အိမ်​ရာလိုအပ်​ချက်​​ကြောင့်​ကျပ်သိန်း ၅၀၀ အောက် တိုက်ခန်းများများစွာ အကောင်အထည်ဖော်နိုင်ရန်လိုအပ်

0
124

ရန်ကုန် ၊ ဧပြီ ၃၀ ၊၂၀၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ်အိမ်ရာ လိုအပ်ချက် သိန်းနှင့်ချီ ရှိ​နေပြီးယင်းလိုအပ်ချက် အတွက် ကျပ်သိန်း ၅၀၀ အောက် တိုက်ခန်းများ များစွာအကောင်အထည်ဖော် ပေးနိုင်ရန်လိုအပ်​နေ​သေးကြောင်း iMyanmar House.com ၏ မန်နေဂျင်း ဒါရိုက်တာ ဦးနေမင်းသူ က ပြောသည်။

ယင်းလိုအပ်​ချက်​များကို ​တိုင်းအစိုးရမှဦး​ဆောင်​ပြီးတန်ဖိုးနည်း ၊တန်​ဖိုးလတ်​ အိမ်​ရာစီမံကိန်း​များ များစွာ​ပေါ်​ပေါက်​လာ​အောင်​ စီမံ​ဆောင်​ရွက်​နိုင်​မည်​ဆိုပါက ဖြေရှင်းနိုင်​မည်​ဖြစ်​ကြောင်း သိရသည်​။

“နိုင်ငံခြားရင်းနှီးမြုပ်နှံမှုပမာဏက ဒီအစိုးရသစ်​တက်​လာပြီးတဲ့​နောက်​ပိုင်းမှာ အလုံးအရင်းနဲ့ တက်​လာမယ်​လို့မှန်းထားခဲ့တယ်​။ ဒါ​ပေမယ့်​ထင်​သ​လောက်​ဖြစ်​မလာ​တာေ​တွ့ရတယ်​။ ရန်​ကုန်​ရဲ့အိမ်​ရာလိုအပ်​ချက်​က​တော့တစ်​နှစ်ထက်တစ်​နှစ်အများပြားတိုးပွား​နေတယ်။သိန်းဂဏန်း
လောက်​ရှိမယ်​လို့ခန့့်မှန်းထားပါတယ်​။ဒီဟာကို ဆောက်လုပ်ရေး လုပ်ငန်း ရှင်တွေကလည်း အဓိကလိုအပ်နေတဲ့ သိန်း ၅၀၀ အောက် တိုက်ခန်းတွေ ဖြစ်လို့ အဲမျိုးတွေ များများ အကောင်အထည်ဖော်ပေးနိုင်မယ် ဆိုရင် ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ် ။”ဟု ၎င်းက​ပြောသည်​။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်​အ​နေနှင့် လက်​ရှိတွင်​ ယင်းကိစ္စ ကိုဦးစား​ပေးစီမံကိန်းအ​နေဖြင့်​အ​ကောင်ထည်​​ဖော်​​ဆောင်ရွက်​​နေ​သော
ကြောင့်​ ၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ်​အတွင်း၌ နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုပမာဏ အလုံးအရင်းဖြင့်​ ဝင်​​ရောက်​လာမည်​ဟု ​မျှော်​မှန်းထား​ကြောင်း
ဦး​နေမင်းသူက​ပြောသည်​။

ယင်းကဲ့သို့ အိမ်​ခြံ​မြေကဏ္ဍတွင်​နိုင်​ငံခြားရင်းနှီးမြှုပ်​နှံမှုများ ဝင်​​ရောက်​လာမည်​ဆိုပါက အများပြည်​သူများအတွက်​ အလုပ်​အကိုင်​အခွင့်​အလမ်း များ​ကောင်းမွန်​​​လာမည်​ဖြစ်​ပြီး ကွန်​ဒိုမီနီယံ ဥပ​ဒေမှာလည်း အတည်​ပြု ပြီးဖြစ်​​သော​ကြောင့်​နိုင်ငံခြားသားများဝယ်ယူ​နေထိုင်ခွင့်​ရှိသဖြင့်​ယခုနှစ် ​နှောင်းပိုင်းမှစတင်​၍ ​ဈေးကွက်​ပိုမို​ကောင်းမွန်​လာနိုင်​မည်​ဖြစ်​​ကြောင်း သိရသည်​။

ပြီးခဲ့သည့်ကာလအတွင်းကအခွန်နှုန်းထားလျှော့ချမည်ဟူ​သော​ကြောင့်​ ​ဈေးကွက်​လှုပ်​ခပ်​ခဲ့​သော်​လည်း လွှတ်တော်မှ အတည်မပြုသေးသဖြင့် ပြန်လည်ငြိမ်သက်သွားသောအနေအထားရှိကာ အငှါး​ဈေးကွက်မှာ ဝါမတိုင်ခင်ထိ ပုံမှန်အတိုင်း ရှိနေပြီး ဝါတွင်းကာလမှသာ အနည်းငယ် အေးသွား တတ်​​ကြောင်းသိရသည်။

လက်ရှိအိမ်ခြံမြေဈေးကွက်တွင်​ ပုံမှန်ဝင်ငွေရှိ၍ ကုမ္ပဏီလစာရှိသူများမှာ သိန်း ၁၀၀၀ အောက်တိုက်ခန်းများကို လူကြိုက်​များ၍ ဝယ်ယူအားပေးမှုများ ရှိပြီးကျပ် သိန်း ၁၀၀ ကျော် မှ ကျပ် သိန်း ၃၀၀ ရှိ တန်ဖိုးနည်း တိုက်ခန်းများ မှာလည်း ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။

ဝေ​ဝေဖြိုး

Leave a Reply