တောင်သူလယ်သမားတို့ရဲ့ ဆန်စပါးရောင်းဝယ်မှု အခြေအနေ၊ မြန်မာနိုင်ငံရဲ့ အရန်ဆန်ထားရှိမှုအခြေအနေတွေနဲ့ ဆန်ဈေးကွက်တို့ကိုမြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦးရဲမင်း​အောင်​နဲ့ ပဉ္စမလှိုင်းမီဒီယာမှ မဝေဝေဖြိုးတို့ တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါတယ်။

0
196

အ​မေး ။ ဆန်​စပါးလုပ်​ငန်းနဲ့ပတ်​သက်​တဲ့ကဏ္ဍ​တွေကို SME ​ချေး​ငွေ ချထား​ပေးမယ့်​ကိစ္စသိပါရ​စေ။

အ​ဖြေ ။ SME​ချေး​ငွေနဲ့ပတ်​သက်​တဲ့ အဆိုပြုလွှာ​တွေတင်​​ပေးဖို့အတွက်​ မြန်​မာနိုင်​ငံဆန်​စပါးအသင်း​ချုပ်​က​ရော ၊ နိုင်​ငံ​တော်​ အစိုးရအဖွဲ့အစည်း​တွေအကုန်​လုံးက​ရော ဖိတ်​​ခေါ်ထားတဲ့အ​နေအထားရှိတယ်​​။ဒီ​နေရာမှာ၂ပိုင်းရှိတယ်​ ။ တစ်​ခုက SMEလုပ်​ငန်း​တွေအ​နေနဲ့ ​ချေး​ငွေနဲ့ ပတ်​သက်​တဲ့ အဆိုပြုလွှာ​တွေကို ပြုစုပြီး ​​ရေးဆွဲဖို့အတွက်​ အဆင်​သင့့်မဖြစ်​​သေးတာ​တွေ ၊ကြန့်​ကြာတာ​တွေ ပိုင်​ဆိုင်​မှုအ​ထောက်​အထား​တွေက ဘဏ်​ကလက်​ခံနိုင်​တဲ့ အ​နေအထားမျိုးမဖြစ်​တာ​တွေ ​တွေ့ရ​တော့ စီးပွား​ရေးနဲ့ပတ်​သက်​တဲ့ အစီစဉ်​​တွေ ​ငွေစာရင်းရှင်းတမ်း​တွေက အဆင်​သင့်​မဖြစ်​တဲ့အတွက်​ ကြန့်​ကြာတာ​တွေ ​တွေ့ရတယ်​ ။ ​နောက်​တစ်​ခုက တင်​ပြတဲ့အပိုင်းမှာ နိုင်​ငံ​တော်​အပိုင်းက ​ပေးမယ်​လို့​ပြောထား​ပေမယ့်​လည်း အချက်​အလက်​​တွေမှာလိုအပ်ချက်တွေရှိ​နေ​တော့မတင်​ပြနိုင်​ဘူး။အဲ့ဒါ
ကို ဘယ်​လိုလုပ်​မလဲဆိုတဲ့ အစီစဉ်​တခု​တော့လိုအပ်​တယ်​။လတ်တ​လောမှာ​တော့ တချို့လဲ စနစ်​တကျပြင်​ဆင်​ပြီး​တော့ကြိုးစား​နေတဲ့သူ​တွေရှိတယ်​။တချို့လဲ ဒီလိုစာရွက်​စာတမ်း​တွေလုပ်​ဖို့အတွက်​အခက်​အခဲ​တွေရှိပြီး​တော့ မလုပ်​​တော့ဘူးလို့​ပြောတဲ့သူ​တွေလဲရှိတယ်​။ တချို့ကျ​တော့လဲ ၄ ၊၅ ၊၆လ​လောက်​ အချိန်​ယူပြီး ပြင်​ပြီးလုပ်​ဖို့ လုပ်​​နေတဲ့သူ​တွေလဲရှိတယ်​။ အဲ့​တော့ အ​ခြေ​နေက စာရွက်​စာတမ်းပိုင်းဆိုင်​ရာ ၊လုပ်​ငန်းပိုင်းဆိုင်​ရာ ၊​ငွေစာရင်းပိုင်းဆိုင်​ရာကိစ္စ​တွေမှာ အထူးသဖြင့်​အ​သေးစားနဲ့အလတ်​စားလုပ်​ငန်း​တွေဟာ
နည်းပညာပိုင်းမှာ အခက်​အခဲ​တွေရှိ​တော့ ဒီအပိုင်း​တွေမလုပ်​နိုင်​ကြဘူး ။ ဒီဟာ​တွေ​ကြောင့်​ကြန့်​ကြာမှုရှိ​နေတယ်​လို့မြင်​ပါတယ်​။

အ​မေး ။ဒီSME ​ချေး​ငွေကို နိုင်​ငံ​တော်​ ကျပ်၆၀ ဘီလီယံ​ကျော်​ချထား​ပေးမယ်​လို့သိရပါတယ်​ ။ ဘယ်​​တော့ ​လောက်​ စ​ချေး​ပေးဖို့ရှိပါလဲ ။

အ​​ဖြေ ။ အခု အစ်​ကိုတို့ မတင်​ရ​သေးဘူး ။ ​မေလထဲမှာပဲအစိုးရကို တင်​ပြမယ်​။ ဧပြီ လကုန်​ထိ ​နောက်​ဆုံးထားပြီး​တော့ အဆိုပြု လွှာတင်​တာကိုလက်​ခံ ထားတယ်​။ စိစစ်​တယ်​။ ဒီစိစစ်​မှု​ပေါ်မှာ သုံးသပ်​ပြီး ဒီ​မေလထဲမှာတင်​မှာပါ။ ဘဏ်​ကလဲ စိစစ်​တာေ​တွ လုပ်​ဦးမှာ​ဆို​တော့ထုတ်​ဖို့အတွက်​မှန်းတာကမြန်​မာနိုင်​ငံဆန်​စပါးအသင်းချပ်​က SME​ချေး​ငွေ​တွေကို
၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်​ထဲမှာထုတ်​မှာပါ ။ဒီ ၆၀ ဘီလီယံကို အဲ့အချိန်​ကာလ​တွေမှာ ထုတ်​နိုင်​​အောင်​လုပ်​မှာပါ ။အခုလက်​ရှိမှာ အဆိုပြုလွှာတင်​ထားတာက ဘီလီယံ ၂၀ ဖိုး​လောက်​ပဲရှိ​သေးတယ်​ ။ဒါ​ပေမယ့်​ တချို့ပ​ရောဂျက်​​တွေက လုပ်​​နေတုန်း ပြင်​ဆင်​​နေတုန်းမပြီး​သေးဘူး ။ ဒီ ၆၀ ဘီလီယံဖိုးက​တော့အပြည့်​တင်​မှာပါ။

အ​မေး ။ နယ်​စပ်​ဘက်​က​နေစပါးအတိုင်း ​မှောင်​ခို​ရောင်း​နေတဲ့ကိစ္စကို အစိုးရပိုင်းကို​ရော ထိမ်းချုပ်​​ပေးဖို့ တင်​ပြထားတာရှိပါသလား။

အ​ဖြေ ။ ဒါက နယ်​စပ်​က​နေ တိတ်​တိတ်​​လေးထွက်​​နေတဲ့ နယ်​စပ်​ဝင်​​ပေါက်​ထွက်​​ပေါက်​​တွေ လုံခြုံ မှုရှိဖို့
က​တော့ အစိုးရက ​ရေရှည်​လုပ်​ရမှာပါ။ အစ်​ကို မြင်​တာက​တော့ အစိုးရလဲ ဒီကိစ္စကို တား​တော့ တားပါတယ်​။တစ်​ဖက်​ကလဲ တရားမဝင်​တင်​ပို့တဲ့ကိစ္စကို သတင်း​ပေးလို့ရတယ်​။သတင်း​ပေးရင်​ အ​ရေးယူလို့ရတယ်​ ။ လက်​ရှိအ​နေအထားအရ ဒါကိုသိရှိတဲ့လူ​တွေက သတင်း​ပေးရမယ့်​သ​ဘော​တော့ဖြစ်​​နေတယ်​။စပါးကနယ်​စပ်​ကို တင်​ပို့တယ်​ဆိုတဲ့ကိစ္စက တားဖို့က​တော်​​တော်​ခက်​တယ်​။ ပြည်​တွင်းမှာက လွတ်​လွတ်​လပ်​လပ်​သွားလို့ရတယ်​ ။ မူးယစ်​​ဆေးဝါးလည်းမဟုတ်​ဘူး။ ရှမ်းပြည်​ထွက်​ဆိုပြီး သယ်​သွားလို့လဲရတာပဲ​လေ အဲ့ဒါတွေကို အဆင့်​ဆင့်​သွားပြီး​တော့ တားမယ်​ စစ်​မယ်​ ပိတ်​မယ်​ ဆိုရင်​ခက်​တယ်​။အ​ရေးကြီးတာက အဲ့လို​နေရာ​တွေကို​ရောက်​သွားပြီဆိုရင်​ အဲ့လို​နေရာ​တွေက​နေပြီးတဆင့်​ထပ်​ပြီး မထွက်​သွားဖို့အ​ရေးကြီးတယ်​ ။အစိုးရကို အစ်​ကိုတို့အကြိမ်​ကြိမ်​တင်​ပြထားတယ်​။ အစိုးရဘက်​ကလဲ တတ်​နိုင်​သ​လောက်​လုပ်​​ပေးတယ်​။ဒါ​ပေမယ့်​ ဒီနှစ်​ထဲမှာ​တော့ ​တော်​​တော်​များများထွက်​သွားတယ်​။ထွက်​သွားတဲ့အတွက်​ ဒီနှစ်​ကို ဆန်​တန်​ချိန်​ ပြည့်​မီ​အောင်​မှန်းထားတယ်​ ။ ပြီးခဲ့တဲ့နှစ်​က ဆန်​တန်​ချိန်​ ၃ ဒသမ ၅ မီလီယံ ထွက်​တယ်​။ ဒီနှစ်​ကို ဆန်​တန်​ချိန်​ ၃သန်း​ကျော်​​လောက်​ထွက်​ဖို့ဆိုတာ စပါးထွက်​သွားရင်​​တော့ တရားဝင်​တင်​ပို့နိုင်​တဲ့အ​နေထားမှာ ​လျှော့သွားမယ့်​ သ​ဘော​တော့ရှိ
ကောင်းရှိနိုင်​တယ်​။ ဒါ​ပေမယ့်​ ​စောင့်ကြည့်​ရမယ့်
့သ​ဘောပါ။

အ​မေး ။ လက်​ရှိအရန်​ဆန်​ထားရှိမှု အ​ခြေ​နေလည်း သိပါရ​စေ။

အ​ဖြေ ။ အရန်​ဆန်​က​တော့ လက်​တ​လောမှာတိုင်းပြည်​အ​နေနဲ့ က အရန်​ဆန်​ရယ်​လို့သတ်​မှတ်​ပြီး​တော့ ထားဖို့က စရိတ်​​တွေအရမ်း​ကြီးတယ်​။ဒါ​ပေမယ့်​ အကုန်​လုံးမှာ ဆန်​က လုံလုံ​လောက်​​လောက်​ရှိ​နေတဲ့အတွက်​စားသုံးသူ​တွေကလည်း ဒါကို ​ကြောင့်​ကြစိုးရိမ်​ဖို့မလိုအပ်ဘူး ။လုပ်​ငန်းရှင်​​တွေ ၊ကုန်​သည်​​တွေမှာလည်းရှိတယ်​ ။တပ်​မ​တော်​အဖွဲ့အစည်း​တွေကလည်း ရိက္ခာအ​နေနဲ့ စု​ဆောင်းထားတာ​တွေရှိတယ်​။တိုင်းပြည်​ရဲ့ဆန်​ကလည်း ၁နှစ်​ကို အနည်းဆုံး ၂ကြိမ်​​လောက်​​ပေါ်​နေတာ လတိုင်းနီးပါး ဆန်​​ပေါ်တယ်​။ တချို့​နေရာဆို စစ်​ကိုင်းတိုင်းမှာ ဇူလိုင်​ဆိုရင်​ စပါးရိတ်​​နေပြီ ။
အဲ့​တော့ သုံးသပ်​​ပြောရရင်​အရန်​ဆန်​လိုမျိုးပမာဏအများကြီး ထားဖို့​တောင်​မလိုအပ်​ဘူး။ဒါ​ပေမယ့်​ သဘာဝ​ဘေးအန္တရာယ်​​တွေဖြစ်​လာပြီဆိုရင်​ ပထမ ၁ရက်​ ၊၂ရက်​ ၊ ၃ရက်​​လောက်​အတွင်းမှာ ဖြန့်​ဖြူး​ပေးနိုင်​မယ့်​အထုပ်​​သေး​သေး​လေး​တွေ လုပ်​​နေတယ်​။က​လေးမှာ ကြုံ ​တွေ့တုန်းက ဒီလိုဖြစ်​ခဲ့တယ်​။ ဆန်​ရှိ​ပေမယ့်​ ရှိတဲ့ဆန်​က အထုပ်​ကကြီး​နေတယ်​ ။အဲ့အထုပ်​ကြီး​တွေကို ဟယ်​ရီ​ကော်​ပတာနဲ့သယ်​သွားပြီး​တော့ ချဖို့ဆိုတာခက်​တယ်​။အဲ့တာ​ကြောင့်​ အထုပ်​အ​သေး​လေး​တွေနဲ့လုပ်​ဖို့ကိုအ​ရေး​ပေါ်ကာလမှာဖြန့်​ဖြူး​ပေးဖို့အတွက်လူမှုဝန်​ထမ်းကယ်​ဆယ်​​ရေးနဲ့ပြန်​လည်​​နေရာချထား​ရေးက စီစဉ်​ထားတဲ့အ​နေထားရှိတယ်​လို့သိရတယ်​။အဲ့​တော့ အရန်​ဆန်​အ​နေနဲ့က ပမာဏ ကြီးကြီးမားမားထားဖို့က​တော့ မလိုအပ်​ဘူးလို့မြင်​ပါတယ်။

အ​မေး ။ ၂၀၁၃ခုနှစ်​ထဲက အရန်​ဆန်​မဝယ်​​တော့ဘူးလို့သိရပါတယ်။ ဘာ​ကြောင့်​ မထား​တော့တာလဲဆိုတာ သိပါရ​စေ။

အ​ဖြေ ။ဟုတ်​ပါတယ်။ အရင်​တုန်းက​တော့လုပ်​ခဲ့တယ်​။အဲ့တာက ​ဈေးကျလို့ပါ။ အဓိက​တော့ အရန်​ဆန်​ဆိုတာထက်​အဲ့တုန်းကစပါး​ဈေးကျတဲ့အတွက်​စပါး​ဈေးကို ဆွဲပြီးတင်​နိုင်​တဲ့အ​နေထားတစ်​ခုဖြစ်​​အောင်​ နိုင်​ငံ​တော်​က ဝင်ပြီး​တော့ကူညီ​ပေးတာပါ။ အခုက စပါး​ဈေးအ​နေအထားက ​ကောင်း​နေတဲ့အ​နေထားရှိတယ်​။ တစ်​ဖက်​ကလည်းပို့ကုန်​က မြင့်​​နေတဲ့အတွက်​​ကြောင့်​ ဒီ Export က​နေပဲသူ့ဟာသူ​ဈေးကို ဆွဲပါ​အောင်​​ခေါ်လာပြီးသားဖြစ်​တဲ့အတွက်​​ကြောင့်​မို့ နိုင်​ငံ​တော်​အ​နေနဲ့ အရန်​ဆန်​အစီစဉ်​အ​နေနဲ့ဝယ်​ဖို့ဆိုတာ ​လော​လောဆယ်​ လိုအပ်​မှုမရှိ​သေးဘူး။ လိုအပ်​ရင်​​တော့ ထပ်​ဝယ်​ရမှာ​ပေါ့​နော်။

အ​မေး ။အရန်​ဆန်​မထားရှိထားဘူးဆို​တော့အ​ရေး​ပေါ်အ​ခြေ​နေ​ရောက်​ခဲ့ရင်​​ကော ဘယ်​လို​တွေ ပြင်​ဆင်​ထားပါလဲ။

အ​​ဖြေ ။ အ​ရေး​ပေါ်ကာလအတွက်​က​တော့ တတ်နိုင်​သမျှ​တော့ရှိပါတယ်။ ဆန်​တင်​ပို့တဲ့သူ​တွေ ၊ဆန်​စက်​ပိုင်​ရှင်​ကြီး​တွေကလဲ အမြဲတမ်း​ကူညီ​ပေး​နေကြပါ။ လူမှုဝန်​ထမ်းကယ်​ဆယ်​​ရေးနဲ့ပြန်​လည်​​နေရာချထား​ရေးကလဲ စီစဉ်​ထားတာ​တွေရှိပါတယ်။

အ​မေး ။အသင်းချုပ်​က​နေ စပါး​ကို အ​ခြေခံ​ဈေး ၅သိန်း သတ်​မှတ်​လိုက်​တဲ့အ​ပေါ်မှာ တချို့ကုန်​သည်​​တွေက ဒီ​ဈေးထက်​ ​ဈေးနိမ့်​ပြီး ဝယ်​​နေတယ်​လို့သိရပါတယ်​။ အဲ့အ​ပေါ်မှာဘယ်​လိုမျိုး​တွေ လုပ်​​ဆောင်​​ပေးဖို့ရှိပါသလဲ ။

အ​ဖြေ ။ အစ်​ကိုတို့ ​ကြေညာချက်​မှာလဲပါပြီးသားပါ။ ​တောင်​သူလယ်​သမား​တွေအ​နေနဲ့ ​ရောင်းတဲ့​နေရာမှာအခက်​အခဲရှိရင်​ မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​ကို ဆက်​သွယ်​လို့ရတယ်​လို့​ပြောထားတယ်​။ အဲ့လိုဝယ်​ရင်​လဲ မ​ရောင်းဖို့အ​ရေးကြီးတယ်​။အဲ့လိုမဟုတ်​တဲ့သူကို ​ရောင်းဖို့လိုတယ်​။အဓိက​တော့ အခုချိန်​က ​တောင်​သူလယ်​သမား​တွေ တစ်​နည်းအားဖြင့်​​ပြောရင်​ စပါးရှိတဲ့သူက သာတဲ့အချိန်​​ရောက်​​နေပြီ။အဲ့တာ​ကြောင့်​​ရောင်းတဲ့အခါမှာ အလျင်​စလိုမ​ရောင်းဖို့အ​ရေးကြီးတယ်​။အချိန်​နဲနဲ​စောင့်​ပြီး​တော့ ​ရောင်းဖို့အ​ရေးကြီးတယ်​ ။ မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​ကို တင်​ပြဖို့်​လည်းလိုတယ်​ ။ ဒါ​ပေမယ့်​ သတ်​မှတ်​အရည်​အ​သွေး နဲ့​တော့ ကိုက်​ညီရမယ်​။စပါးဖြစ်​ရင်​ပြီး​ရောပုံစံမျိုး​တော့မရဘူး။သတ်​မှတ်​အရည်​အ​သွေး၊ သတ်​မှတ်​အစိုဓာတ်​နဲ့ညီရင်​​တော့ ဒီ​ဈေးက ရကိုရရမယ်​။အဲ့လိုရဖို့အတွက်​ အခက်​ခဲရှိရင်​အသင်းချုပ်​ကိုဆက်​သွယ်​လို့ရတယ်။အလျင်​စလို​ရောင်းတာမျိုးမဟုတ်​ဘဲနဲ့ ကိုယ်​​ရောင်း​တဲ့အခါမှာလည်း ​သေ​သေချာချာစုံစမ်း​မေးမြန်း
ပြီးတော့မှ ​ရောင်းချတဲ့စနစ်​မျိုးက ​​ရေရှည်​မှာအ​ကောင်းဆုံးပါပဲ။အရင်​ကဆိုရင်​ဝယ်​သူမရှိတဲ့အတွက်​ ဝယ်​သူကို​စောင့်​​နေရတဲ့အ​နေအထား အခုကအဲ့လိုမဟုတ်​​တော့ဘူး။ဘယ်​သူ​ရောင်းမလဲ ဆိုတာကို ကုန်​သည်​​တွေကလိုက်​ရှာ​နေရတဲ့အ​နေအထားဖြစ်​​နေတဲ့အတွက်​လိုအပ်​ချက်​များတယ်​။ဒီလိုလိုအပ်​ချက်​များ​နေတဲ့အချိန်​မှာ ​ဈေး​ကောင်းရ​အောင်​ ​စောင့်​ပြီး​ရောင်းသင့်​တယ်​။

အ​မေး ။ ။မြို့နယ်​ ၃၃မြို့နယ်​မှာ လယ်​ယာစီးပွားဝန်​​ဆောင်​မှုစင်​တာလုပ်​မယ့်​ကိစ္စ နိုင်​ငံ​တော်​ကိုတင်​ပြထားတဲ့အ​ခြေ​နေလည်းသိပါရ​စေ။

အ​ဖြေ ။ ။ အဲ့ကိစ္စက ကျွန်​​တော်​တို့​စောင့်​​နေတုန်းပါပဲ။ ၃၃မြို့နယ်​မှာ ​ဒေသအ​ခြေပြု လယ်​ယာစီးပွား​ရေးဝန်​​ဆောင်​မှုလုပ်​ငန်းစင်​တာကြီး​ဆောက်​ဖို့ လုပ်​​နေတယ်​။ဒါကို နိုင်​ငံ​တော်​အစိုးရကို တင်​ပြထားတယ်​။ တစ်​ဖက်​ကလည်း တရုတ်​အဖွဲ့အစည်းတစ်ခုနဲ့​ပေါင်းပြီး​တော့လုပ်​ဖို့စီစဉ်​​နေတယ်​။ နိုင်​ငံ​တော်​အစိုးရဘက်​က ​ဆောင်​ရွက်​​ပေးရမယ့်​ ကိစ္စရပ်​​လေး​တွေကို ​စောင့်​​နေတယ်​။မကြာခင်​ ခွင့်​ပြု ​ပေးမယ်​လို့ ​မျှော်​လင့်​ပါတယ်​။

အ​မေး ။ ဆန်​စပါးအသင်းချုပ်​အ​နေနဲ့ ​ရှေ့ဆက်​လုပ်​​ဆောင်​မယ့်​ စီမံကိန်း​တွေ လုပ်​ငန်းစဉ်​​တွေရှိရင်​လဲ သိပါရ​စေ။

အ​ဖြေ ။ အသင်းချုပ်​က၂၀၁၈ – ၂၀၂၀ သက်​တမ်းကာလအတွင်းမှာ မျိုး​ကောင်းမျိုးသန့်​စိုက်​ပျိုးထုတ်​လုပ်​တဲ့အပိုင်းကို ဦးစား​ပေးလုပ်​ဖို့ရှိတယ်​။ မျိုး​ကောင်းမျိုးသန့်​စိုက်​ပျိုးထုတ်​လုပ်​တဲ့ လုပ်​ငန်းရှင်​​​တွေကို ကူညီ​ပေးဖို့ရှိတယ်​။ဒီဟာက ဦးစားပေးလုပ်​ငန်းစဉ်​​တွေထဲမှာပါတယ်​ ။ ​နောက်​တစ်​ခုက ဆန်​စပါးကဏ္ဍထဲမှာ ပါဝင်​​နေတဲ့ အ​သေးစားနဲ့အလတ်​စားလုပ်​ငန်းရှင်​​တွေ​ပေါ့ ။ အားလုံး​တော့မဟုတ်​ပါဘူး ။ ဒီထဲကမှ အသင်းချုပ်​ရဲ့မူဝါဒ​တွေနဲ့ကိုက်​ညီတဲ့ အ​သေးစားနဲ့အလတ်​စားလုပ်​ငန်းရှင်​​တွေကို ကူညီပံ့ပိုး​ပေးမယ့်​ အစီစဉ်​​တွေလုပ်​ဖို့ရှိတယ်​။ဆန်​စပါး စံချိန်​စံညွှန်းနဲ့ပတ်​သက်​ပြီး အချိန်​အတွယ်​​တွေ အ​လေးချိန်​​တွေကန့်​သတ်​တာ​တွေကအစ တစ်​နိုင်​ငံလုံးတစ်​​ပြေးညီဖြစ်​​အောင်​ ပညာ​ပေးပြီး ​ဆောင်​ရွက်​ဖို့ကိစ္စ​တွေရှိတယ်​။ဆန်​စပါးကဏ္ဍမှာ သု​တေသနနဲ့ဖွံ့ဖြိုး​ရေး အထူးသဖြင့်​​လေ့ကျင့်​သင်​ကြား​ပေး​ရေးဆိုတာ အရင်​နှစ်​ကလဲ ဖွင့်​ခဲ့တယ်​ ။ဆန်​ပြည်​ပတင်​ပို့တဲ့သင်​တန်းတို့ ဆန်​စက်​နည်းပညာသင်​တန်းတို့ ဒီသင်​တန်း​တွေကိုလည်း ဆက်​ပြီးဖွင့်​သွားဖို့ လုပ်​ငန်းစဉ်​​တွေရှိတယ်​။ မြန်​မာနိုင်​ငံမှာ ဆန်​စပါး စိုက်​ပျိုးထုတ်​လုပ်​မှု တိုးတက်​မြင့်​မားလာ ဖို့အတွက်​စိုက်​ပျိုး​ရေးဝန်​ကြီးဌာနနဲ့ပူး​ပေါင်းပြီးလုပ်​ဖို့အစီစဉ်​​တွေရှိပါတယ်​။ဒါ​တွေက ဒီ၃နှစ်​အတွင်းမှာ လုပ်​ဖို့ရည်​ရွယ်​ထားတာပါ။

အ​မေး ။ ဆန်​စပါးအသင်းချုပ်​ကလုပ်​​ဆောင်​​နေတဲ့ လုပ်​ငန်း​တွေမှာ အစိုးရရဲ့ အား​ပေး​ထောက်​ပံ့မှုအ​ပေါ် ဘယ်​လိုထင်​မြင်​ပါသလဲရှင့်​။

အ​ဖြေ ။ တချို​ကလဲ မြင်​တယ်​အစိုးရကထောက်​ပံ့မှဆိုပြီး​တော့​ပေါ့။အစ်​ကို့အမြင်​က​တော့အစိုးရက​ထောက်​ပံ့တာဆိုတာထက်​ အစ်​ကိုတို့ကကိုယ့်​ဟာကိုယ်​ပဲ လုပ်​​နေရတာ။ အစိုးရအ​နေနဲ့ကလည်း ဒါ​တွေကို အကုန်​လုံး​ထောက်​ပံ့​ပေးဖို့ဆိုတာက ဘယ်​နိုင်​ငံမှာမှ မဖြစ်​နိုင်​ဘူး။အဲ့​တော့ကိုယ့်​ဟာကိုယ်​ပဲ တတ်​နိုင်​သမျှကြိုးစားပြီး သွားရမယ့်သ​ဘောရှိတယ်​။ အစိုးရဘက်​က​တော့အ​ရေးကြီးဆုံးက မူဝါဒ၊​ပေါ်လစီနဲ့ ဥပ​ဒေ၊နည်းဥပ​ဒေ​တွေကအ​​ရေးကြီးတယ်​။ မူဝါဒ ၊ဥပ​ဒေပိုင်းဆိုင်​ရာ​တွေက ခိုင်​ခိုင်​မာမာနဲ့ ပုဂ္ဂလိကကဏ္ဍကလိုအပ်​တဲ့ ပုဂ္ဂလိကဖွံ့ဖြိုးမှုကိုအ​ထောက်​အကူပြုတဲ့ မူဝါ​ဒ​တွေဖြစ်​ရင်​ အစ်​ကိုတို့ပုဂ္ဂလိကကဏ္ဍ​တွေက သူ့ဟာသူကြိုးစားပြီး​ဆောင်​ရွက်​သွားမယ်​။ တစ်​ဖက်​ကအ​ရေးကြီးတာက ဘဏ်​​တွေ​ပေါ့​နော်​ ။ဒီဘဏ်​​တွေက​နေ လိုအပ်​တဲ့​ငွေ​ကြေး​တွေကို ပံ့ပိုး​ပေးနိုင်​မယ်​ဆိုရင်​ မူဝါဒ​တွေကလဲမှန်​မယ်​၊လိုအပ်​တဲ့​ငွေ​ကြေး​တွေက ရ​နေမယ်​ဆိုရင်​​တော့ ပုဂ္ဂလိက ကဏ္ဍ​တွေက သူ့ဟာသူဖွံ့ဖြိုးသွားမှာပဲ။ဆန်​စပါးကဏ္ဍမှာကြည့်​မယ်​ဆိုရင်​ ပို့ကုန်​တိုးတက်​လာတဲ့အ​နေအထားအရ ကြည့်​မယ်​ဆိုရင်​​တော့ ပို့ကုန်​အားဖြင့်​​တော့ တိုးတက်​မှုရှိတယ်​။တကယ်​စိုက်​ပျိုးထုတ်​လုပ်​​နေတဲ့ ​တောင်​သူလယ်​သမား​တွေ အကျိုးအမြတ်​ရပြီး​တော့ ဆန်​စပါးကို ဝယ်​ယူစားသုံး​နေတဲ့ ပြည်​သူ​တွေအတွက်​လည်း ​ဈေးကြီးတဲ့အ​နေအထားမျိုး​တွေမဖြစ်​​ဘဲနဲ့ ထိုက်​သင့်​တဲ့​ဈေးနှုန်းနဲ့ဝယ်​ယူသုံးစွဲနိုင်​တဲ့အ​နေထား​​တွေဖြစ်​​နေတယ်​ဆိုရင်​​တော့ ဒီလုပ်​ငန်း​တွေက အဆင်​​ပြေ​နေမှာပဲ။အဲ့​တော့နိုင်​ငံတကာ​ ဈေးကွက်​​တွေကိုလည်း တတ်​နိုင်​သမျှတိုးချဲ့ပြီး ​ရောင်းချသွားရမှာပါ။

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​။

Leave a Reply