆိုတာတော့ အစီအရင်ခံစာရေးပြီးမှ ပြောနိုင်မှာပါ။ နောက်ထပ်လေ့လာ ရအုံးမယ့် စက်ရုံတွေကျန်နေသေးလို့ပါ။ ” လေ့လာရေး အဖွဲ့ခေါင်းဆောင် ဇလွန်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအောင်မင်းက The Fifth Wave News ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

စီးပွားရေးအရ တွက်ချေကိုက်မှုမရှိသော လတ်တလောရပ်နားသင့်သည့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၁၆ ရုံကို ဆက်လက်လည်ပတ်ခွင့်ပြုခဲ့သော်လည်း ၂၈ ရုံ ကို ဆိုင်းငံ့ထားရန်အတွက် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

အဆိုပါအရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံများနှင့်ပတ်သက်ပြီး အပြီးသတ်အစီအရင်ခံစာ တင်သွင်းနိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ပုဂိုလ်များ ပညာရှင်များပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့များက ပူးပေါင်းလေ့လာနေခြင်းလည်း ဖြစ်သည်။

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံ ၂၈ ခုတွင် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ ၂၄ ရုံနှင့် လျပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အောက်တွင်စက်ရုံ ၄ ရုံပါဝင်သည်။

လေ့လာပြီးစီးခဲ့သော စက်ရုံများမှာ စစ်ကိုင်းနှင့် မြင်းခြံမြို့များတွင်ရှိသော အထည်ချုပ်စက်ရုံများနှင့် ကျောက်ဆည်တွင် ရှိသော ပလပ်စတစ်စက်ရုံနှင့် သာဂရတွင်ရှိသော အကြီးစားစက်ရုံများဖြစ်ကြောင်း သိရသည်။

သျှင်ရဲထွဋ်

 

 

Leave a Reply