နွေရာသီမှာ ချယ်လ်ဆီးကိုဟာဇက်စွန့်ခွာမယ်လို့ ပေါလ်မာဆင် ဟောကိန်းထုတ်

0
131

မေ ၅ ၊ ၂၀၁၈

ဘောလုံးပွဲရလဒ်များကို ခန့်မှန်းနေသော ပေါလ်မာဆင်က ချယ်လ်ဆီးကစားသမား ဟာဇက်ဟာ ယခုနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ချယ်လ်ဆီးမှာ ၂၀၁၂ ကတည်းက စတင်ကစားခဲ့တဲ့ဟာဇက်ဟာ ၆နှစ်အတွင်းမှာအမှတ်ပေးဖလား ၂ကြိမ် ရရှိထားပြီး အသင်းအတွက် အားထားရတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်နေပါပြီ။ သူဟာ ချယ်လ်ဆီးနဲ့အတူ ပွဲပေါင်း ၃၀၀ကျော် ကစားထားသလို တိုက်စစ်ကို လိုက်ပါကစားလေ့ရှိတဲ့ သူ့ရဲ့ဟန်ကြောင့် စပိန်ကလပ် ရီးရဲမက်ဒရစ် ကအလိုရှိနေသူ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ် နည်းပြဇီဒန်းအနေနဲ့ လာမယ့်နွေရာသီမှာ ဟာဇက်ကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဟာဇက်အနေနဲ့လည်း ချယ်လ်ဆီးကထွက်ဖို့ ဆုံးဖြတ်ချက်တွေချထားသလို ယခုနှစ်နွေရာသီမှာ အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။

“သူစတမ်းဖို့ဘရိုက်မှာ ဆက်ရှိနိုင်မလားဆိုတာတော့ ကျွန်တော် မသိဘူး”လို့ ပေါလ်မာဆင်က ဆိုပါတယ်။

NN

Leave a Reply