အိမ်​ခြံ​မြေကဏ္ဍတွင်​ နိုင်​ငံခြားရင်းနှီးမြှုပ်နှံမှု ယခင်နှစ်ထက် မြင့်တက်နိုင်

0
163

ရန်ကုန်၊ ဧပြီ ၂၅ ၊ ၂၀၁၈

ယခုနှစ်​တွင်​ ကွန်ဒိုမီနီယံ နည်းဥပဒေ ထွက်လာခြင်း၊ ရန်ကုန်မြို့သစ် စီမံကိန်းများ တည်ဆောက်ရန်ရှိခြင်းနှင့် အစိုးရ၏ နိုင်ငံဝန်ထမ်းအိမ်ရာ စီမံကိန်းများ ရှိသောကြောင့် အိမ်ခြံမြေကဏ္ဍတွင်​ ယခင်နှစ်ထက် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်​​ရောက်​လာနိုင်​​ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦး​ပြောသည်။

“အိမ်ခြံမြေက မနှစ်ကတော့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ကောင်းတယ်။ ဒီနှစ်လည်းကောင်းမယ်လို့ မြင်တယ်။ ပထမတစ်ချက်ကတော့ ကွန်ဒို မီနီယံနဲ့ ပတ်သတ်တဲ့ နည်းဥပဒေထွက်တယ်။ ဒါကြောင့်မို့ နို​င်​ငံခြားသား​ တွေ ကွန်ဒိုမီနီယံမှာ ၀ယ်လို့ပြုလို့ ရသွားတဲ့ အနေအထားမျိုးပေါ်လာတယ်။ ဥပဒေပေါ်လာတဲ့အတွက် ဥပဒေပိုင်းဆိုင်ရာမှာ အားကောင်းလာတယ်။ ဒါကြောင့် အိမ်ခြံမြေကဏ္ဍတစ်ခုလုံးကို အထောက်အကူပြုမယ်။ ”ဟု၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကောင်အထည်ဖော်ဆောင်မည့် စီမံကိန်းများ ရှိနေခြင်း၊ နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းတွင် နိုင်ငံဝန်ထမ်း အိမ်ရာ စီမံကိန်းများ ရှိနေသဖြင့် အိမ်ခြံမြေကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများမှာ ယခင်နှစ်ထက် ယခုနှစ်တွင် ပို၍ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက် လာနိုင် ကြောင်း ၎င်းက ပြောသည်။

အိမ်​ခြံ​မြေကဏ္ဍနှင့်​ပတ်​သက်​ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက အစိုးရ ပရောဂျက်​များတွင်​ ရင်းနှီးမြှုပ်​နှုံခြင်းသိပ်​မရှိ​ဘဲ မိမိကိုယ်​ပိုင်​ ပ​ရောဂျက်​ များကို ပုဂ္ဂလိကကဏ္ဍများတွင်​သာ ရင်းနှီးမြှုပ်​နှံကြ​ကြောင်း သိရသည်​။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အိမ်ရာအဆောက်အအုံကဏ္ဍ၌ တရုတ်၊ စင်ကာပူနှင့် ပြင်သစ်နိုင်ငံများက နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁ ခု ဝင်​​ရောက်​ခဲ့ပြီး ယင်းလုပ်​ငန်း ၁၁ ခုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ၀င်ရောက်ထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် စာရင်းများ အရ သိရသည်။

လက်ရှိအစိုးရသက်တမ်း ၂ နှစ်​ကာလ အတွင်း ၀န်ထမ်းများ အတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီ၌ ၀န်ထမ်းအိမ်ရာ ၄၆၂၇ ခန်း တည်ဆောက် ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၃ နှစ်တာ ကာလအတွင်းမှာလည်း အခန်းပေါင်း ၇ ထောင်ကျော် ကို ၀န်ထမ်းအိမ်ရာအဖြစ် တည်ဆောက်ပေး ရန် စီမံထားကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားပြောကြားထားသည်။

ဝေ​ဝေဖြိုး

Leave a Reply