WLC : 5 KNOCKOUT WAR ပြိုင်ပွဲအတွက် တွဲဆိုင်းများကြေငြာ

0
158

ရန်ကုန် ၊ မေ ၉ ၊ ၂၀၁၈

နေပြည်တော်တွင်ဒုတိယအကြိမ်ပြုလုပ်မည့် WLC: 5 KNOCKOUT WAR ပြိုင်ပွဲကိုတွဲဆိုင်း ၇ဆိုင်းထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီထံ မှသိရသည်။

WLC : 5 KNOCKOUT WAR ပြိုင်ပွဲကို ဇွန်လ ၂ ရက်နေ့တွင် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဒိအားကစားပြိုင်ပွဲရုံ၌ ကျင်းပမည်ဖြစ်သည်။

ပြိုင်ပွဲ၏ အဓိကပွဲစဉ်အဖြစ် လိုက်မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲတွင် စောဘဦးနှင့်အာသာဆလာဒိုက်(ပိုလန်) တို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒုတိယခေါင်ပွဲအဖြစ် လိုက်ဝယ်တာဝိတ်တန်း မြန်မာပြည်ချန်ပီယံ လုပွဲတွင် စောဒါဝိတ်(တောင်ကလေး)နှင့် ကျော်ဇင်လတ် (ကိုးသထုံ)တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

စူပါမစ်ဒယ်ဝိတ်ပွဲစဉ်တွင် လက်ဝှေ့လောကမှ အနားယူပြီးဖြစ်သော် လည်း လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့တကျော့ပြန်ဝင်ရောက်လာသည့် မြန်မာပြည်ချန်ပီယံဟောင်း စောငမန်းနှင့် WLC : 3 ပြိုင်ပွဲ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် တူးတူးကို အမှတ်ဖြင့်ရှုံးနိမ့်ခဲ့ သည့် သြစတြေး လျနိုင်ငံသား မိုက်ကယ် ဘာဒါတို တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အခြားပွဲစဉ်များအဖြစ် WLC:4 ပြိုင်ပွဲတွင် ၀ယ်တာဝိတ်တန်းပြိုင်ပွဲတွင် စောဘဦးအား အမှတ်ဖြင့် ရှုံး နိမ့်ခဲ့သည့် သပြေညို (Adventure ) နှင့် ဖိုးလပြည့်(ရွှေဖူး) ၊ လိုက်ဝိတ်တန်း တွင် အန်တိုနီယို အယ်ဘာတို (ပေါ်တူဂီ) နှင့် မိုက်ရိုင်း ၊ လိုက်ဝယ်တာဝိတ်တန်းတွင် စောထူးအောင် (တော်ဝင် ရိုးရာ) နှင့် လက်သီးမိုး (ကိုးသထုံ) တို့ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အမျိုးသမီးတွဲဆိုင်းအနေဖြင့် WLC:4 ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့မယ် ရွှေစင်မင်းအားအမှတ်ဖြင့် အနိုင်ရရှိခဲ့သူ ကမ္ဘောဒီးယားနိုင်ငံသူ နိုဆရီပေါ့ ရွှေနဒီတို့ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

WLC ပြိုင်ပွဲများကို ရန်ကုန်မြို့တွင် သုံးကြိမ်ကျင်းပခဲ့ပြီးဖြစ်ကာ WLC-4 ပြိုင်ပွဲကို နေပြည်တော်တွင်ပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး အဆိုပါ ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်အား တူးတူးက ယူကရိန်း နိုင်ငံသား ဆိုရိုကင်ကို အမှတ်ဖြင့်အနိုင်ရရှိကာ ကာကွယ်နိုင်ခဲ့သည်။

ကိုဥာဏ်

Leave a Reply