ရင်သားအဆမတန်ကြီးသည့်ရောဂါခံစားနေရသည့် နန်းဆိုင်လူ ခွဲစိတ်မှုအောင်မြင်

0
172

ရန်ကုန် ၊ ဧပြီ ၉ ၊ ၂၀၁၈

ရင်သားအပေါ် ဟော်မုန်းသက်ရောက်မှုကြောင့် ရင်သားအဆမတန်ကြီး သည့် ရောဂါ (Varginal Breast Hypertrophy) ခံစားနေရသည့် အသက် (၁၃) နှစ်အရွယ် မနန်းဆိုင်လူသည် သီပေါဆေးရုံတွင် ယနေ့ ခွဲစိတ်ခဲ့ပြီး ခွဲစိတ်မှုအောင်မြင်ခဲ့ကြောင်းသိရသည်။

ခွဲစိတ်မှုနှင့်ပတ်သက်၍ သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒ၀င်းက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် “သမီးလေး နန်းဆိုင်လူ ခွဲစိတ်မှုအောင်မြင်စွာ ပြီးဆုံးပါပြီ။မနက် ၉နာရီကနေ ညနေ၃နာရီ၄၅အထိ ဦးဆောင်ခွဲစိတ် ပေးပါ သော CS ဒေါက်တာနိုင်နိုင်ထွန်း (ခွဲစိတ်) first assistant SAS ဒေါက်တာ ကိုလေးဝင်း(အရိုး) တောက်လျှောက်ညင်သာအေးချမ်းစွာ ခွဲစိတ်နိုင်ရန် စီစဉ်ပေးပါသောမေ့ဆေး SAS ဒေါက်တာသီတာဝင်း လက်ထောက် ဆရာဝန်များ ဖြစ်ကြသော ဒေါက်တာထူးနိုင်အောင် ဒေါက်တာ ဟိန်းသူ ဒေါက်တာသစ်လွင်သန့် ဒေါက်တာစိုင်းထွန်းဦး ခွဲစိတ်ခန်း/ခွဲစိတ်ဆောင်မှ ဆရာမများ ရုံးမှဝန်ထမ်းများ ပရဟိတမိတ်ဆွေများ အလှူရှင်များ ဆုတောင်းပေးကြသူ ကမ္ဘာအနှံ့မှမိတ်ဆွေများ သစ္စာပြုကာမေတ္တာပို့ပေး ပါသော အကြီးအကဲများ အားလုံးကို အထူးကျေးဇူးတင်ပါသည်”ဟု ခွဲစိတ်မှုအပြီး ယနေ့ညနေပိုင်းကရေးသားခဲ့သည်။

မနန်းဆိုင်လူသည် အသက် ၁၁ နှစ် အရွယ်မှ စတင်ကာရောဂါ ခံစား နေရခြင်းဖြစ်ပြီး ၁၃ နှစ်အရွယ်တွင် ပိုမိုကြီးထွားလာခြင်းဖြစ် ကာ ရင်သားတစ်ဖက်လျင် ၂၂ ပေါင်ခန့်အလေးချိန်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

၇ နာရီနီးပါးကြာမြင့်သည့် အဆိုပါခွဲစိတ်မှုကုန်ကျစရိတ်ကို အစိုးရပံပိုးမှုဖြင့် ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဥာဏ်

ဓာတ်ပုံ – ဒေါက်တာ နန္ဒ၀င်း Facebook

Leave a Reply