တရားမဝင် သစ်မှောင်ခိုတင်လာသည့်ကား တိမ်းမှောက်

0
194

မန္တလေး၊ မေ ၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်ငွေတောင်ကျေးရွာအနီးတွင် မေလ ၃ ရက်နေ့ နံနက်အစောပိုင်းက တရားမဝင်မှောင်ခို သစ်များသယ်ဆောင် လာသည့် ခြောက်ဘီးကားတစ်စီးတိမ်းမှောက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

တိမ်းမှောက်သွားခဲ့သည် ယာဉ်ပေါ်တွင်အရှည် ၉ ပေ၊ ၁၀ ပေ၊ ၁၂ ပေ အသီးသီးရှိပြီး လုံးပတ်အနေဖြင့် ၉ လက်မ၊ ၁၀ လက်မ၊ ၁၂ လက်မရှိသည့် တမလန်းသစ် နှင့်ပိတောက်သား (ဓားရွေတုံး)များ ကို စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အတုံး (၃၀) ခန့်ရှိကြောင်း သိရသည်။

“ယာဉ်တိမ်းမှောက် သတင်းရလို့ သွားကြည့်တော့ တရားမဝင် သစ်တွေ တွေ့တယ် ။ ယာဉ်မောင်းတွေတော့ မတွေ့ဘူး ။ ဖမ်းဆီးရမိတဲ့ သစ်တွေကို သက်ဆိုင်ရာ သစ်တောကလူတွေဆီ အပ်လိုက်တယ်”ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်ဆင်မခြင်မောင်းနှင်မှု ဖြင့် လက်ပန်လှ နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့်ထားပြီး တရားမဝင်သစ်များ သယ်ဆောင်လာသည့် အတွက် သစ်တော်ဥပဒေဖြင့်လည်း အရေးယူရန်အသွားမည်ဖြစ်ကာ တရားခံများကို စုံစမ်းလျက်ရှိကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply