ဓာတ္ဆီဆုိင္ကို ဝင္ေရာက္စီးနင္းလုယက္ခဲ့သည့္ မ်က္ႏွာဖံုးစြပ္လူမ်ား ဖမ္းဆီးရမိ

0
181

မႏၲေလး။ ဒီဇင္ဘာ ၁၁။ ၂၀၁၇။

မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခရိုင္ စဥ့္ကူးၿမိဳ႕နယ္တြင္ ဒီဇင္ဘာလ ၉ ရက္ေန႔ နံနက္ ၃ နာရီေက်ာ္ခန္႔အခ်ိန္က ျဖစ္ပြားခဲ့ေသာ ဓာတ္ဆီဆုိင္ကို ဝင္ေရာက္စီးနင္းလုယက္ခဲ့သည့္ မ်က္ႏွာဖံုးစြပ္လူမ်ားကို ဒီဇင္ဘာလ ၁၀ ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း မႏၲေလးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴးရံုး က သိရသည္ ။

ယင္းမ်က္ႏွာဖံုးစြပ္ထားေသာ လူသံုးဦးသည္ စိန္ျမန္မာဓာတ္ဆီဆိုင္ကို ဝင္ေရာက္ စီးနင္းၿပီး ဆိုင္ရွိဝန္ထမ္းမ်ားကို ဓားေထာက္ကာ ေငြေၾကးႏွင့္ ပစၥည္းမ်ား လုယက္သြားျခင္းျဖစ္သည္ ။

တရားခံမ်ားကို ဖမ္းဆီးရမိရန္ စံုစမ္းရာ က်ည္ေတာက္ေပါက္ေက်းရြာအတြင္း ႐ွိ လူမေနသည့္ ေနအိမ္တြင္ ထြန္းလင္းေအာင္ (၂၇) ႏွစ္ႏွင့္ ေက်ာ္ဆန္းဝင္း (၁၈) ႏွစ္တို႔ကို ဓာတ္ဆီဆိုင္မွ လုယူလာေသာ ဖုန္းမ်ားႏွင့္အတူေတြ႕ရၿပီး စစ္ေဆးေမးျမန္းရာတြင္လည္း ၎တို႔က ဟုတ္မွန္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည္ ။

“ဖမ္းမိတဲ့လူႏွစ္ေယာက္ ကို ဆက္ၿပီးစစ္ေမးေတာ့ သူတို႔နဲ႔အတူ လုယက္မႈမွာပါဝင္တဲ့ လူမုန္း (ခ) သန္းထိုက္ က မိုးကုတ္ကို ထြက္ေျပးတိမ္းေရွာင္ေနတယ္လို႔ သိရလို႔ မိုးကုတ္က ရဲတပ္ဖြဲ႕နဲ႔ခ်ိတ္ၿပီး တရားခံကို ဖမ္းဆီးခဲ့တယ္ ။” ဟု လက္ပန္လွ နယ္ေျမခံရဲစခန္း မွ တာဝန္ရွိသူ တစ္ဦး က ေျပာသည္ ။

ထိုသို႔ဝင္ေရာက္လုယက္သည့္အတြက္ ေငြက်ပ္ ၉ သိန္းေက်ာ္ အပါအဝင္ ပုဆိုး (၈) ကြင္း ႏွင့္ ဆိုင္ဝန္ထမ္းမ်ား၏ လက္ကိုင္ဖုန္း (၃) လံုးပါသြားေၾကာင္း သိရသည္ ။

ယင္းအမႈႏွင့္ပတ္သတ္၍ လက္ပန္လွနယ္ေျမခံရဲစခန္းက (ပ)၂၇၁/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၉၂ ျဖင့္ အမႈဖြင့္ထားၿပီး က်ဴးလြန္သူမ်ားကို တစ္ရက္အၾကာတြင္ ဖမ္းမိႏိုင္ခဲ့ျခင္း ျဖစ္သည္။

ႏိုင္လင္းဦး

 

မန္တလေး။ ဒီဇင်ဘာ ၁၁။ ၂၀၁၇။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်အချိန်က ဖြစ်ပွားခဲ့သော ဓာတ်ဆီဆိုင်ကို ဝင်ရောက်စီးနင်းလုယက်ခဲ့သည့် မျက်နှာဖုံးစွပ်လူများကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ယင်းမျက်နှာဖုံးစွပ်ထားသော လူသုံးဦးသည် စိန်မြန်မာဓာတ်ဆီဆိုင်ကို ဝင်ရောက် စီးနင်းပြီး ဆိုင်ရှိဝန်ထမ်းများကို ဓားထောက်ကာ ငွေကြေးနှင့် ပစ္စည်းများ လုယက်သွားခြင်းဖြစ်သည် ။

တရားခံများကို ဖမ်းဆီးရမိရန် စုံစမ်းရာ ကျည်တောက်ပေါက်ကျေးရွာအတွင်း ရှိ လူမနေသည့် နေအိမ်တွင် ထွန်းလင်းအောင် (၂၇) နှစ်နှင့် ကျော်ဆန်းဝင်း (၁၈) နှစ်တို့ကို ဓာတ်ဆီဆိုင်မှ လုယူလာသော ဖုန်းများနှင့်အတူတွေ့ရပြီး စစ်ဆေးမေးမြန်းရာတွင်လည်း ၎င်းတို့က ဟုတ်မှန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည် ။

“ဖမ်းမိတဲ့လူနှစ်ယောက် ကို ဆက်ပြီးစစ်မေးတော့ သူတို့နဲ့အတူ လုယက်မှုမှာပါဝင်တဲ့ လူမုန်း (ခ) သန်းထိုက် က မိုးကုတ်ကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရလို့ မိုးကုတ်က ရဲတပ်ဖွဲ့နဲ့ချိတ်ပြီး တရားခံကို ဖမ်းဆီးခဲ့တယ် ။” ဟု လက်ပန်လှ နယ်မြေခံရဲစခန်း မှ တာဝန်ရှိသူ တစ်ဦး က ပြောသည် ။

ထိုသို့ဝင်ရောက်လုယက်သည့်အတွက် ငွေကျပ် ၉ သိန်းကျော် အပါအဝင် ပုဆိုး (၈) ကွင်း နှင့် ဆိုင်ဝန်ထမ်းများ၏ လက်ကိုင်ဖုန်း (၃) လုံးပါသွားကြောင်း သိရသည် ။

ယင်းအမှုနှင့်ပတ်သတ်၍ လက်ပန်လှနယ်မြေခံရဲစခန်းက (ပ)၂၇၁/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူများကို တစ်ရက်အကြာတွင် ဖမ်းမိနိုင်ခဲ့ခြင်း ဖြစ်သည်။

နိုင်လင်းဦး

 

Leave a Reply