ယွန်းအနုပညာလက်ရာများဆင်ယင်ထုံးဖွဲ့ကာ ပုဂံတွင် ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

0
188

ရန်ကုန်။ ဧပြီ ၂၉။ ၂၀၁၈

ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲကို ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အာနန္ဒာဘုရားတွင် ယွန်းအနုပညာလက်ရာများဖြင့် ယနေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပုဂံခေတ်မှစတင်ကာ နှစ်စဉ်ကျင်းပလာခဲ့သည့် ကဆုန်ညောင်ရေသွန်းပွဲကို ယွန်းအနုပညာလက်ရာများမပျောက်ပျက်သွားစေရန်ရည်ရွယ်၍ ယွန်းခွက်၊ ယွန်းအိုး၊ ယွန်းအုပ်များ စသည့် ယွန်းထည်အနုပညာလက်ရာများ ဆင်ယင်ထုံးဖွဲ့ကာ အာနန္ဒနာဘုရားတောင်ဘက်မုခ်တွင်ရှိသည့် ဗောဓိညောင်ပင်ကို ညောင်ရေသွန်းလောင်းခဲ့ခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် ကဆုန်ညောင်ရေသွန်းပွဲကို Bagan House ယွန်းထည်လုပ်ငန်းမှ ကြီးမှူး၍သရုပ်ဆောင် စိုးမြတ်သူဇာအပါအဝင် ပုဂံ သားပျို၊ သမီးပျိုများမှ ယွန်းထည်လက်ရာများဆင်ယင်ထုံးဖွဲ့ကာ ယွန်းအိုးများကိုင်ဆောင်ပြီး ညနေလေးနာရီခန့်တွင် အာနန္ဒာဘုရား တွင်ညောင်ရေသွန်းလောင်းခဲ့ကြခြင်းဖြစ်သည်။

ကိုဥာဏ်

Leave a Reply