တာချီလိတ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
167

ရန်ကုန်၊ ဧပြီ ၁၈၊ ၂၀၁၈

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း တာချီလိတ်မြို့နယ် နာရေးကူညီမှုအသင်းမှ သိရသည်။

ပစ်သတ်ခံရသူသည် အသက် ၃၅ နှစ် အရွယ်ရှိသူ ဦးယောဟန်ဖြစ်ပြီး နန့်ယွန်းစေတနာ ကုမ္ပဏီပိုင်ရှင်ဖြစ်ကာ နေအိမ်ခြံဝန်းအတွင်း ပစ်သတ် ခံခဲ့ရကြောင်းလည်း သိရသည်။

“ ပစ်သတ်ခံရသူက လားဟူလူမျိုး ဦးယောဟန်ပါ။ ဘယ်ဘက် ရင်အုံမှာ နှစ်ချက်၊ မေးအောက်ဘက်မှာ တစ်ချက် သေနတ်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးနေတာပါ။ နေအိမ်တံခါးပေါက်နဲ့လည်း နီးပါတယ်။ ရဲတွေက နာရေးကူညီမှုအသင်းကို အလောင်းသယ်ဖို့ပြောတဲ့အတွက် သွားရောက် ကူညီပေးခဲ့ရတာပါ” တာချီလိတ်မြို့နယ် နာရေးကူညီမှုအသင်းမှ အခင်းဖြစ်နေရာသို့ သွားရောက်ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် ကျည်ခွံ့အချို့ကိုတွေ့ရှိခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က စစ်ဆးမှုများ ပြုလုပ်လျက်ရှိပြီး အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

သျှင်ရဲထွဋ်

ဓာတ်ပုံ – တာချီလိတ် နာရေးကူညီမှုအသင်း

Leave a Reply