မိုရာတာကို ယူရိုသန်း ၆၀နဲ့ ခေါ်ယူမယ့် ဂျူဗင်တပ်

0
174

မေ ၄ ၊ ၂၀၁၈

ယမန်နှစ်က ရီးရဲမက်ဒရစ်ကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာပြီး ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ စပိန်တိုက်စစ်မှူး မိုရာတာကို အီတလီစီးရီး အေကလပ် ဂျူဗင်တပ်က ပြန်လည်ခေါ်ယူဖို့ သတင်းတွေ ထွက်နေပါတယ်။

မိုရာတာဟာ ၂၀၁၄ ကနေ ၂၀၁၆ အတွင်း အီတလီကလပ် ဂျူဗင်တပ်မှာ ခြေစွမ်းပြကစားခဲ့သူဖြစ်ပြီး နောက်ဆုံးမှာတော့ ရီးရဲမက်ဒရစ်အသင်းကို ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်နဲ့အတူ ခြေစွမ်းပြနိုင်ခြင်း မရှိတဲ့အတွက် ယမန်နှစ်ဘောလုံးရာသီမှာ အင်္ဂလန်ကလပ် ချယ်လ်ဆီး အသင်းဆီကို ရောင်းချခြင်း ခံခဲ့ရပါတယ်။

သူဟာ စတမ်းဖို့ဘရိုက်ကွင်းမှာ ပထမဘောလုံးရာသီတစ်ခုကို ဖြတ်သန် ခဲ့ပြီး ဖြစ်ပေမယ့် အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေကို ရင်ဆိုင်နေခဲ့ရပါ တယ်။ဂျူဗင်တပ်အသင်းဟာ မိုရာတာအတွက် ကနဦးအဖြစ် ယူရို ၁၅သန်း နဲ့ အငှားစာချုပ်ဖြင့် အရင်ဆုံးခေါ်ယူဖို့ ပြင်ဆင်နေပြီး နောက်ပိုင်းမှာတော့ ယူရို ၄၅ သန်းထပ်ပေးပြီး အပြီးသတ်ခေါ်ယူနိုင်ဖို့ စီစဉ်နေပါတယ်။

NN

Leave a Reply