ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အထၳဳပၸတၱိဇာတ္လမ္းကို ၂ ႏွစ္အတြင္း အၿပီးရုိက္ကူးၿပီး ၂၀၂၀ ခုႏွွွစ္တြင္ရံုတင္ျပသမည္ဟုဆို

0
223

ေနျပည္ေတာ္။ဒီဇင္ဘာ ၁၁။ ၂၀၁၇။

ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၏ အထၳဳပၸတၱိဇာတ္လမ္း ကို ၂၀၁၈ ခုႏွစ္တြင္ စတင္ရုိက္ကူးႏုိင္ရန္ စီစဥ္ေဆာင္ရြက္ေနၿပီး ၂၀၂၀ ခုႏွစ္မွာရုံတင္ျပသသြားမည္ ျဖစ္ေၾကာင္း သာသနာေရးႏွင္႔ ယဥ္ေက်း၀န္ႀကီးဌာန အျမဲတမ္း အတြင္း၀န္ ဦးထြန္းအံုကေျပာသည္။

“ မူရင္းဇာတ္ညႊန္းထဲမွာလည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း သမိုင္းကို သိတဲ့သူေတြနဲ ပါ၀င္ျပီးေရးဆြဲထားတယ္။ ဆိုလိုတာကေတာ့ သမိုင္းအေထာက္အထားသိတဲ့သူေတြအကုန္ပါ၀င္ၾကမယ္ ။ဦးမင္းထင္ကိုကိုႀကီးကေတာ့ ဇာတ္ညႊန္းရးဆြဲတာကို ေဆာင္ရြက္မယ္ ။၂၀၂၀ ခုႏွစ္မွွာ ရံုတင္ႏုိင္ေအာင္ႀကိဳးစားမယ္ ။၂ ႏွစ္ အခ်ိန္ယူထားတယ္ ။၂၀၁၈ မွာ ဇာတ္ညႊန္းေတြကို ျပန္ျပင္မယ္ ၂၀၂၀ ခုနွစ္မွာ ရုပ္ရွင္ရံုတင္ႏိုင္ေရး ႀကိဳးစားမယ္ “ ဟု ဦးထြန္းအံု ကေျပာသည္။

ရုပ္ရွင္ရိုက္ကူးႏိုင္ရန္အတြက္ သမိုင္းအေထာက္အထားမ်ား ၊ ပစၥည္းမ်ား ကို သက္ဆိုင္ရာ ၀န္ႀကီးဌာနမ်ား ၊ သမိုင္းသုေတသန အဖြဲ႔မ်ားျဖင့္ အခ်က္အလက္မ်ား မွားယြင္းမႈ မရွိေအာင္ ေဆြးေႏြးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သာသာနာေရး ႏွင့္ ယဥ္ေက်းမႈ ၀န္ႀကီးဌာနမွ သိရွိရသည္။

“၂၀၂၀ ႏွစ္ဆန္းပိုင္းမွာ ရံုတင္သြားဖို႔ေဆာင္ရြက္သြားမယ္လို႕သူက (ဦးမင္းထင္ကုိကုိႀကီး )ေျဖၾကားထားပါတယ္ ။ဘတ္ဂ်က္အေနနဲ႕ ကေတာ့ သိန္း ၈၃၀၀ စီစဥ္ထားပါတယ္။ ဒီအေမာက္နဲ႕ပဲဆက္ရုိက္မလား ဒါမွမဟုတ္ လွဴတဲ့သူရွိလို႕ရွိရင္ထပ္ၿပီးေတာ့ဇာတ္ညႊန္းကို ခ်ဲ႕ ရိုက္မလား ဆိုတာ မသိေသးပါဘူး”ဟု အႏုပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးျမတ္သူ က ေျပာသည္။

ဗုိလ္ခ်ဳပ္ ႐ုပ္႐ွင္ ျဖစ္ေျမာက္ေရး လုပ္ငန္းေကာ္မတီကို ယခုႏွစ္ ႏိုဝင္ဘာလ ၂၄ရက္ေန႔တြင္ ျပည္ေထာင္စု အစိုးရမွ အဖြဲ ့ဝင္ ၁၇ဦးျဖင့္ အသစ္ျပန္လည္ ဖြဲ႔စည္းခဲ့သည္။

ယဥ္ေကႏြယ္

 

နေပြည်တော်။ဒီဇင်ဘာ ၁၁။ ၂၀၁၇။

ဗိုလ်ချုပ်အောင်ဆန်း ၏ အထ္ထုပ္ပတ္တိဇာတ်လမ်း ကို ၂၀၁၈ ခုနှစ်တွင် စတင်ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီး ၂၀၂၀ ခုနှစ်မှာရုံတင်ပြသသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးထွန်းအုံကပြောသည်။

“ မူရင်းဇာတ်ညွှန်းထဲမှာလည်း ဗိုလ်ချုပ်အောင်ဆန်း သမိုင်းကို သိတဲ့သူတွေနဲ ပါ၀င်ပြီးရေးဆွဲထားတယ်။ ဆိုလိုတာကတော့ သမိုင်းအထောက်အထားသိတဲ့သူတွေအကုန်ပါ၀င်ကြမယ် ။ဦးမင်းထင်ကိုကိုကြီးကတော့ ဇာတ်ညွှန်းရးဆွဲတာကို ဆောင်ရွက်မယ် ။၂၀၂၀ ခုနှစ်မှာ ရုံတင်နိုင်အောင်ကြိုးစားမယ် ။၂ နှစ် အချိန်ယူထားတယ် ။၂၀၁၈ မှာ ဇာတ်ညွှန်းတွေကို ပြန်ပြင်မယ် ၂၀၂၀ ခုနှစ်မှာ ရုပ်ရှင်ရုံတင်နိုင်ရေး ကြိုးစားမယ် “ ဟု ဦးထွန်းအုံ ကပြောသည်။

ရုပ်ရှင်ရိုက်ကူးနိုင်ရန်အတွက် သမိုင်းအထောက်အထားများ ၊ ပစ္စည်းများ ကို သက်ဆိုင်ရာ ၀န်ကြီးဌာနများ ၊ သမိုင်းသုတေသန အဖွဲ့များဖြင့် အချက်အလက်များ မှားယွင်းမှု မရှိအောင် ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသာနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ သိရှိရသည်။

“၂၀၂၀ နှစ်ဆန်းပိုင်းမှာ ရုံတင်သွားဖို့ဆောင်ရွက်သွားမယ်လို့သူက (ဦးမင်းထင်ကိုကိုကြီး )ဖြေကြားထားပါတယ် ။ဘတ်ဂျက်အနေနဲ့ ကတော့ သိန်း ၈၃၀၀ စီစဉ်ထားပါတယ်။ ဒီအမောက်နဲ့ပဲဆက်ရိုက်မလား ဒါမှမဟုတ် လှူတဲ့သူရှိလို့ရှိရင်ထပ်ပြီးတော့ဇာတ်ညွှန်းကို ချဲ့ ရိုက်မလား ဆိုတာ မသိသေးပါဘူး”ဟု အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သူ က ပြောသည်။

ဗိုလ်ချုပ် ရုပ်ရှင် ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီကို ယခုနှစ် နိုဝင်ဘာလ ၂၄ရက်နေ့တွင် ပြည်ထောင်စု အစိုးရမှ အဖွဲ့ဝင် ၁၇ဦးဖြင့် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည်။

ယဉ်ကေနွယ်

Leave a Reply