အာဆင်နယ်မှာ ဆက်နေချင်သေးတဲ့ ၀င်းဂါး

0
162

ဧပြီ ၂၅ ၊ ၂၀၁၈

ယခုနှစ်ရာသီအကုန်မှာ အာဆင်နယ်ကနေ ထုတ်ပယ်ခံရတော့မယ့် နည်းပြ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းမှာ တစ်နှစ်လောက် ဆက်နေချင် သေး တယ်လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းကို နှစ်ပေါင်း ၂၂ နှစ်အထိ နည်းပြခဲ့တဲ့ အာစင်ဝင်းဂါး ဟာ သူ့ရဲ့စာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေပါသေးတယ်။ဒါကြောင့် သူဟာ အာဆင်နယ်မှာ စာချုပ်ပြည့်တဲ့အထိ ဆက်နေချင်တာ ဖြစ်ပါတယ်။

“ဒီလို ထွက်ဖို့ ဆုံးဖြတ်ချက်က အံဝင်ဂွင်ကျတော့ မရှိလှပါဘူး။အနားယူမယ့် ကိစ္စကို ကျွန်တော် အရင်ကတည်းက ကြိုပြီး ပြောခဲ့ပါတယ်။အခုအချိန်မှာ နေ့တိုင်းအကောင်းဆုံး လုပ်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ကျွန်တော်ဒီမှာ ဆက်ရှိနေတဲ့ အခိုက်အတန့်လေးမှာ အကောင်းဆုံး ဆက်လုပ်သွား ပါမယ်”လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။

အာစင်ဝင်းဂါးဟာ မိုနာကို အသင်းနဲ့ နာဂိုရာ ဂရန်းပတ်အသင်းတွေမှာ နည်းပြအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး အာဆင်နယ်ကို ရောက်ရှိလာသူ ဖြစ်ပါတယ်။

“အခုလို လမ်းခွဲတဲ့ ကိစ္စက ပြီးပြည့်စုံပြီလားလို့ တွေးမိတယ်။ ကျွန်တော် မသိဘူး။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဖို့ ရှိပါတယ်” လို့ အာစင်ဝင်းဂါးက ဆက်ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

NN

Leave a Reply