ထိုင်းနိုင်ငံတွင်ကျင်းပသော ဆိုင်ကယ်စတန့်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ပထမ ဆု ဆွတ်ခူး

0
158

မန္တလေး၊ ဧပြီ ၁၀၊ ၂၀၁၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ကျင်းပသည့် ဆိုင်ကယ်စတန့် အငယ် တန်းပြိုင်ပွဲတွင် မြန်မာနိုင်ငံသားတစ်ဦးမှ ပထမဆုရ ဆွတ်ခူးခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲသည် ၃၉ ကြိမ်မြောက် နိုင်ငံတစ်ကာ ဆိုင်ကယ်စတန့်ပွဲဖြစ်ပြီး အငယ်တန်းပြိုင်ပွဲတွင် ထိုင်း၊ အင်ဒိုနီးရှား နှင့် မြန်မာနိုင်ငံတို့မှ ဆိုင်ကယ် စတန့်သမား (၂၀) ကျော်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည် ။

“ပြိုင်ပွဲမှာ တခြားအခက်အခဲတော့မရှိပါဘူး ။ ပြိုင်တာက MSX 125 ဆိုင်ကယ်နဲ့ ပြိုင်တယ် ။ အရင်တစ်ခါ သူငယ်ချင်းနဲ့ ဝင်ပြိုင်တာ ဆုမရဘူး။ ခုပြိုင်ပွဲက free style ဖြစ်တော့ အဆင်ပြေတယ်။ဒီမှာပြိုင်ပွဲမရှိဘူး။ ဟိုမှာ က ပြိုင်ပွဲတွေခဏ ခဏလုပ်ပေးတယ်။ကျွန်တော် အရင်က မနောရမ္မံကွင်းမှာ လေ့ကျင့်တယ်။ခုတော့ လူရှင်းတဲ့လမ်းတွေမှာ ဆိုင်ကယ်စတန့်လေ့ကျင့်တယ်” ဟု ဆုရရှိခဲ့သည့် ကိုသက်နောင်ဇော် က ပြောသည်။

ဆုရရှိခဲ့သည့် ကိုသက်နောင်ဇော်မှာ အသက် (၁၇) အရွယ်ရှိပြီး မန္တလေးမြို့ အမရပူရမြို့နယ် နန်းတော်ရာစံပြကွက်သစ်တွင် နေထိုင်သူဖြစ်ကာ ဆိုင်ကယ်စတန့်ကို (၂၀၁၅) ခုနှစ်ကတည်းက စတင်ကစားခဲ့ခြင်းဖြစ်သည်။

နိုင်လင်းဦး

Leave a Reply