ဆီ​ဈေးကွက်​ကျဆင်းမှု​ကြောင့်​ ဆီစက်​လုပ်​ငန်းများ ရပ်​ဆိုင်း

0
192

ရန်​ကုန်​၊ ဧပြီ ၁၀ ၊၂၀၁၈

ပြည်​တွင်းဆီ​​ဈေးကွက်​တွင်​ စားသုံးဆီ၊ ​မြေပဲဆီနှင့့်နှမ်းဆီ ​ဈေးကွက်​မှာ လွန်​စွာနည်းပါးလျှက်​ရှိပြီး ​ဈေးနှုန်းကြီးမြင့်​မှု​ကြောင့်​ ဆီစက်​လုပ်​ငန်းများ ၉၀ ရာခိုင်​နှုန်းအထိ ရပ်​ဆိုင်းခဲ့​ရ​ကြောင်း မြန်​မာနိုင်​ငံဆီစက်​ပိုင်ရှင်​​များအသင်း​မှသိရသည်​။

လက်​ရှိပြည်​တွင်းဆီ​ဈေးကွက်​တွင် ပဲဆီအစစ်​ ၁ပိဿာလျှင်​ ကျပ်​ ၅၅၀၀ နှင့်​ ၆၀၀၀ ကြားတွင်​ရှိ​သော​ကြောင့်​ စားသုံးသူများအ​နေဖြင့်​ ​ဈေးနှုန်းကြီးမြင့်​စွာ ​ဝယ်​ယူစားသုံး​နေရ​ကြောင်း မြန်​မာနိုင်​ငံဆီစက်​ပိုင်ရှင်​​များအသင်း၏ ဥက္ကဋ္ဌ ဦးခင်​စိုး က​ပြောသည်​။

“ကျန်​တဲ့ဆီစက်​​တွေက အချိန်​ပြည့်​မလည်​နိုင်​ဘူး။ လည်​ပတ်​ချိန်​က အလွန်​နည်းတယ်​။ ​ဈေးနှုန်းနဲ့ဆိုင်​ပါတယ်​။ စားသုံးသူ​တွေရဲ့ မယုံကြည်​မှုလဲ ပါတယ်​။ ​ရော​နှောဆီ​တွေများ​နေတဲ့ ကိစ္စကို ထိထိ​ရောက်​​ရောက်​ စစ်​​ဆေး အ​ရေးယူတာ မရှိဘူး။တာဝန်​ယူ၊ တာဝန်​ခံရမယ့်​ အဖွဲ့အစည်း​တွေကလည်း ကွဲကွဲပြားပြား အ​ရေးယူတာမရှိဘူး။ အဲ့​တော့ စားသုံးသူ​တွေ​အ​နေနဲ့ က ​ဈေးကြီး​ပေးပြီးမယုံကြည်ရဘူးဖြစ်​​နေတယ်။နိုင်ငံခြားကလာတဲ့ ​နေကြာဆီ​တွေ​ပေါ်မှာ ယုံကြည်​မှုပိုတဲ့သ​ဘောဖြစ်​​နေတယ်​။”ဟု​၎င်းက​ပြောသည်​။

ပြည်ပနိုင်ငံများကဝင်​​ရောက်လာသည့်​ဆီများ​နှင့်​ပြည်တွင်း၌ ​ရော​နှော
ရောင်းချ​နေသည့်​ စီးပွားရေးသမားများ​ကြောင့်​ ဆီစက်​လုပ်​ငန်းများ ထိခိုက်​​နေရခြင်းဖြစ်​ပြီး အတုလုပ်​​ရောင်းချ​နေခြင်း​ကြောင့်​ စားသုံးသူများကို ထင်​​ယောင်​ထင်​မှားဖြစ်​​စေ​ကြောင်း၎င်းက​ပြောသည်​။

စံမမှီ ၊ စီချိန်​စံညွှန်းနှင့်​မကိုက်​ညီခြင်း နှင့်​​ဘေးအန္တရာယ်​ရှိဆီများကို FDA မှ စစ်​​ဆေးအ​ရေးယူခြင်းများ ၊ အပြစ်​​ပေးမှုကိစ္စများကို လုပ်​​ဆောင်​​နေသည်​ဟုဆို​သော်​လည်း လက်​ရှိချိန်​ထိ တိကျသည့်​ အချိန်​ဇယား မထွက်​လာ​သေး​ကြောင်း သိရသည်​။

” ​ဆွေး​နွေးမှု​ပေါင်းလဲများပြီ၊ သတင်းစာ ၊ စာ​စောင်​​တွေမှာလည်း ပါတဲ့ အခါ​ပေါင်းလဲ များ​နေပြီ။အဲ့တာဘာဖြစ်​လို့အခုထိ ထိ​ထိ​ရောက်​​ရောက်​အ​ရေးယူတာတို့ ၊အမှတ်​တံဆိပ်​ဥပ​ဒေ​တွေ​ပေါ်မလာ​သေးတာ တို့ ၊ အ​ရေး ယူတဲ့ကိစ္စ​တွေမဖြစ်​လာ​သေးတာက သက်​ဆိုင်​ရာ ဝန်​ကြီးဌာနဲ့ သက်​ဆိုင်​ရာအဖွဲ့အစည်း​တွေရဲ့ တာဝန်​ဖြစ်​ပါတယ်​။”ဟု ဦးခင်​စိုးကဆက်​ပြောသည်​။

တရားမဝင်​ထုတ်​ကုန်​​များတားဆီး​ရေးကို သက်​ဆိုင်​ရာဌာနဖြစ်​သည့်
အ​ကောက်​ခွန်​ဦးစီးဌာနနှင့်​စီးပွား​ရေးနှင့်​ကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနကလုပ်​​ဆောင်ရမည်ဖြစ်​​သော်လည်းထိ​ရောက်စွာလုပ်​​ဆောင် 
နေခြင်းမရှိ​သေး​သော​ကြောင့်​ ပြည်​တွင်းမှာ မှန်​ကန်​စွာ လုပ်​​ဆောင်​​ နေသည့်​ လုပ်​ငန်းရှင်​များအတွက်​ထိခိုက်​နစ်​နာမှုများရှိ​ကြောင်း​သိရသည်​။

လက်​ရှိတွင်​ FDA ရပြီး စက်​​ပေါင်း ၅၆ စက်​ရှိပြီး ပြည်​တွင်း ဆီ​ဈေးကွက်​ထဲသို့ မ​လေးရှားနှင့်​ အင်​ဒိုနီးရှားနို​င်​ငံများမှ ဝင်​​ရောက်​​ရောင်း​ချလျှက်​ရှိကာ (၁) လလျှင် တန်​ချိန်​ ၆ ​သောင်းခန့်​ကို တရားဝင်​တင်​သွင်း​ရောင်း​ချလျှက်​ရှိ​​ကြောင်းသိရသည်​။

ဝေ​ဝေဖြိုး

Leave a Reply