နေပြည်တော်ကောင်စီနယ်မြေတွင် ဘာသာပေါင်းစုံတွေ့ဆုံပွဲပြုလုပ်

0
144

နေပြည်တော်၊ မေ ၈၊ ၂၀၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ဂျာမေဗလီတွင် မေလ ၈ ရက်နေ့က ဘာသာပေါင်းစုံတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့လူငယ်မောင်နှမတွေက ဘာသာတရားအကြောင်းကို ထဲထဲဝင်ဝင်သိအောင် အပေါ်ယံသဘောပဲကြည့်ပြီးတော့ တယောက်နဲ့ တယောက်သံသယစိတ်နဲ့ပြောဆိုနေတာထက် တွေ့ထိမှုရှိမှ တယောက်ရဲ့ တရားသဘောကိုသိနိုင်မယ်။နားလည်နိုင်မယ်။ပိုပြီးတော့ရင်းနှီးချစ်ခင်ခွင့်ရမယ်။ဘုရားကျောင်းကန်တွေကိုပဲသွားပြီးလေ့လာတာထက် အောက်ခြေမှာ ဖြစ်နေတဲ့ ပြသနာတွေက ဘာကြောင့်လဲဆိုတာသိအောင်သိသွားပြီဆိုရင် ဒါကို ဘယ်လိုပြန်ပြီးငြိမ်းချမ်းအောင် တယောက်နဲ့တယောက် တင့်သင့် အောင် ဘယ်လိုပြန်လုပ်မယ်ဆိုတဲ့ အပိုင်းကိုလေ့လာဖို့အတွက် လာခဲ့ တာပါ” ဟု မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ဂျက်ဆန်သုတေသနဌာနမှ ကိုဇာရှော့ ကပြောသည်။

မြန်မာနိုင်ငံဓမ္မတက္ကသိုလ်၊ဂျက်ဆန်သုတေသနဌာနမှ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် ဘာသာပေါင်းစုံ လူငယ်များ၊အစ္စလာမ် ဘာသာများ အကြောင်းလာရောက်လေ့လာရေးအတွက် အဆိုပါတွေ့ဆုံပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီလိုဘာသာပေါင်းစုံတွေ့ဆုံပွဲလုပ်လိုက်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်အထင်လွှဲအမြင်လွဲနေတာတွေသိသွားမယ်။ ဒီအထင် အမြင်လွှဲမှုတွေလျော့သွားမယ်ဆိုရင် နိုင်ငံမှာ အားလုံးက အေးအေး ဆေးဆေးနဲ့နဲ့ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်လို့ရမယ်။ အထင်လွှဲနေတဲ့ ကိစ္စတွေပပျောက်သွားမယ်လို့ယူဆပါတယ်” ဟု အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်သည့် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးအောင်ခိုင်မှ ပြောသည်။

တွေ့ဆုံပွဲသို့ ဗုဒ္ဓဘာသာဆရာတော်များ၊ ပျဉ်းမနားမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မြို့နယ်အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျက်ဆန်သုတေသနဌာနမှ ဘာသာပေါင်းစုံလူငယ်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များတက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ယဉ်ကေနွယ်

Leave a Reply