ဒုစ႐ိုက္မႈမ်ားေလ်ာ့နည္းပေပ်ာက္ေစေရး တိုင္းအစိုးရအဖြဲ႕က အထူး အေလးေပး ေဆာင္ရြက္ရန္ တိုက္တြန္းေၾကာင္းအဆို မန္းလႊတ္ေတာ္ အတည္ျပဳ

0
174

မႏၲေလး။ ဒီဇင္ဘာ ၁၁။ ၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီးအတြင္း အမ်ားျပည္သူလံုျခံဳစိတ္ခ်စြာ သြားလာႏိုင္ေရးႏွင့္ ခိုးမႈ ၊ လုယက္မႈ ႏွင့္ မုဒိမ္းမႈမ်ားေလ်ာ့နည္း ပေပ်ာက္ေစေရး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က အထူးအေလးေပး ေဆာင္ရြက္ရန္ တိုက္တြန္းေၾကာင္းအဆိုကို ဒီဇင္ဘာလ ၁၁ ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး လႊတ္ေတာ္တြင္ မဲခြဲဆံုးျဖတ္ၿပီး အတည္ျပဳခဲ့သည္။

ယင္းအဆိုကို ဒီဇင္ဘာလ ၈ ရက္ေန႔ က က်င္းပသည့္ ဒုတိယအႀကိမ္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အ႒မပံုမွန္အစည္းအေဝး (စတုတၳေန႔) တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ေအာင္ က တင္သြင္းခဲ့ၿပီး ဒီဇင္ဘာလ ၁၁ ရက္ေန႔မွာေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ (၇) ဦးက ေထာက္ခံေဆြးေႏြးခဲ့သည္။

ထိုသို႔ေထာက္ခံေဆြးေႏြးခဲ့လည္း မႏၲေလးတိုင္းေဒသႀကီး နယ္စပ္ေရးရာႏွင့္ လံုျခံဳေရးဝန္ႀကီးက ရဲတပ္ဖြဲ႕အင္အားမလံုေလာက္ျခင္း ၊ အမႈမ်ားကို ေျဖရွင္းေနျခင္း စသည့္ အေၾကာင္းျပခ်က္မ်ားျဖင့္ အဆိုကို မွတ္တမ္းတင္ထားရန္ ေျပာၾကားခဲ့သည္ ။

“ကြ်န္ေတာ္တို႔ လံုျခံဳေရးနဲ႔ပတ္သတ္လို႔ ဘယ္အခ်ိန္ပဲ ေမးေမး အင္အားမလံုေလာက္တာ နဲ႔ အရင္တုန္းက ဖမ္းထားတဲ့စာရင္းေတြေျပာၿပီး ၿပီးၿပီးသြားတယ္ ။ တကယ္ဆို ကြ်န္ေတာ္တို႔က ထူးျခားတဲ့ လံုျခံဳေရးေဆာင္ရြက္မႈေလးကို လုပ္သြားမယ္လို႔ ေျပာမယ္ဆို အဆင္ေျပတယ္ ။” ဟု အဆိုကို ေထာက္ခံေဆြးေႏြးခဲ့သည့္ ခ်မ္းျမသာၿမိဳ႕နယ္ အမွတ္(၂) မဲဆႏၵနယ္ မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုး က ေျပာသည္။

အဆိုရွင္ ဦးတင္ေအာင္က လည္း “အမ်ားျပည္သူ လံုျခံဳေရးက အေရးႀကီးတယ္ ။ ဒုစ႐ိုက္မႈေတြခဏခဏ ၾကံဳေနရရင္ အမ်ားျပည္သူ လမ္းမထြက္ရဲျဖစ္တယ္ ။ အမ်ားျပည္သူအတြက္ လံုျခံဳစိတ္ခ်မႈ မေပးႏိုင္ဘူးဆို အဆင္မေျပႏိုင္ဘူး ” ဟု ေျပာသည္။

မႏၲေလးတိုင္းေဒသႀကီးအတြင္း အမ်ားျပည္သူလံုျခံဳစိတ္ခ်စြာ သြားလာႏိုင္ေရးႏွင့္ ခိုးမႈ ၊ လုယက္မႈ ႏွင့္ မုဒိမ္းမႈမ်ားေလ်ာ့နည္း ပေပ်ာက္ေစေရး မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕က အထူးအေလးေပး ေဆာင္ရြက္ရန္ တိုက္တြန္းေၾကာင္းအဆိုကိုမဲခြဲဆံုးျဖတ္ရာ ေထာပ္ခံမဲ ၄၇ မဲ ၊ ကန္႔ကြက္မဲ ၂၄ မဲ ျဖင့္အဆိုကို အတည္ျပဳခဲ့သည္ ။

ႏိုင္လင္းဦး

 

မန္တလေး။ ဒီဇင်ဘာ ၁၁။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ခိုးမှု ၊ လုယက်မှု နှင့် မုဒိမ်းမှုများလျော့နည်း ပပျောက်စေရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးအလေးပေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကို ဒီဇင်ဘာလ ၁၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့သည်။

ယင်းအဆိုကို ဒီဇင်ဘာလ ၈ ရက်နေ့ က ကျင်းပသည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် က တင်သွင်းခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာတော့ လွှတ်တော်ကိုယ်စားလှယ် (၇) ဦးက ထောက်ခံဆွေးနွေးခဲ့သည်။

ထိုသို့ထောက်ခံဆွေးနွေးခဲ့လည်း မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ရဲတပ်ဖွဲ့အင်အားမလုံလောက်ခြင်း ၊ အမှုများကို ဖြေရှင်းနေခြင်း စသည့် အကြောင်းပြချက်များဖြင့် အဆိုကို မှတ်တမ်းတင်ထားရန် ပြောကြားခဲ့သည် ။

“ကျွန်တော်တို့ လုံခြုံရေးနဲ့ပတ်သတ်လို့ ဘယ်အချိန်ပဲ မေးမေး အင်အားမလုံလောက်တာ နဲ့ အရင်တုန်းက ဖမ်းထားတဲ့စာရင်းတွေပြောပြီး ပြီးပြီးသွားတယ် ။ တကယ်ဆို ကျွန်တော်တို့က ထူးခြားတဲ့ လုံခြုံရေးဆောင်ရွက်မှုလေးကို လုပ်သွားမယ်လို့ ပြောမယ်ဆို အဆင်ပြေတယ် ။” ဟု အဆိုကို ထောက်ခံဆွေးနွေးခဲ့သည့် ချမ်းမြသာမြို့နယ် အမှတ်(၂) မဲဆန္ဒနယ် မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုး က ပြောသည်။

အဆိုရှင် ဦးတင်အောင်က လည်း “အများပြည်သူ လုံခြုံရေးက အရေးကြီးတယ် ။ ဒုစရိုက်မှုတွေခဏခဏ ကြုံနေရရင် အများပြည်သူ လမ်းမထွက်ရဲဖြစ်တယ် ။ အများပြည်သူအတွက် လုံခြုံစိတ်ချမှု မပေးနိုင်ဘူးဆို အဆင်မပြေနိုင်ဘူး ” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့် ခိုးမှု ၊ လုယက်မှု နှင့် မုဒိမ်းမှုများလျော့နည်း ပပျောက်စေရေး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးအလေးပေး ဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကိုမဲခွဲဆုံးဖြတ်ရာ ထောပ်ခံမဲ ၄၇ မဲ ၊ ကန့်ကွက်မဲ ၂၄ မဲ ဖြင့်အဆိုကို အတည်ပြုခဲ့သည် ။

နိုင်လင်းဦး

Leave a Reply