ပန်ဆယ်လို အကောင့် ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်

0
178

ရန်ကုန်။ဒီဇင်ဘာ ၁၂။ ၂၀၁၇။

လူမှုကွန်ရက်စာမျက်နှာတွင် ရဟန်းတစ်ပါး အရိုက်ခံရမှုနှင့် ပတ်သတ်ပြီးဝေဖန်ရေးသားခဲ့သည့် ပန်ဆယ်လို အကောင့် ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ)ဖြင့် တာမွေမြို့မရဲစန်းတွင်အမှုဖွင့်ထားကြောင့် တာမွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

” ပန်ဆယ်လိုအကောင့်ကို ၆၆ ဃ နဲ့ အမှုဖွင့်ထားပါတယ် သူရဲ့လိပ်စာကိုတော့မသိသေးပါဘူး”ဟု ၄င်းကပြောသည်။

ပြီးခဲ့သည့် နှိုဝင်ဘာလတွင် ထောက်ကြန့်လမ်းဆုံရှိ ဘီယာဆိုင်တွင် ရဟန်းတစ်ပါးအရိုက်ခံရမှုနှင့် ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာ ၌ဝေဖန်မှုများရေးသားခဲ့သည့် ပန်ဆယ်လို အကောင့်ပိုင်ရှင်အား ဗိုလ်တစ်ထောင်မြို့နယ်တွင်နေထိုင်သည့် ဦးအောင်ကိုကိုမှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ကဗုဒ္ဓဘာသာတွေဖြစ်တယ်။ ဗုဒ္ဓဘာသာမှာ ရတနာသုံးပါရှိတယ်။သံဃာဆိုတာကရတနာသုံးပါး ထဲကတစ်ပါးပဲ သံဃာရတနာကိုထိပါးနှောက်ယှက်ခြင်းသည် ဗုဒ္ဓဘာသာကိုစော်ကားခြင်းလို့လည်းမြင်တယ်။ဗုဒ္ဓဘာသာဝင်အားလုံးကိုစော်ကားခြင်းလို့လည်းမြင်တယ်။ ဒါကြောင့်ဗုဒ္ဓဘာသာရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် တိုင်ကြားရတာဖြစ်ပါတယ်” ဟု ဦးအောင်ကိုကိုကပြောသည်။
ပြီးခဲ့သည့်လကုန်ပိုင်းတွင် ထောက်ကြံ့မြို့နယ်ရှိ စားသောက်ဆိုင်အတွင်း ရဟန်းတစ်ပါးအား ရိုက်နှက်ခဲ့သည့် ဗိဒီယိုဖိုင်မှာ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ပျံနှံ့ခဲ့ပြီး ဝေဖန်မှုများစွထွက်ပေါ်ခဲ့သည်။

ဖြိုးဖြိုး

Leave a Reply