ပဉ္စမလှိုင်းမီဒီယာရဲ့ တစ်ပတ်အတွင်းသတင်းကောက်နုတ်ချက်များ

0
125

ရန်ကုန် ၊ မေ ၆၊ ၂၀၁၈

ပဉ္စမလှိုင်းမီဒီယာရဲ့တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

အရင်ဆုံးတင်ပြမယ့်သတင်းကတော့ တရားစီရင်ရေးကဏ္ဍမှာ လုပ်ပိုင်ခွင့်ကျော်လွန်အသုံးပြုတဲ့ တရားရေးဝန်ထမ်း ၁၆၀ကို ဝန်ထမ်းစည်းမျဉ်းဥပဒေတွေနဲ့ အရေးယူခဲ့တယ်လို့ ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံး အပြည်ပြည်ဆိုင်ရာ သုတေသနနှင့် ဆက်ဆံရေးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဇော်ဇော်ထွန်းကဆိုပါတယ်။ဒါဟာပြီးခဲ့သည့် တစ်နှစ် အတွင်းတရားစီရင်ရေးကဏ္ဍက အခြေအနေဆိုရွားစွာ ပြုမူခဲ့တဲ့ဝန်ထမ်းတွေကို အရေးယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မဏ္ဍိုင်လေးရပ် ဟန်ချက်ညီဖို့အရေးကြီးပါတယ်။ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ဟန်ချက်ညီဖို့လိုပါတယ်။ မဏ္ဍိုင်တွေ ဟန်ချက်မညီဘဲ ပေါင်းစား ပင်းစားရင်တော့ တိုင်းပြည်ဟာခဏလေးနဲ့ ပျက်စီးသွားမှာဖြစ်ပါတယ်။ အုပ်ချုပ်သူ ဘယ်လောက်ကောင်းကောင်း ဥပဒေပြုသူ ဘယ်လောက်ကောင်းကောင်း တရားစီရင်ရေးမှာ မလှုပ်သာ မကိုင်သာဖြစ်နေရင် တရားဥပဒေစိုးမိုးရေးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။အလားတူပဲ မီဒီယာတွေအနေနဲ့လည်း အုပ်ချုပ်သူ မကောင်းရင် မကောင်းသလိုရေးရဲဖို့ ဝေဖန်ရဲဖို့လိုသလို ဥပဒေပြုသူတွေ အလုပ်မလုပ်ရင်လည်း ဝေဖန်ထောက်ပြဖို့တာဝန်ရှိပါတယ်။ တရားရေးဝန်ထမ်းတွေ လုပ်ပိုင်ခွင့်ကျော်လွန်တာကို အရေးယူဆောင်ရွက်လာတဲ့အပေါ် ကြိုဆိုပါတယ်။ အလားတူပဲ အုပ်ချုပ်ရေး ကဏ္ဍကလူတွေ လုပ်ပိုင်ခွင့်ကျော်လွန်တာတွေကို အရေးယူဆောင်ရွက်ဖို့တွေ လွှတ်တော်တက်ပြီး ဥပဒေမပြုတဲ့အမတ်တွေ ပြည်သူအပေါ်တာဝန်မကျေတဲ့အမတ်တွေကိုလည်း သက်ဆိုင်ရာ စည်းကမ်းဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်သင့်ပါပြီ။ မီဒီယာတွေအနေနဲ့လည်း ချစ်သူကိုသာစေ မုန်းသူကိုနာစေ ဆိုတဲ့ အစွဲတွေပယ်ဖျောက်ပြီး အမှန်တရားနဲ့ ပြည်သူ့မျက်နှာကို ထောက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးနေပါပြီ။ ဒါမှသာ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရနဲ့ နိုင်ငံတော်တစ်ခု ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဒုတိယတစ်ပုဒ်အနေနဲ့တင်ပြချင်တာကတော့ ရခိုင်ပြည်နယ်မှာ တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ်တစ်ဦးကို တာဝန်ကနေ အနားပေးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားစဉ်က အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်ကအနားပေးလိုက်တာ ဖြစ်ပါတယ်။၂၀၁၇ ဩဂုတ်က စတင်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး တစ်လကျော်အကြာ အောက်တိုဘာမှာ ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော် အမှတ် (၁) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူးအဖြစ် ပြောင်းလဲတာဝန် ပေးခဲ့ပါတယ်။ သည့်နောက် ခြောက်လကျော်အကြာမှာတာဝန်မှ အနားပေးခဲ့တာဖြစ်ပါတယ်။ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်မှ အနားပေးခြင်းဟာ မောင်တောအကြမ်းဖက်မှုဖြစ်ပွားစဉ်က တာဝန်ယူဆောင်ရွက်မှုများနဲ့ပတ်သက်နေတယ်လို့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုထားပါတယ်။ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲကင်းစခန်းနဲ့ ရဲစခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုတဲ့ ရခိုင်ဒေသအတွင်း ဖြစ်ပွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်ပြီးစည်းကမ်းနဲ့မညီညွတ်တဲ့ တိုင်းမှူးတစ်ဦး၊ တပ်မတော် အရာရှိလေးဦးနှင့် ရဲမှူးချုပ်တစ် ဦးတို့ကို အရေးယူခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောင့် ဖြစ်လာရတဲ့ ဖြစ်စဉ်တွေဟာ အင်မတန်ကိုရင်နာစရာတွေ ကောင်းလှပါတယ်။ ရဲအရာရှိတွေ တပ်မတော်အရာရှိတွေဟာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွေကို တာဝန်အရ ကိုင်တွယ်ရတဲ့အခါ ယခုလိုကိုယ့်ရာထူး ကိုယ့်ဘဝပျက်စီးတဲ့အထိ စတေးသွားကြရတာတွေ အများအပြား ဖြစ်လာနေပါတယ်။ အထက်ကပုဂ္ဂိုလ်များကလည်း ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လာရင် နိုင်ငံတကာရဲ့ဖိအားပေးမယ့်ဒဏ် နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမယ့် အခြေအနေတွေကို မဖြစ်ရလေအောင် ဆန်ရင်းနာနာဖွတ်ဆိုသလိုပဲ ကိုယ့်လူ ကိုယ့်ဝန်ထမ်းတွေကို ရာထူးထုတ် အပြစ်ပေးပြီး ရင်နာစရာကောင်းစွာ အရေးယူမှုတွေကို ဆောင်ရွက်နေကြရပါတယ်။ ရခိုင်အရေးကြောင့် ဘဝပျက်ရတဲ့ အရာရှိတွေ ထောင်ထဲရောက်တဲ့ အရာရှိတွေ မနည်းတော့ပါဘူး။ ဒီကိစ္စတွေဟာ အခုလိုကိုင်တွယ်ရုံနဲ့ ပြီးပြီလား။ တာဝန်အရဆောင်ရွက်နေရတဲ့ အခြေအနေတစ်ခုမှာ မှားရင်ခံ မှန်ရင်ဘာမှမဖြစ်ဆိုတဲ့ ပုံစံမျိုးတွေက အထူးသဖြင့် ကာကွယ်ရေးတာဝန်ကို ထမ်းရွက်နေရတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ မြင်တွေ့ကြားသိနေရတာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ မှားလည်းခံ မှန်လည်းခံပုံစံမျိုးတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ပါစေလို့သာ။

အခုတင်ပြချင်တဲ့သတင်းကတော့ အနှိပ်ခန်းမာဆက်များကို ရန်ကုန်တိုင်းအတွင်း တရားဝင်ခွင့်ပြုမထားဘူးဆိုတဲ့သတင်းဖြစ်ပါတယ်။မာဆက်များကို ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် တရားဝင်ခွင့်ပြုပေးထားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းတဲ့မေးခွန်းတစ်ခုနဲ့ ပတ်သတ်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။ဆံပင်ညှပ်နဲ့ အလှပြင်ဆိုင်များကို ပတ်ဝန်းကျင်ရဲ့ကန့် ကွက်မှုရှိမရှိ၊ သီးသန့် အခန်းများဖွင့်ထားခြင်းရှိမရှိအပေါ်မူတည်ပြီး ဆံပင်ညှပ်နဲ့ မျက်နှာအလှပြုပြင်တာကလွဲလို့ ခွဲစိတ်ခြင်း၊ ခန္ဓာကိုယ်အလှပြုပြင်ခြင်း၊ ရေချိုးခန်းဖွင့်ခြင်း၊ နင်းနှိပ်ခြင်းများ မပြုလုပ်ပါကြောင်း ခံဝန်ချက်ပါမှ ခွင့်ပြုနေတာဖြစ်တယ်လို့ ဦးမြင့်သောင်းကဆိုပါတယ်။အနှိပ်ခန်းတွေကို ခွင့်ပြုပေးခြင်းမရှိပေမယ့်လည်း မျက်မမြင်များ အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ပြီးမျက်မမြင်အကြောပြင်လုပ်ငန်းတွေကိုတော့ ပတ်ဝန်းကျင်က မကန့်ကွက်ရင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ထောက်ခံချက်ရရှိတဲ့မျက်မမြင်များကို အကြောပြင်ဆေးခန်းများအဖြစ်တင်ပြလျှောက်ထားလာတဲ့အခါ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးမှတ်ပုံတင်လက်မှတ်ရရှိထားရင် စီစစ်ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။ အခုသတင်းထွက်ပေါ်လာတဲ့နောက်မှာတော့ ပြည်တွင်းက လူမှု့ကွန်ရက် အသုံးပြုသူတွေကြားထဲမှာ ဝေဖန်သံတွေ ညံခဲ့ပါတယ်။ တရားဝင်ဖွင့်ခွင့်မပေးထားသော်လည်း မာဆက်တွေ ဖွင့်နေတာ မြို့နယ်တိုင်းလိုလိုမှာရှိပါတယ်။ ရဲလိုင်းကြေး နယ်ထိန်းကြေးအပါအဝင် ဘာကြေးညာကြေးပေးပြီး လုပ်စားနေကြတာ ယနေ့အထိပါပဲ။ ဖွင့်ခွင့်မရှိတဲ့အရာတွေ ဖွင့်လှစ်နေတာကို ဘာကြောင့် အရေးမယူရသလဲဆိုတာကတော့ ရှင်းပါတယ်။ ရဲဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်မြို့နယ်တွေက အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ မလောက်ငှတဲ့ ရုံးစရိတ်တွေ အောက်ဆိုက်တွေ ဖန်ငွေတွေရဖို့အတွက် နားလည်မှုဆိုတဲ့ စကားလုံးသုံးပြီး လုပ်ကိုင်နေကြလို့ပဲ ဖြစ်ပါတယ်။ မြို့နယ်တစ်ခု ရပ်ကွက်တစ်ခုမှာ ဘယ်အိမ်က ဘာလုပ်နေတယ်ဆိုတာ သက်ဆိုင်ရာ နယ်ထိန်းနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အကုန်သိကြပါတယ်။ ဘာကြောင့်မဖမ်းတာသလဲ မဖမ်းသလဲဆိုတာကတော့ အထက်ပါ ကြေးပေါင်းစုံကို မာဆက်တွေ ကေတီဗွီတွေ နှစ်လုံးသုံးလုံးဒိုင်တွေက တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနေရလို့ပဲ ဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုသလိုပဲ လစာမလောက်ငှတဲ့ရဲဝန်ထမ်းတွေနဲ့ ရုံးစရိတ် အဆင်မပြေတဲ့ ရပ်ကျေးရုံးကလူတွေအတွက် ဘဏ္ဍာ ငွေတွေလုံလောက်အောင် ပေးထားနိုင်မယ်ဆိုရင်တော့ ရဲအလုပ်ကိုရဲတွေရဲရဲတင်းတင်း ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

ဒီတခါတော့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာနှိပ်စက်ခံခဲ့ရတဲ့သတင်းကို တင်ပြပါမယ်။ နိုင်ငံရေးအကျဉ်းသားများကို ထောင်တွင်းနှိပ်စက်ဖို့ခိုင်းစေခဲ့ခြင်းမရှိဘူးလို့ ဦးခင်ညွန့်က ဆိုလိုက်ပါတယ်။ သာယာဝတီထောင်ထဲမှာ စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား တွေအပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းမှာ ဦးခင်ညွန့်က ခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ တပ်မတော်ထောက်လှမ်းရေးညွှန့်ကြားရေးမှူးဟောင်းဖြစ်ခဲ့တဲ့ ဦးခင်ညွန့်က နိုင်ကျဉ်းတွေကို ထောင်ထဲမှာ သူမနှိပ်စက်ခိုင်းခဲ့ဘူးလို့ ဆိုလိုက်ပြီး ထောင်တွေက သူ့တို့ဘာသာသူတို့ Munualအတိုင်း လုပ်နေတာလို့ ဆိုပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် စစ်အာဏာ ရှင်ခေတ်ကာလတွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ သာယာဝတီထောင်အတွင်းထဲက နိုင်ငံရေးအကျဉ်းသားတွေအပေါ် အလုပ်ခိုင်းစေဖို့အတွက် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ဖြစ်စဉ် ရုပ်သံမှတ်တမ်းပြပွဲကို ဧပြီ ၂၉ ရက်နေ့က ဉာဏ်လင်းသစ် ရည်ညွှန်းစာကြည့်တိုက်မှာ မိတ်ဆက် ပြသခဲ့ပါတယ်။ဒီရုပ်သံမှတ်တမ်းဟာ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်စဉ်တွေ ရှိခဲ့ဖူးတယ်ဆိုတာကို ပြည်သူတွေနဲ့ သက်ဆိုင်သူတွေ သိစေချင်လို့ ရိုက်ကူးပြသရတာ ဖြစ်တယ်လို့ စီစဉ်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဉာဏ်ကြီးက ပြောပါတယ်။အကျဉ်းထောင်တွေထဲမှာ အပြစ်ကျခံနေရတဲ့သူတွေကို နှိပ်စက်ဖို့ ဘယ်သူကညွှန်ကြားသလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် နိုင်ကျဉ်းတွေဟာ အကျဉ်းထောင်တွေထဲမှာ အမျိုးမျိုးဖိနှိပ် နှိပ်စက်ခံခဲ့ရပြီး သူတို့ပြန်လည်လွှတ်မြောက်ချိန်မှာ ထောင်ထဲက အတွေ့အကြုံတွေ ဇာတ်လမ်းတွေကို အိတ်သွန်ဖာမှောက် ဖွင့်ချပြကြပါတယ်။ တားမြစ်ဥပဒေ တည်ဆဲဥပဒေတွေကို ချိုးဖောက်မိလို့ ပြစ်ဒဏ်ကျခံနေကြရသူတွေအပေါ် ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ကြတာ အနိုင်ကျင့်ကြတာဟာ ယနေ့အထိ ရှိနေတုန်းပဲလို့ ထောင်ကနေ လွှတ်မြောက်လာသူတွေကဆိုကြပါတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ အကျဉ်းသားတွေကို ဘုရားလိုကိုးကွယ်ဖို့ တောင်းဆိုတာမဟုတ်ပေမယ့်လည်း ပြစ်ဒဏ်ကို ဆေးကြောနေသူတွေအပေါ် စိတ်ဒဏ်ရာတွေ ထပ်ရအောင်လုပ်တာကတော့ ဘယ်လိုမှမဖြစ်သင့်လို့ တာဝန်ရှိသူတွေအနေနဲ့ ကြပ်မတ်စစ်ဆေးဖော်ထုတ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဒီတစ်ခါတော့ အနည်းဆုံးလုပ်ခလစာနှုန်းထားကို မေလအတွင်းတရားဝင် အတည်ပြုမယ်လို့ အလုပ်သမားရေးရာ ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဆိုပါတယ်။အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်နှုန်းထားသတ်မှတ်ထားမှုကို မေလ အတွင်း တရားဝင်အတည်ပြုပေးသွားမည်ဖြစ်တယ်လို့ အလုပ်သမားရေးရာညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှုချုပ်ဦးဝင်းရှိန်ကပြောပါတယ်။အလုပ်သမားတွေကတော့ လုပ်ခလစာကို ၅၆၀၀ရဖို့တောင်းဆို နေကြပါတယ်။ လစာ ၄၈၀၀ကျပ်သတ်မှတ်ဖို့အရေးဟာ လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ဖို့ ကျန်နေပါသေးတယ်။ ဒါကြောင့် မေလအတွင်း အတည်ပြုနိုင်ဖွယ်ရှိနေပါတယ်။၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့အနိမ့်ဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္တကြိမ် မြောက် ညှိနှိုင်းအစည်းအဝေးမှာအနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်သာ သတ်မှတ်ဖို့်ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၅ ခုနှစ်ကအနိမ့်ဆုံးလုပ်ခလစာ ၃၆၀၀ ကျပ်သတ်မှတ်ထားခဲ့ရာမှာ အနိမ့်ဆုံးလုပ်ခ လစာဥပဒေအရ ၂ နှစ်ကိုတကြိမ်ပြောင်းလဲ သတ်မှတ်နိုင်ကြောင်း သိရပါတယ်။လက်ရှိမှာတော့ တစ်ရက်လုပ်ခလစာ ၃၆၀၀ ကျပ်သတ်မှတ်ထားပြီး လုပ်ခလစာအကြာင်းအရာများအပါအ၀င် အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများအတွက် ပြည်နယ်နှင့်တိုင်းဒသကြီးများမှာမကြာခဏဆန္ဒထုတ်ဖော်မှုများဖြစ်ပေါ်လျှက်ရှိနေပါတယ်။တစ်ရက်ကို လုပ်ခလစာ ၄၈၀၀သတ်မှတ်မယ့်ကိစ္စဟာ ယခင် ၃၆၀၀နဲ့စာရင် ငွေ၁၂၀၀ကျပ်ပိုရလာတဲ့ အခြေအနေပဲဖြစ်ပါတယ်။သို့သော်လည်း ဒေသတွင်းနိုင်ငံတွေက အလုပ်သမားတွေရနေတဲ့လစာတွေ အခွင့်အရေးတွေနဲ့ ယှဉ်မယ်ဆိုရင် ၄၈၀၀ဆိုတဲ့ တစ်ရက်လုပ်ခဟာ နည်းနေပါသေးတယ်။ ကားခ စားသောက်စရိတ် နေထိုင်မှုစရိတ်တွေအတွက် ယခုသတ်မှတ်မယ့် ၄၈၀၀ဟာ အလုပ်သမားတစ်ယောက်ရဲ့ ဘဝကို စိတ်လက်ပျော်ရွှင်စွာ အလုပ်ဆင်နိုင်ဖို့ မလွယ်သေးတဲ့အခြေအနေမှာရှိနေပါသေးတယ်။ ဒါကြောင့် တစ်ရက်လုပ်ခ ၄၈၀၀ကျပ် သတ်မှတ်ခဲ့မယ်ဆိုရင် အလုပ်သမားဆန္ဒပြမှုတွေ အခွင့်အရေးတောင်းဆိုတာတွေ ဆက်ဖြစ်နေဦးမှာ ဖြစ်ပါတယ်။

အခုတစ်ခါတင်ပြချင်တာကတော့ Facebookနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူမှုကွန်ရက် Facebook ကစိတ်သဘောချင်းတိုက်ဆိုင်တဲ့ လက်တွဲဖော်တွေရှာတဲ့ ဝန်ဆောင်မှုကိုပေးမယ်လို့ ကြေညာလိုက်ပါတယ်။အမေရိကန် ကယ်လီဖိုးနီးယားမှာ ပြုလုပ်နေတဲ့ ကုမ္ပဏီရဲ့နှစ်ပတ်လည် ညီလာခံမှာ Facebook အမှုဆောင် အရာရှိချုပ် Mark Zuckerberg က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။ဒီဝန်ဆောင်မှုဟာ စစ်မှန်တဲ့ ကာလကြာဆက်ဆံရေးရှိတဲ့သူအတွက် ရည်ရွယ်ထားပြီး အပျော်တွဲလိုတဲ့သူတွေ အတွက် မရည်ရွယ်ဘူးလို့ ပြောပါတယ်။Facebook မှာ လူလွတ်လို့ မှတ်တမ်းတင်ထားတဲ့သူ သန်း ၂၀၀ နီးပါးရှိနေသလို အဓိပ္ပာယ်ရှိတဲ့ ဆက်ဆံရေးကို တည်ဆောက်ပေးမယ် ဆိုရင် အားလုံးအတွက် အဓိပ္ပာယ်ရှိသွားမယ်လို့ မစ္စတာ Zuckerberg က ပြောပါတယ်။အမှန်တကယ်သာ အခုကိစ္စအကောင်အထည်ဖော်လာနိုင်မယ်ဆိုရင်တော့ လူပျိုကြီး အပျိုကြီးတွေအတွက် ဝမ်းသာစရာသတင်းဖြစ်နိုင်သလို အိမ်ထောင်ရှင်တွေ လူရွယ်ချစ်သူစုံတွဲတွေအတွက်တော့ စိတ်သောက ရောက်စရာ ကိစ္စရပ်တစ်ခု ဖြစ်လာနိုင်ဖို့ ရှိနေပါတယ်။ Facebook ပေါ်မှာ လက်ရှိအခြေအနေအရ အမျိုးသားရော အမျိုးသမီးအများစုပါ အိမ်ထောင်ရှိကြပါရက်နဲ့ လူပျိုအပျိုလုပ်ပြီး လူမှုရေး အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ပြသနာတွေဟာ ထုနဲ့ဒေးဖြစ်နေပါတယ်။ ဒါ့အပြင် လိင်ကိစ္စနဲ့ပတ်သက်ပြီး အရှုပ်အရှင်းတွေ အမှုအခင်းတွေကလည်း Facebookကနေ အများအပြား စတင်နေကြတာ မြင်တွေ့ကြားသိနေရပါတယ်။ လူတစ်ယောက် တစ်ကယ်လူလွတ်ဟုတ်မဟုတ်ကို ဘယ်လောက်အထိ စိတ်ချယုံကြည်စွာ သတ်မှတ်မလဲ။ ဘယ်လိုစိစစ်မလဲ။ Facebook ပေါ်မှာ လက်တွဲဖော် ရှာတဲ့ကိစ္စက အရမ်းကို အန္တရာယ်ရှိတဲ့အနေအထားဖြစ်လာနိုင်တဲ့အတွက် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အိမ်ထောင်ရေး လူမှုရေး ဖောက်ပြန်မှုပြုလုပ်လိုသူတွေအတွက်တော့ ယခုအစီအစဉ်အသစ်ဟာ မဟာအခွင့်အရေးကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

အခုနောက်ဆုံးတင်ပြချင်တာကတော့ ရခိုင်သတင်းပဲဖြစ်ပါတယ်။ရခိုင်အရေးဟာ ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ပုံကြီးချဲ့ပြောဆိုလုပ်ကိုင်ကြတဲ့အတွက် နိုင်ငံတကာမှပါဝင်လာတဲ့ အခြေအနေကို ရောက်လာခြင်းဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စများဟာ ပြည်တွင်းရေးကိစ္စတစ်ခုသာဖြစ်ပြီး ယင်းကိစ္စကို ပုံကြီးချဲ့ပြီးပြောဆိုလုပ်ကိုင်ကြလို့နိုင်ငံတကာမှပါဝင်လာတဲ့အခြေအနေကို ရောက်ရှိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရခိုင်အရေး ပြဿနာများဟာ ပြည်တွင်း၌သာ ဖြစ်ပွားခဲ့တဲ့အတွက် ပြည်တွင်းရေးကိစ္စကို အခြေခံ၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ဘင်္ဂါလီများအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတဲ့အတွက်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနဲ့လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်သင့်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၃၀ ရက် ညနေပိုင်းက ပီရူးနိုင်ငံမှ Mr. Gustavo Meza Cuadra Velasquez ဦးဆောင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ဝင်များနဲ့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမမှာ လက်ခံတွေ့ဆုံပြီးဆွေးနွေးခဲ့ရာမှာ ကိုယ်စားလှယ်များဆွေးနွေးမေးမြန်းချက်များနဲ့ ပတ်သက်ပြီး ပြောခဲ့တာပါ။ရခိုင်ပြည်နယ်ရဲ့အရေးကိစ္စတွေဟာ မှတ်မှတ်ရရ ပြောရရင် မသီတာထွေးအသတ်ခံရတဲ့ အချိန်ကစပြီး ယနေ့အထိ တစ်နေ့တစ်မျိုးမရိုးရလေအောင် ဖြစ်နေတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ပြည်နယ်အတွင်း မတည်ငြိမ်မှုတွေ လူနည်းစုရဲ့ စားဝတ်နေရေးတွေကို အကြောင်းပြုပြီး ပြင်ပအဖွဲ့အစည်းတွေ NGO၊ INGOတွေ ဝင်လာမစဲတသဲသဲရှိခဲ့သလို လုပ်စားကိုင်စားလို့ကောင်းမယ့် ဖြစ်စဉ်တွေ သတင်းတွေ ဓာတ်ပုံတွေကို ရိုက်ယူပြီး ပြည်ပမှာ ဖွင့်ချခဲ့တာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒီလို တို့မီးရှို့မီးလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ ပြသနာတွေကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ နည်းမျိုးစုံဝေဖန်ပြစ်တင်မှုတွေကို မြန်မာအစိုးရအနေနဲ့ ခါးစည်းပြီး ခံစားနေရတာပဲ ဖြစ်ပါတယ်။ နယ်မြေအပိုင်ရလိုမှု ဘင်္ဂလားဒေ့ရှ့်နိုင်ငံရဲ့ လူဦးရေတိုးပွားမှု နယ်စပ်ဖြတ်ကျော်ခိုးဝင်မှု မတရားသတ်ဖြတ်မှုတွေအပါအဝင် ဘာသာရေး လူမျိုးရေးပဋိပက္ခတွေနဲ့ ကျူးကျော်ဝင်ရောက်လာနေတာ ယနေ့ခေတ်မှာ ပိုပြီးသိသာထင်ရှားနေပါပြီ။ ဒါကြောင့် အစိုးနဲ့တပ်မတော်အနေနဲ့ ရခိုင်အရေးကိစ္စ ကိုယ့်ပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာပဲ ဥပဒေနည်းလမ်းကျနစွာနဲ့ ပြတ်သားစွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

အထက်ပါသတင်းကောက်နုတ်ချက်များကို The Fifth Wave News၊ DVB ၊ 7 days ၊ Popular News ၊ BBC စတဲ့ သတင်းဌာနများက သတင်းများကို ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါတယ်။

FWN

ရန်ကုန် ၊ မေ ၆၊ ၂၀၁၈

ပဉ္စမလှိုင်းမီဒီယာရဲ့တစ်ပတ်အတွင်း သတင်းကောက်နုတ်ချက်များကို စာဖတ်သူများ စုစည်းဖတ်ရှုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

အရင်ဆုံးတင်ပြမယ့်သတင်းကတော့ တရားစီရင်ရေးကဏ္ဍမှာ လုပ်ပိုင်ခွင့်ကျော်လွန်အသုံးပြုတဲ့ တရားရေးဝန်ထမ်း ၁၆၀ကို ဝန်ထမ်းစည်းမျဉ်းဥပဒေတွေနဲ့ အရေးယူခဲ့တယ်လို့ ပြည်ထောင် စုတရားလွှတ်တော်ချုပ်ရုံး အပြည်ပြည်ဆိုင်ရာ သုတေသနနှင့် ဆက်ဆံရေးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးဇော်ဇော်ထွန်းကဆိုပါတယ်။ဒါဟာပြီးခဲ့သည့် တစ်နှစ် အတွင်းတရားစီရင်ရေးကဏ္ဍက အခြေအနေဆိုရွားစွာ ပြုမူခဲ့တဲ့ဝန်ထမ်းတွေကို အရေးယူခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် မဏ္ဍိုင်လေးရပ် ဟန်ချက်ညီဖို့အရေးကြီးပါတယ်။ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေ ဟန်ချက်ညီဖို့လိုပါတယ်။ မဏ္ဍိုင်တွေ ဟန်ချက်မညီဘဲ ပေါင်းစား ပင်းစားရင်တော့ တိုင်းပြည်ဟာခဏလေးနဲ့ ပျက်စီးသွားမှာဖြစ်ပါတယ်။ အုပ်ချုပ်သူ ဘယ်လောက်ကောင်းကောင်း ဥပဒေပြုသူ ဘယ်လောက်ကောင်းကောင်း တရားစီရင်ရေးမှာ မလှုပ်သာ မကိုင်သာဖြစ်နေရင် တရားဥပဒေစိုးမိုးရေးဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။အလားတူပဲ မီဒီယာတွေအနေနဲ့လည်း အုပ်ချုပ်သူ မကောင်းရင် မကောင်းသလိုရေးရဲဖို့ ဝေဖန်ရဲဖို့လိုသလို ဥပဒေပြုသူတွေ အလုပ်မလုပ်ရင်လည်း ဝေဖန်ထောက်ပြဖို့တာဝန်ရှိပါတယ်။ တရားရေးဝန်ထမ်းတွေ လုပ်ပိုင်ခွင့်ကျော်လွန်တာကို အရေးယူဆောင်ရွက်လာတဲ့အပေါ် ကြိုဆိုပါတယ်။ အလားတူပဲ အုပ်ချုပ်ရေး ကဏ္ဍကလူတွေ လုပ်ပိုင်ခွင့်ကျော်လွန်တာတွေကို အရေးယူဆောင်ရွက်ဖို့တွေ လွှတ်တော်တက်ပြီး ဥပဒေမပြုတဲ့အမတ်တွေ ပြည်သူအပေါ်တာဝန်မကျေတဲ့အမတ်တွေကိုလည်း သက်ဆိုင်ရာ စည်းကမ်းဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ ဆောင်ရွက်သင့်ပါပြီ။ မီဒီယာတွေအနေနဲ့လည်း ချစ်သူကိုသာစေ မုန်းသူကိုနာစေ ဆိုတဲ့ အစွဲတွေပယ်ဖျောက်ပြီး အမှန်တရားနဲ့ ပြည်သူ့မျက်နှာကို ထောက်ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးနေပါပြီ။ ဒါမှသာ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရနဲ့ နိုင်ငံတော်တစ်ခု ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ဒုတိယတစ်ပုဒ်အနေနဲ့တင်ပြချင်တာကတော့ ရခိုင်ပြည်နယ်မှာ တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ်တစ်ဦးကို တာဝန်ကနေ အနားပေးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားစဉ်က အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးအဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်ကအနားပေးလိုက်တာ ဖြစ်ပါတယ်။၂၀၁၇ ဩဂုတ်က စတင်ပြီး ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်မှုတွေဖြစ်ပွားပြီး တစ်လကျော်အကြာ အောက်တိုဘာမှာ ရဲမှူးချုပ် သူရစန်းလွင်ကို နေပြည်တော် အမှတ် (၁) လုံခြုံရေး ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကွပ်ကဲရေးမှူးအဖြစ် ပြောင်းလဲတာဝန် ပေးခဲ့ပါတယ်။ သည့်နောက် ခြောက်လကျော်အကြာမှာတာဝန်မှ အနားပေးခဲ့တာဖြစ်ပါတယ်။ရဲမှူးချုပ် သူရစန်းလွင်ကို တာဝန်မှ အနားပေးခြင်းဟာ မောင်တောအကြမ်းဖက်မှုဖြစ်ပွားစဉ်က တာဝန်ယူဆောင်ရွက်မှုများနဲ့ပတ်သက်နေတယ်လို့သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဆိုထားပါတယ်။ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ရဲကင်းစခန်းနဲ့ ရဲစခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှ အစပြုတဲ့ ရခိုင်ဒေသအတွင်း ဖြစ်ပွားတဲ့ အကြမ်းဖက်မှု ဖြစ်စဉ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်ပြီးစည်းကမ်းနဲ့မညီညွတ်တဲ့ တိုင်းမှူးတစ်ဦး၊ တပ်မတော် အရာရှိလေးဦးနှင့် ရဲမှူးချုပ်တစ် ဦးတို့ကို အရေးယူခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောင့် ဖြစ်လာရတဲ့ ဖြစ်စဉ်တွေဟာ အင်မတန်ကိုရင်နာစရာတွေ ကောင်းလှပါတယ်။ ရဲအရာရှိတွေ တပ်မတော်အရာရှိတွေဟာ ရခိုင်ပြည်နယ်ဖြစ်စဉ်တွေကို တာဝန်အရ ကိုင်တွယ်ရတဲ့အခါ ယခုလိုကိုယ့်ရာထူး ကိုယ့်ဘဝပျက်စီးတဲ့အထိ စတေးသွားကြရတာတွေ အများအပြား ဖြစ်လာနေပါတယ်။ အထက်ကပုဂ္ဂိုလ်များကလည်း ရခိုင်ဖြစ်စဉ်နဲ့ ပတ်သက်လာရင် နိုင်ငံတကာရဲ့ဖိအားပေးမယ့်ဒဏ် နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုမယ့် အခြေအနေတွေကို မဖြစ်ရလေအောင် ဆန်ရင်းနာနာဖွတ်ဆိုသလိုပဲ ကိုယ့်လူ ကိုယ့်ဝန်ထမ်းတွေကို ရာထူးထုတ် အပြစ်ပေးပြီး ရင်နာစရာကောင်းစွာ အရေးယူမှုတွေကို ဆောင်ရွက်နေကြရပါတယ်။ ရခိုင်အရေးကြောင့် ဘဝပျက်ရတဲ့ အရာရှိတွေ ထောင်ထဲရောက်တဲ့ အရာရှိတွေ မနည်းတော့ပါဘူး။ ဒီကိစ္စတွေဟာ အခုလိုကိုင်တွယ်ရုံနဲ့ ပြီးပြီလား။ တာဝန်အရဆောင်ရွက်နေရတဲ့ အခြေအနေတစ်ခုမှာ မှားရင်ခံ မှန်ရင်ဘာမှမဖြစ်ဆိုတဲ့ ပုံစံမျိုးတွေက အထူးသဖြင့် ကာကွယ်ရေးတာဝန်ကို ထမ်းရွက်နေရတဲ့ အဖွဲ့အစည်းတွေကြားထဲမှာ မြင်တွေ့ကြားသိနေရတာ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ မှားလည်းခံ မှန်လည်းခံပုံစံမျိုးတွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ပါစေလို့သာ။

အခုတင်ပြချင်တဲ့သတင်းကတော့ အနှိပ်ခန်းမာဆက်များကို ရန်ကုန်တိုင်းအတွင်း တရားဝင်ခွင့်ပြုမထားဘူးဆိုတဲ့သတင်းဖြစ်ပါတယ်။မာဆက်များကို ရန်ကုန်တိုင်းအတွင်း လုပ်ငန်းလိုင်စင် တရားဝင်ခွင့်ပြုပေးထားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကျင်းပခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော်မှာပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ရန်ကုန်တိုင်းလွှတ်တော်မှာ မေးမြန်းတဲ့မေးခွန်းတစ်ခုနဲ့ ပတ်သတ်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။ဆံပင်ညှပ်နဲ့ အလှပြင်ဆိုင်များကို ပတ်ဝန်းကျင်ရဲ့ကန့် ကွက်မှုရှိမရှိ၊ သီးသန့် အခန်းများဖွင့်ထားခြင်းရှိမရှိအပေါ်မူတည်ပြီး ဆံပင်ညှပ်နဲ့ မျက်နှာအလှပြုပြင်တာကလွဲလို့ ခွဲစိတ်ခြင်း၊ ခန္ဓာကိုယ်အလှပြုပြင်ခြင်း၊ ရေချိုးခန်းဖွင့်ခြင်း၊ နင်းနှိပ်ခြင်းများ မပြုလုပ်ပါကြောင်း ခံဝန်ချက်ပါမှ ခွင့်ပြုနေတာဖြစ်တယ်လို့ ဦးမြင့်သောင်းကဆိုပါတယ်။အနှိပ်ခန်းတွေကို ခွင့်ပြုပေးခြင်းမရှိပေမယ့်လည်း မျက်မမြင်များ အလုပ်အကိုင်ရရှိစေဖို့ ရည်ရွယ်ပြီးမျက်မမြင်အကြောပြင်လုပ်ငန်းတွေကိုတော့ ပတ်ဝန်းကျင်က မကန့်ကွက်ရင် လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ထောက်ခံချက်ရရှိတဲ့မျက်မမြင်များကို အကြောပြင်ဆေးခန်းများအဖြစ်တင်ပြလျှောက်ထားလာတဲ့အခါ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးမှတ်ပုံတင်လက်မှတ်ရရှိထားရင် စီစစ်ခွင့်ပြုပေးနေတယ်လို့သိရပါတယ်။ အခုသတင်းထွက်ပေါ်လာတဲ့နောက်မှာတော့ ပြည်တွင်းက လူမှု့ကွန်ရက် အသုံးပြုသူတွေကြားထဲမှာ ဝေဖန်သံတွေ ညံခဲ့ပါတယ်။ တရားဝင်ဖွင့်ခွင့်မပေးထားသော်လည်း မာဆက်တွေ ဖွင့်နေတာ မြို့နယ်တိုင်းလိုလိုမှာရှိပါတယ်။ ရဲလိုင်းကြေး နယ်ထိန်းကြေးအပါအဝင် ဘာကြေးညာကြေးပေးပြီး လုပ်စားနေကြတာ ယနေ့အထိပါပဲ။ ဖွင့်ခွင့်မရှိတဲ့အရာတွေ ဖွင့်လှစ်နေတာကို ဘာကြောင့် အရေးမယူရသလဲဆိုတာကတော့ ရှင်းပါတယ်။ ရဲဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကွက်မြို့နယ်တွေက အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ မလောက်ငှတဲ့ ရုံးစရိတ်တွေ အောက်ဆိုက်တွေ ဖန်ငွေတွေရဖို့အတွက် နားလည်မှုဆိုတဲ့ စကားလုံးသုံးပြီး လုပ်ကိုင်နေကြလို့ပဲ ဖြစ်ပါတယ်။ မြို့နယ်တစ်ခု ရပ်ကွက်တစ်ခုမှာ ဘယ်အိမ်က ဘာလုပ်နေတယ်ဆိုတာ သက်ဆိုင်ရာ နယ်ထိန်းနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အကုန်သိကြပါတယ်။ ဘာကြောင့်မတာသလဲ မဖမ်းသလဲဆိုတာကတော့ အထက်ပါ ကြေးပေါင်းစုံကို မာဆက်တွေ ကေတီဗွီတွေ နှစ်လုံးသုံးလုံးဒိုင်တွေက တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးနေရလို့ပဲ ဖြစ်ပါတယ်။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုသလိုပဲ လစာမလောက်ငှတဲ့ရဲဝန်ထမ်းတွေနဲ့ ရုံးစရိတ် အဆင်မပြေတဲ့ ရပ်ကျေးရုံးကလူတွေအတွက် ဘဏ္ဍာ ငွေတွေလုံလောက်အောင် ပေးထားနိုင်မယ်ဆိုရင်တော့ ရဲအလုပ်ကိုရဲတွေရဲရဲတင်းတင်း ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

Leave a Reply