စာချုပ်အသစ်နဲ့လီဗာပူးလ်မှာ ဆက်နေလိုတဲ့ အမ်မရီကမ်

0
181
မေ ၁၀ ၊ ၂၀၁၈

လီဗာပူးလ်အသင်းနဲ့ ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး အသင်းက ထွက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ အမ်မရီကမ်ဟာ လီဗာပူးလ်မှာ ဆက်ရှိနေချင်တယ်လို့ သိရပါတယ်။

ကမ်ဟာ စာချုပ်အသစ်မှာ စာချုပ်ဖျက်သိမ်းကြေးတွေ လစာအသစ်တွေနဲ့ လီဗာပူးလ်မှာ ဆက်နေဖို့ ဆန္ဒရှိနေသော်လည်း လီဗာပူးလ်အသင်းက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါ ဂျာမနီကွင်းလယ်လူဟာ ယခုနှစ်ရာသီအကုန်မှာ လီဗာပူးလ်နဲ့ စာချုပ်ပြည့်ပြီဖြစ်ပါတယ်။ ဒါကြောင့် အသင်းကနေထွက်ခွာမယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အမ်မရီကမ်တောင်းဆိုတဲ့ စာချုပ်ဖျက်သိမ်းကြေး ကိစ္စအပေါ် အလွန်အန္တရာယ်များတဲ့အတွက် လက်မခံဘဲ ၂၄ နှစ်သားကို လက်လွှတ်ဖို့ တွေးဆထားပြီ ဖြစ်ပါတယ်။စာချုပ်ဖျက်သိမ်းကြေး ကိစ္စတွေ ဟာ အတင်းအကြပ်လုပ်ကိုင်ဆောင်ရွက်ထားတဲ့ သဘောတွေ ပါဝင်နေ သလို ကမ်ရဲ့ တောင်းဆိုမှုကို လိုက်လျောလိုက်မယ်ဆိုရင် ကျန်တဲ့ကစား သမားတွေအနေနဲ့လည်း အသင်းအပေါ် တောင်းဆိုမှုတွေ ရှိလာနိုင် တယ်လို့ သိရပါတယ်။

အမ်မရီကမ်ဟာ လက်ရှိမှာ ဒဏ်ရာပြသနာနဲ့ ရင်ဆိုင်နေရပြီး မေလ ၂၆ ရက်နေ့မှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

NN

Leave a Reply