မြန်​မာနိုင်​ငံရေ​ဆေးပန်းချီအသင်း၏ (၁၅) ကြိမ်မြောက် ပန်းချီပြပွဲကျင်းပ

0
194

မန္တလေး၊ ဧပြီ ၃၀၊ ၂၀၁၈

မြန်​မာနိုင်​ငံ ​ရေ​ဆေးပန်းချီ အသင်း၏ (၁၅) ကြိမ်မြောက် ပန်းချီပြပွဲကို ဧပြီလ ၃၀ ရက်နေ့က အများပြည်သူ သွားလာနေသည့် ကျုံးတောင် ဘက်၂၆ လမ်း ၆၆ လမ်းထောင့်တွင် ကျင်းပခဲ့သည်။

ယင်းပန်းချီပြပွဲတွင် ပန်းချီဆရာ ၅၀ ကျော်၏ ​ရေ​ဆေးပန်းချီကားပေါင်း ၁၀၀ ခန့်​ ချိတ်​ဆွဲ ပြခဲ့ပြီး ပန်းချီကား​ဈေးနှုန်​များမှာ ​တစ်​ကားလျှင်​ ၅၀၀၀၀ ကျပ်​မှ ၈၀၀၀၀ ကျပ်​ အထိ ​ရောင်းချသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

ထိုသို့ကျုံးဘေးတွင် ပန်းချီပြပွဲပြုလုပ်ရခြင်းသည် ပန်းချီအနုပညာအား အများပြည်သူစိတ်ဝင်စားစေရန်အတွက်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကလည်း ခွင့်ပြုပေးသည့် အတွက် ဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply