တရုတ်​နိုင်ငံဘဏ်များတွင်အပိတ်ခံရသည့်​​မြန်မာကုန်သည်​ ​​ငွေစာရင်းအ​ကောင့်များ ပြန်ဖွင့်ပေး

0
183

ရန်​ကုန်​၊ ​မေ ၃ ၊ ၂၀၁၈

တရုတ်​နိုင်​ငံ ၊ယူနန်​ပြည်​နယ်​ရှိ ဘဏ်​များ၌​ငွေစာရင်းဖွင့်​လှစ်​ထားသည့်​ မြန်​မာကုန်​သည်​အချို့၏ ​ငွေစာရင်းအ​ကောင့်​ ၂၁၇ခု ကိုမတ်​လ ၂၃ရက်​က တရုတ်​အစိုးရမှ ပိတ်​သိမ်းခဲ့ရာ အ​ကောင့်​ ၁၅၀ ခန့်​ကိုပြန်လည်ဖွင့်​​ပေး ခဲ့​ကြောင်း မူဆယ်​ကုန်​စည်​ဒိုင်​မှ ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက​ပြောသည်​။

“မတ်​လ ၂၃ရက်​က အ​ကောင့်​ ၂၁၇ခုကို ပိတ်​လိုက်​ပါတယ်​။ မတ်​လ ၃၀ရက်​နဲ့ ၃၁ရက်​က တရုတ်​ရဲက ကျွန်​​တော်​တို့ကို ​ခေါ်​တွေ့တယ်​။ လိုအပ်​တာ​တွေစစ်​တယ်​။ လိုအပ်​တဲ့စာရွက်​စာတမ်း​တွေ​တောင်းတယ်​။ ၂၁၇ ခုမှာ ၁၅၀​လောက်ကိုသင်္ကြန်မတိုင်ခင်ကပြန်ဖွင့်​​ပေးလိုက်တယ်။၇၀​ကျော်​​လောက်​ ကျန်​​သေးတယ်​ အခုထိမဖွင့်​​သေးဘူး။”ဟု ​၎င်းက​ပြောသည်​။

ယင်းသို့ပိတ်​သိမ်းခဲ့သည့်​ အ​ကောင့်​ ၂၁၇ခုအနက်​ ၁၅၀ ခန့်​​ကို သင်္ကြန်မတိုင်​ခင်​က ပြန်​လည်​ဖွင့်​​ပေးခဲ့ပြီး ကျန်​ရှိ​နေသည့်​ အ​ကောင့်​ ၇၀ ​ကျော်​ကို ယခုလ ၂ ရက်​က ပြန်​လည်​စစ်​​ဆေးမှုများပြုလုပ်​​လျှက်​ရှိကာ စစ်​​ဆေးပြီး အပြစ်​မရှိပါက ရက်​ပိုင်း​အတွင်း ပြန်​လည်​ဖွင့်​​ပေးမည်​ဟု​ပြောဆို​ကြောင်း ၎င်းက​ပြောသည်​။

ပြန်​လည်​ဖွင့်​​ပေးခဲ့သည့်​အ​ကောင့်​ ၁၅၀ခန့်​မှာ သကြားကုန်​သည်​ ၊ ဆန်​ကုန်​သည်​ ၊ပဲ၊နှမ်းကုန်​သည်​၊ အသီးအနှံကုန်​သည်​ ၊ ​ရေထွက်​ပစ္စည်း​ရောင်းသည့်​ ကုန်​သည်​ စသည့်​ကုန်​သည်​များပါဝင်​ပြီး ပြန်​ဖွင့်​ရန်​ကျန်​ရှိ သည့်​ အ​ကောင့်​ ၇၀ ​ကျော်​မှာ ​ငွေလဲသူများဖြစ်​​ကြောင်း သိရသည်​။

“ငွေလဲတဲ့သူ​တွေကို ​ငွေဖြူ ​​လျှော်​တယ်​ဆိုပြီး ခဏပိတ်​ထားတာပါ။ကျန်​တဲ့ ၇၀ ​ကျော်​ကိုလဲ ဘာမှအပြစ်​မရှိဘူးဆိုရင်​ ရက်​ပိုင်းအတွင်း ပြန်​ဖွင့်​​ပေးမယ်​လို့​ပြောတယ်​။ အခု ၇၀ ​ကျော်​က ​ငွေလဲတဲ့သူ​တွေများတယ်​။”ဟု ဦးမင်းသိန်း က​ပြောသည်​။

ထိုသို့အပိတ်​ခံရသည့်​ ​ငွေစာရင်းများမှာ သကြားကုန်​သည်​များက အဓိကအများဆုံပါဝင်​ပြီး ဆန်​ကုန်​သည်​များနှင့်​ အခြားကုန်​သည်​များ
လည်းပါဝင်​​ကြောင်း​သိရသည်​။

မြန်​မာကုန်​သည်​များ၏ ​ငွေစာရင်းပိတ်​ခံရမှုသည်​ လက်​ရှိအစိုးရ လက်ထက်​ ၂နှစ်​တာကာလအတွင်း ၂ကြိမ်​ရှိပြီဖြစ်​ပြီး ၂၀၁၇ခုနှစ်​ ဇွန်​လက ​မြန်​မာကုန်​သည်​များ၏ ​ငွေစာရင်းအ​ကောင့်​ ၁၃၂ ခုကို ပိတ်​ခဲ့ကာ ယခုဒုတိယအကြိမ်​သည်​ အ​ရေအတွက်​ပိုများ​ကြောင်း​သိရသည်​​။

ဝေ​ဝေဖြိုး

Leave a Reply