လႊတ္ေတာ္အေဆာက္အဦးအနီးဒရုန္းလႊတ္တင္ခဲ့သည့္ နိုင္ငံျခားသား ၂ ဦးကို (လ.၀.က) အက္ဥပေဒ ျဖင့္တရားစြဲဆိုထားမႈအား စတင္စစ္ေဆး

0
252

ေနျပည္ေတာ္။ဒီဇင္ဘာ ။၁၁။ ၂၀၁၇။

ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အဦအနီးဒရုန္းလႊတ္တင္ခဲ့သည့္ နိုင္ငံျခားသား ၂ ဦးကို (လ.၀.က) အက္ဥပေဒ ျဖင့္တရားစြဲဆိုထားမႈအား စတင္စစ္ေဆးခဲ့ေႀကာင္းသိရသည္။

အဆိုပါ ၂ ဦးကို ၁၉၄၇ ခုႏွစ္ (လ၀က)အက္ဥပေဒ ၁၃(၁) ျဖင့္ နို၀င္ဘာ ၂၇ ရက္ေန႔က တရားစြဲဆိုခံခဲ့ရျခင္းျဖစ္ျပီး ၎ တို႔ ၂ ဦးအပါအ၀င္ စကားျပန္တစ္ဦးႏွင့္ ယာဥ္ေမာင္းတစ္ဦးတို႔သည္ ေလေႀကာင္းအက္ဥပေဒ ပုဒ္မ (၁၀)ျဖင့္ ေထာင္ဒဏ္ ၂ လ စီက်ခံေနရျခင္းျဖစ္သည္။

“ ဒီကေန႔ က အမႈ ၂ မႈ အတြက္အရင္က တင္ထားတဲ့ ပို႔ကုန္သြင္းကုန္ ဥပေဒ ပုဒ္မ ၈ အတြက္ တမႈ၊ ေနာက္နိုင္ငံျခားသား ၂ ဦးကို စြဲထားတဲ့ လ၀က အက္ဥပေဒအတြက္ တစ္မႈ ၊ လ၀က အက္ဥပေဒ ကို အရင္စစ္တယ္ တရားလိုကို စစ္တယ္ သက္ေသတေယာက္ကို စစ္တယ္ “ ဟု တရားလႊတ္ေတာ္ဦးခင္ေမာင္ေဇာ္ မွ ေျပာသည္။

တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္မွ ဒီဇင္ဘာလ ၁၁ ရက္ေန႔ ေနျပည္ေတာ္ဇဗၺဴသီရိျမိဳ႔နယ္ တရားရံုး၌ အထက္ပါ တရားခံေလးဦးကို ရံုးထုတ္စစ္ေဆးမႈအျပီး သတင္းေထာက္မ်ားအားေျဖႀကားခဲ့ျခင္းျဖစ္သည္။

လ၀က အက္ဥပေဒ ၁၃ (၁) သည္ တရား၀င္ ၀င္ေရာက္ျပီးေနာက္ ဗီဇာ စည္းကမ္းခ်က္ကို ခ်ိဳးေဖာက္၍ ေနထိုင္လွ်င္ (သို႕မဟုတ္) ေနဖို႔ရာအားထုတ္လွ်င္ ဟု ပါရွိျပီး ေငြဒဏ္ ၁၅၀၀ (သို႕) အနည္းဆံုး ေထာင္ဒဏ္ ၆ လမွ ၅ ႏွစ္ အထိခ်မွတ္နိုင္ေႀကာင္္္း သိိိရွိရသည္။

ေလေႀကာင္းအက္ဥပေဒ ပုုုဒ္မ ၁၀ ျဖင့္ ျပစ္ဒဏ္က်ခံေနရသူ ၄ ဦး ၌ စကားျပန္တစ္ဦး နွင့္ ယာဥ္ေမာင္းတဦးမွာ သြင္းကုန္ပို႕ကုန္ ဥပေဒ ပုဒ္မ ၈ ကို တရားရင္ဆိုင္ေနရျခင္း ျဖစ္ျပီး နိုင္ငံျခား သတင္းေထာက္ ၂ ဦး မွာ သြင္းကုန္ပို႕ကုန္ဥပေဒ ပုဒ္မ ၈ အျပင္ လ၀က အက္ဥပေဒ ပုဒ္ ၁၃(၁) ကို တရားရင္ဆိုင္ေနရေႀကာင္းသိရွိရသည္။

ယဥ္ေကႏြယ္

 

နေပြည်တော်။ဒီဇင်ဘာ ။၁၁။ ၂၀၁၇။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦအနီးဒရုန်းလွှတ်တင်ခဲ့သည့် နိုင်ငံခြားသား ၂ ဦးကို (လ.၀.က) အက်ဥပဒေ ဖြင့်တရားစွဲဆိုထားမှုအား စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ၂ ဦးကို ၁၉၄၇ ခုနှစ် (လဝက)အက်ဥပဒေ ၁၃(၁) ဖြင့် နိုဝင်ဘာ ၂၇ ရက်နေ့က တရားစွဲဆိုခံခဲ့ရခြင်းဖြစ်ပြီး ၎င်း တို့ ၂ ဦးအပါအဝင် စကားပြန်တစ်ဦးနှင့် ယာဉ်မောင်းတစ်ဦးတို့သည် လေကြောင်းအက်ဥပဒေ ပုဒ်မ (၁၀)ဖြင့် ထောင်ဒဏ် ၂ လ စီကျခံနေရခြင်းဖြစ်သည်။

“ ဒီကနေ့ က အမှု ၂ မှု အတွက်အရင်က တင်ထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ အတွက် တမှု၊ နောက်နိုင်ငံခြားသား ၂ ဦးကို စွဲထားတဲ့ လဝက အက်ဥပဒေအတွက် တစ်မှု ၊ လဝက အက်ဥပဒေ ကို အရင်စစ်တယ် တရားလိုကို စစ်တယ် သက်သေတယောက်ကို စစ်တယ် “ ဟု တရားလွှတ်တော်ဦးခင်မောင်ဇော် မှ ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်မှ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ် တရားရုံး၌ အထက်ပါ တရားခံလေးဦးကို ရုံးထုတ်စစ်ဆေးမှုအပြီး သတင်းထောက်များအားဖြေကြားခဲ့ခြင်းဖြစ်သည်။

လဝက အက်ဥပဒေ ၁၃ (၁) သည် တရားဝင် ၀င်ရောက်ပြီးနောက် ဗီဇာ စည်းကမ်းချက်ကို ချိုးဖောက်၍ နေထိုင်လျှင် (သို့မဟုတ်) နေဖို့ရာအားထုတ်လျှင် ဟု ပါရှိပြီး ငွေဒဏ် ၁၅၀၀ (သို့) အနည်းဆုံး ထောင်ဒဏ် ၆ လမှ ၅ နှစ် အထိချမှတ်နိုင်ကြောင်း သိရှိရသည်။

လေကြောင်းအက်ဥပဒေ ပုဒ်မ ၁၀ ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၄ ဦး ၌ စကားပြန်တစ်ဦး နှင့် ယာဉ်မောင်းတဦးမှာ သွင်းကုန်ပို့ကုန် ဥပဒေ ပုဒ်မ ၈ ကို တရားရင်ဆိုင်နေရခြင်း ဖြစ်ပြီး နိုင်ငံခြား သတင်းထောက် ၂ ဦး မှာ သွင်းကုန်ပို့ကုန်ဥပဒေ ပုဒ်မ ၈ အပြင် လဝက အက်ဥပဒေ ပုဒ် ၁၃(၁) ကို တရားရင်ဆိုင်နေရကြောင်းသိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply