ရန်​ကုန်​တိုင်းအစိုးရမှ မျှော်​မှန်း​ချက်​ ၂ချက်​ကို ယခုနှစ်​အတွင်း ​ဦးတည်​အ​ကောင်​အထည်​​ဖော်​မည်

0
199

ရန်​ကုန်​ ၊ ဧပြီ ၂၀ ၊၂၀၁၈

ရန်​ကုန်​တိုင်း​အစိုးရမှ ​မျှော်​မှန်းချက်​ ၂ ချက်​ကို ဦးတည်​၍ ယခုနှစ်​အတွင်း အ​ကောင်​အထည်​​ဖော်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်း ရန်​ကုန်​တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းက​ပြောသည်​။

ယ​နေ့ ကုန်​သည်​စက်​မှုအသင်းချုပ်​တွင်​ ပြုလုပ်​သော ရန်​ကုန်​ ရင်းနှီးမြှုပ်​နှံမှုဖိုရမ်​ကျင်းပ​ရေးနှင့်​ပတ်​သက်​သည့်​ သတင်းစာရှင်းလင်းပွဲတွင်​ ၎င်းက​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

ရန်​ကုန်​တိုင်းအစိုးရမှ တရားဥပ​ဒေစိုးမိုး​ရေးအပြည့်​အဝ​ ရရှိပြီး သန့်​ရှင်းသာယာ​ရေးသည့်​မြို့တစ်​မြို့ဖြစ်​​ရေးနှင့်​ ​အောင်​မြင်​​သောစီးပွား​ရေးထူ​ထောင်​နိုင်​သည့်​ မြို့တစ်​မြို့ဖြစ်​​ရေးဟူ၍ ​မျှော်​မှန်းချက်​ ၂ချက်​ကို ဦးတည်​​ဆောင်​ရွက်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“တရားဥပ​ဒေစိုးမိုးမှုနဲ့ပတ်​သက်​ပြီး သင်္ကြန်​မှာဆို မနှစ်​ကထက်​စာရင်​ဒီနှစ်​ဟာ တိုင်း ၁ တိုင်းနဲ့ ​ပြောမယ်​ဆိုရင်​ ဘာမှမ​ပြောပ​လောက်​တဲ့ မူခင်း​လောက်​ပဲရှိ​ပါတယ်​။ ဒီအ​ခြေ​နေ​တွေအားလုံးဟာပြည်​သူလူထုတစ်​ရပ်​လုံးက​ရော ဥပ​ဒေစိုးမိုး​ရေးကို ​ဆောင်​ရွက်​​နေကြတဲ့သူ​တွေကြားထဲမှာ​ရော ပူး​ပေါင်းပါဝင်​​ဆောင်​ရွက်​မှု​တွေရှိတယ်​။ဒါ​ပေမယ့်​ လူမှုစာမျက်​နှာမှာ​ပေါ်မှာ​ရေး​နေကြတာ​တွေ့တယ်​။ နဲနဲဖြစ်​တယ်​ဆိုတာနဲ့​ရေးကြတယ်​။ဒီနှစ်​သင်္ကြန်​နဲ့ပတ်​သက်​ရင်​ လူမှုစာမျက်​နှာ​တွေမှာ တကယ်​ကိုလူအ​သေအ​ပျောက်​ သိပ်​ကြီးကြီးမားမား​မ​တွေ့ရဘူးဆိုတာ​တွေက ​တော်​​တော်​​​လေးကို
ထိန်းနိုင်ပါပြီလို့ ယူဆပါတယ်​။”ဟု ၎င်းက​ပြောသည်​။

တရားဥပ​ဒေစိုးမိုး​ရေး​နှင့်​သန့်​ရှင့်​သာယာ​ရေးကိစ္စရပ်​များသည်​ မည်​သည့်​အခါမှ ပြီးဆုံးသွားမည်​မဟုတ်​ဘဲ မည်​သည့်​နိုင်​ငံ ၊မည်​သည့်​မြို့မှ ယင်းကိစ္စနှင့်​ပတ်​သက်​၍ ပန်းတိုင်ကို​ရောက်​သွားပြီဟူ​သောကိစ္စမျိုးဖြစ်​မည်မဟုတ်​​သော​ကြောင့်​ အမြဲတမ်းအားစိုက်​လုပ်​​ဆောင်​​နေရမည်​ဖြစ်​​ကြောင်း ဦးဖြိုးမင်းသိန်းက​ပြောသည်​။

“ဒါ​ပေမယ့်​ရဲတပ်​ဖွဲ့အင်​အားနဲ့ ပြည်​သူလူထု အချိုးနဲ့ကြည့်​မယ်​ဆိုရင်​ ရဲတပ်​ဖွဲ့လူအင်​အားကနည်းပါတယ်​။ဒါဆိုဘယ်​လိုထိန်းမလဲဆိုရင်​နည်းပညာ တိုးမြှင့်​ရပါလိမ့်​မယ်​။ဘာ​ကြောင့်​လဲဆို လူ​တွေဟာ စိတ်​ကွယ်​ရာမရှိဘူးဆိုရင်​ မ​ကောင်းမှုကိုမကျူးလွန်​ပါဘူး။စိတ်​ကွယ်​ရာမရှိရင်​ ဘာမှလုပ်လို့မရဘူးဆိုတဲ့ အသိမျိုးရှိမယ်​ဆိုရင်​ ကျူးလွန်​မှု​တွေနည်းသွားနိုင်​ပါတယ်​။အဲ့တာဆိုရင်​ အမှိုက်​ပစ်​တာပဲဖြစ်​ဖြစ်​၊ကွမ်းတံ​တွေး ​ထွေးတာပဲဖြစ်​ဖြစ်​ ဒီလိုအ​ခြေ​နေကစပြီး ထိန်းလာနိုင်​မယ့်​အ​ခြေ​နေရှိပါတယ်​။”ဟု ဝန်​ကြီးချုပ်​က​ပြောသည်​။

ထို့​ကြောင့်​ ဥပ​ဒေစိုးမိုး​ရေးနှင့်​သန့်​ရှင်းသာယာ လှပနိုင်​​ရေးကိစ္စရပ်​နယ်​ပယ်​အသီးသီးကို ပိုပြီးထိထိ​ရောက်​​ရောက်ဖြစ်​​​အောင်​ ကြိုးပမ်း​ဆောင်​ရွက်​သွားမည်​ဖြစ်​ပြီး ယခင်​ကာလများနှင့်​ယှဉ်​လျှင်​ များစွာတိုးတက်​လာ​ကြောင်း ၎င်းက​ပြောသည်​။

ဝေ​ဝေဖြိုး

Leave a Reply