USDPပါတီ၏ လူငယ်ညီလာခံ အကြိုနှီးနှောဖလှယ်ပွဲကျင်းပ

0
123

မန္တလေး၊ မေ ၈၊ ၂၀၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး လူငယ်ညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို ​မေလ ၈ ရက်​နေ့က ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး၌ ကျင်းပပြုလုပ်​ခဲ့သည်​။

ယင်းလူငယ်နှီးနှောဖလှယ်ပွဲသို့ လူငယ်အဖွဲ့ဝင်(၁၉၆) ဦး တက်ရောက် ဆွေးနွေးခဲ့ပြီး ခေါင်းစဉ်(၇) ခုဖြင့်ဆွေးနွေးမှုများပြုလုပ်ကာ ဗဟိုလူငယ် ညီလာခံတွင် တက်ရောက်မည့် လူငယ်ကိုယ်စားလှယ်များ ရွေးချယ် သွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးချယ်သွားမည့် ကိုယ်စားလှယ်များမှာ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့လူငယ် ကိုယ်စားလှယ် ၊ စည်းရုံးရေးလှုပ်ရှားမှုအဖွဲ့ လူငယ်ကိုယ်စားလှယ်၊ လူမှုလှုပ်ရှားမှုအဖွဲ့လူငယ်ကိုယ်စားလှယ်၊လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ လူငယ်ကိုယ်စားလှယ်ပူးပေါင်းလှုပ်ရှားမှုအဖွဲ့၊လူငယ်ကိုယ်စားလှယ်၊ ပညာရပ်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့လူငယ်ကိုယ်စားလှယ်၊သတင်းမီဒီယာအဖွဲ့ လူငယ်ကိုယ်စားလှယ်တို့ဖြစ်သည်။

ထိုသို့ လူငယ်ညီလာခံအကြိုနှီးနှောဖလှယ်ပွဲများကို တိုင်းနှင့်ပြည်နယ် အသီးသီးတွင်ကျင်းပသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် လုပ်ဆောင်ပြီးဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply