ငွေကျပ် သိန်း ၈၀၀ ကျော် လုယက်မှုဖြစ်ပွား

0
170

မန္တလေး။ဒီဇင်ဘာ ၁၂။ ၂၀၁၇။

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၅ လမ်း ၃၄ လမ်းနှင့် ၃၅ လမ်းကြားတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ကလမ်းလျှောက်လာသူ နှစ်ဦးထံမှ ငွေကျပ်သိန်း (၈၀၀) ကျော် တန်ဖိုးရှိသည့် လက်ဝတ်လက်စား နှင့် ငွေများထည့်ထားသောအိတ် လုယက်မှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ဖြစ်စဉ်မှာ နေ့လည် ၁၁ နာရီ မိနစ် ၄၀ အချိန်ခန့်က သံလျှင်မြို့နယ်၊ မြို့ဟောင်းအရှေ့ရပ်ကွက်နေ မမာမာဝင်း (၃၄) နှစ်သည် အစ်မဝမ်းကွဲတော်စပ်သူ ဒေါ်သီတာစိုးနှင့်အတူ အလှပြင်ဆိုင်မှ လမ်းလျှောက် ပြန်လာစဉ် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား (၂) ဦးအနက် နောက်မှ ထိုင်လိုက်သူက မမာမာဝင်း ၏ အိတ်ကို ဆွဲလုသွားခြင်းဖြစ်ကြောင်း သိရသည် ။

ယင်းအိတ်အတွင်း ငွေ ၇၁၄၀၀၀ ကျပ်ခန့် ၊ ကျပ်သိန်း (၅၀) တန်ဖိုးရှိ စိန်နားဆွဲတန်း (၁) စုံ (စိန် ငါးလုံးတန်း) ၊ ကျပ် ၁၅ သိန်း တန်ဖိုးရှိ စိန်ဆွဲသီးပါ ပလတ်တီနမ်ဆွဲကြိုး (၁) ကုံး ၊ ကျပ်သိန်း ၂၅၀ တန်ဖိုးရှိ စိန်လက်ကောက် (၁) ကွင်း ၊ ကျပ် ၁၂၅ သိနိး တန်ဖိုးရှိ စိန်ဆွဲသီး (၁) ခု ၊ ကျပ်သိန်း (၃၅၀) တန်ဖိုးရှိ စိန်လက်စွပ်တစ်ကွင်း ၊ ၃ သိန်းကျပ်တန်ဖိုးရှိ ရွှေဆွဲသီးတစ်ခု ၊ ၃ သိန်း ကျပ်တန်ဖိုးရှိ ဖုန်းတစ်လုံး ၊ တစ်သိန်းကျပ်တန် လက်ပတ်နာရီ (၁) လုံး ၊ ၂ သိန်းကျပ်တန် လက်ပတ်နာရီ (၁) လုံး ၊ ယောက်ျားကိုင်ပိုက်ဆံအိတ် အရှည် (၂) လုံး ၊ ဘီရိုသော့များ နှင့် ကျော်စိုးဦးအမည် နိုင်ငံသားစီစစ်ရေးကဒ် (၁) ခု ပါဝင်ကြောင်း သိရသည် ။

ထိုဖြစ်စဉ်နှင့်ပတ်သတ်ပြီး မမာမာဝင်း က ချမ်းအေးသာစံမြို့မရဲစခန်းတွင် (ပ)၅၃၀/၂၀၁၇ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ အရအမှုဖွင့်ထားပြီး တရားခံဖမ်းစီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

နိုင်လင်းဦး

Leave a Reply