မန်စီးတီးကစားသမား အများဆုံးပါဝင်ခဲ့တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက်

0
162

ဧပြီ ၁၈ ၊ ၂၀၁၈

အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ၂၀၁၇ – ၁၈ ဘောလုံးရာသီအတွက် နေရာ အလိုက် အကောင်းဆုံး ဘောလုံးသမား ၁၁ဦးကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ရာ မန်စီးတီးအသင်းက ကစားသမား အများဆုံး ပါဝင်လာခဲ့ပါတယ်။

အမှတ်ပေးဖလားကို ရရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ နေရာစုံအတွက် အကောင်းဆုံး ကစားသမားစာရင်းမှာ နောက်ခံလူနေရာတွေအတွက် အောတာမန်ဒီ နဲ့ ဝေါလ်ကာ ၊ ကွင်းလယ်နေရာအတွက် ဒေးဗစ်ဆေးလ်ဗား ၊ ဒီဘရိုင်း ၊ ရှေ့တန်းအတွက် ဆာဂျီယို အဂူရိုတို့ ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၁၇ – ၁၈ ဘောလုံးရာသီအတွက် အကောင်းဆုံး ကစားသမား ၁၁ ဦးမှာ ဂိုး ဒီဂီယာ ( မန်ယူ) ၊ နောက်တန်း ကီရန်ဝေါလ်ကာ ၊ အော်တာမန်ဒီ ( မန်စီးတီး ) ၊ ဗာတွမ်ဂမ် (စပါး) ၊ မာကိုအလွန်ဆို ( ချယ်လ်ဆီး ) ၊ ဒေးဗစ်ဆေးလ်ဗား ၊ ဒီဘရိုင်း ( မန်စီးတီး) ၊အကစ်ဆန် ( စပါး) ၊ ရှေ့တန်း အဂူရို (မန်စီးတီး) ၊ ဟာရီကိန်း (စပါး) ၊ ဆာလပ် ( လီဗာပူးလ်) တို့ ဖြစ်ပါတယ်။

NN

Leave a Reply