Yangon Pan-Pacific Internation အထည်ချုပ်စက်ရုံဝန်းအတွင်း မီးလောင်မှု ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးခန့်ပျက်စီးဆုံးရှုံး။

0
169

ရန်ကုန်။ ဒီဇင်ဘာ ၁၂။၂၀၁၇။

သင်္ဃန်းကျွန်းမြို့နယ်၊ကမာကြည်လမ်းရှိ Yangon Pan-Pacific Internation အထည်ချုပ်စက်ရုံဝန်းအတွင်း နံနက် ၄ နာရိခွဲ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီခွဲခန့်တွင် အဆိုပါ စက်ရုံဝင်းအတွင်းရှိ ကုန်ကြမ်းအထည်အလိပ်များသို လှောင်ခြင်း ချုပ်လုပ်ခြင်းနှင့် ချုပ်လုပ်ပြီးစီးသည့် အ၀ည်အထားများထားရှိသည့် (၂) ထပ်အဆောက်အအုံမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှု Level 3 အဆင့်ရှိကြောင်း သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်အား မီးသတ်ယာဉ် ၄၇ စီး ၊အုပ်ချုပ်မှုယာဉ် ၈ စီး၊ အထောက်အကူပြုယာဉ် ၁၀ စီး၊စက်တင်ယာဉ် ၁ စီး ဖြင့် မီးငြိမ်း သတ်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီ ကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Yangon Pan-Pacific Internation အထည်ချုပ်စက်ရုံအားလွန်ခဲ့သည့် ၁၈ ခန့်က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီပိုင်ရှင်မှာ ကိုရီးယား လူမျိုးတစ်ဦးဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားပြီး မီးလောင်မှုတွင် လူသေဆုံးခြင်းမရှိကြောင်းသိရသည်။

ဖြိုးဖြိုး
ဓာတ်ပုံ- Myanmar Fire Services Department Facebook

Leave a Reply