ပြည်တွင်းငြိမ်းချမ်းရေးအပေါ်လူထုအမြင်သဘောထား ကောက်ခံနေသူများထဲမှ (၂) ဦးအား ဖမ်းဆီး

0
141

မန္တလေး၊ မေ ၁၂၊ ၂၀၁၈

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဒိုင်းမွန်းပလာဇာအနီးတွင် မေလ ၁၂ ရက်နေ့မွန်းလွဲ ၄ နာရီခွဲက ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင်သဘောထား ကောက်ခံမှုပြုလုပ်နေသူများထဲမှ (၂) ဦးကို အဖွဲ့အစည်းမသိသူများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကိုသန်းထိုက်(ဗကသ-ဗဟို​ကော်​မတီဝင်​​ဟောင်း)နှင့်ကိုနှင်းအောင် (ဗကသအဖွဲ့ချုပ်)တို့ဖြစ်သည်။

“ခုကျွန်တော်တို့ကို ဖမ်းတာ ဘယ်သူတွေမှန်းမသိရဘူး။အရပ်ဝတ်တွေနဲ့ ဘာမှမပြောပဲဝင်ဖမ်းတာ ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုလို့ဖမ်းခံရတာပါ ။´´ ဟု ဖမ်းဆီးခံရသည့် ကိုနှင်းအောင် (ဗကသအဖွဲ့ချုပ်)က ပြောသည်။

မေလ ၆ ရက်နေ့က ပြုလုပ်သည့်ပထမအကြိမ်ဆန္ဒပြတောင်းဆိုမှုမှ ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင် နှင့်ကဗျာဆရာ ကလင့် (မန္တလေး) တို့ကို ဖမ်းဆီးခဲ့ပြီး ကဗျာဆရာကလင့် (မန္တလေး) ကို မေလ ၁၀ ရက်နေ့က ထောင်ဒဏ် (၂) လ ချမှတ်ခဲ့သည်။

နိုင်လင်းဦး

Leave a Reply