PSG မှာနည်းပြလုပ်ဖို့ စိတ်ဝင်စားနေတဲ့ အာစင်ဝင်းဂါး

0
168

မေ ၈ ၊ ၂၀၁၈

ယခုနှစ်အကုန်မှာ အာဆင်နယ်နဲ့ လမ်းခွဲတော့မယ့် နည်းပြအာစင်ဝင်းဂါး ဟာ ပြင်သစ်ကလပ် PSG အသင်းမှာ နည်းပြလုပ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

သူဟာ သူ့ရဲ့ နည်းပြအတတ်ပညာနဲ့ စီမံခန့်ခွဲမှုတွေကို စွန့်လွှတ်မှာ မဟုတ်ဘဲ အာဆင်နယ်ကနေ ထွက်ခွာမယ်ဆိုရင် နည်းပြလောကထဲမှာ ပြန်လည်ကျင်လည်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဝင်းဂါးအနေနဲ့ အာဆင်နယ်ကနေ ထွက်ခွာမယ့်အချိန်မှာ နည်းပြအလုပ် အတွက် ကမ်းလှမ်းလာမှုတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို ကမ်းလှမ်းလာတဲ့ အသင်းတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စာချုပ်သက်တမ်းရှိနေတဲ့ နောက်ဆုံးနေ့ရက်တွေအထိ အကောင်းဆုံး အလုပ်လုပ်ဖို့ ရှိနေပါတယ်။ကျွန်တော်ဟာ စီမံခန့်ခွဲမှုနဲ့ နည်းပြအလုပ်ကို လုပ်ကိုင်ဖို့အတွက် တက်ကြွလန်းဆန်းနေတုန်း ပါပဲ။ဘယ်အသင်းမှာ အလုပ်လုပ်ဖြစ်မလဲဆိုတာတော့ အတိအကျ မပြောနိုင်သေးပါဘူး”လို့ ဘန်လေကို ၅-၀ နဲ့ အနိုင်ရတဲ့ ပွဲစဉ်အပြီးမှာ အာစင်ဝင်းဂါးက ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းမှာ အာစင်ဝင်းဂါးအနေနဲ့ အချိန် ၂၂ နှစ်ကြာအောင် နည်းပြလုပ်ခဲ့ပြီး ယခုနှစ်မှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး၎ သင်းနဲ့ ၁၁ မှတ်အကွာမှာ ရပ်တည်ခဲ့ပါတယ်။

NN

Leave a Reply