LCLဖြင့်တင်သွင်းလာသောကုန်ပစ္စည်းများ​အပေါ်ကောက်ခံသည့် ဝန်ဆောင်မှုနှုန်းထားများ ထုတ်ပြန်

0
168

ရန်ကုန်၊ မေ ၁၅၊၂၀၁၈

ဇူလိုင်၁ရက်မှစတင်​ အကျုံးဝင်မည့် Less than Container Load (LCL)ဖြင့်တင်သွင်းလာသော ကုန်ပစ္စည်း များအပေါ်ကောက်ခံသည့်ဝန်ဆောင်မှနှုန်းထားများကို ကုန်သည်စက်မှုအသင်းချုပ်မှထုတ်ပြန်ထားသည်။

LCLဖြင့်တင်သွင်းလာသော ကုန်ပစ္စည်းများအပေါ်တွင် 1CBM to 3CBM(per B/L) ကို ၃၀၀၀၀ကျပ်၊3CBMမှအထက်(per B/L) ကို ၇၀၀၀၀ကျပ်နှင့်service charege (per B/L) ကို ၃၀၀၀၀ကျပ်နှုန်းထားများအတိုင်း ကောက်ခံရမည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းကကောက်ချင်သလိုကောက်ကြတာပါ။ အခုတော့ အဲဒီလိုကောက်ချင်သလို တောင်းချင်သလို တောင်းမရတော့ဘူး။ ဖြစ်သင့်တဲ့ Price တစ်​ခုကို ပတ်သက်ဆက်နွယ်တဲ့ အသင်းအမှုဆောင်တွေက စုပေါင်းဆွေးနွေးပြီး တစ်ဖက်ကုန်သည်ရော တာဝန်ယူလက်ခံတဲ့သူတွေရော တွေ့ဆုံ ညှိုနှိုင်းပြီး ထွက်ပေါ်လာတဲ့ ဈေးနူန်းသတ်မှတ်ချက်ဖြစ်တာမို့ ကျွန်နော်တို့အနေနဲ့ကတော့ သဘောကျလက်ခံ ပါတယ်။”ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်​ဦးက​ပြောသည်​။

ယခင်က ကွန်​တိန်နာတစ်လုံးဖောက်မည်​ဆိုပါက အနည်းဆုံး ကျပ်​ ၁သိန်းခွဲခန့်​​ပေးရပြီး LCL Shipment များသည် ကွန်တင်နာ Handling သို့မဟုတ်အလုံးဖောက်ခ civilများကြောင်းသိရသည်။

LCLနှင့်ပါလာသော ကုန်ပစ္စည်းများ ဆိပ်ကမ်းမှ ထုတ်ယူခြင်းနှင့်ပတ်သတ်၍ မလိုလားအပ်သော ကုန်ကျစရိတ်များလျော့ချရေးအတွက် ၂၀၁၇ခုနှစ် မတ်လမှစ၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများ၊ဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MIFFA)၊Myanmar Mercantile Marine Development Association -MMMDA အသင်းများ၊အသင်းဝင်များ ၊သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များ နှင့်အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တရားဝင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆိပ်ကမ်းအာဏပိုင်မှ ဖွဲ့စည်းထားသော ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီများကြီးကြပ်ရေး ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ အဆိုပါနှုန်းထားများကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းနှုန်းထားအတိုင်းကောက်ခံခြင်းကို လာမည့် ဇူလိုင်​ ၁ရက်တွင်စတင်ဆောင်ရွက်မည်ဖြစ်​သည်​။

ယင်းဝန်ဆောင်မှုနှုန်းထားများထက် ပိုမိုကောက်ခံမှု တွေ့ရှိပါက ရေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှု လုပ်ငန်းများလုပ်ကိုင်သည့် ကုမ္ပဏီများကြီးကြပ်ရေးကော်မတီနှင့်ကုန်သည်စက်မှုအသင်းချုပ်သို့ တိုက်ရိုက်ဆက်သွယ်၍ အသိပေးကန့်ကွက်နိုင်ကြောင်းကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။

ဝေ​ဝေဖြိုး

Leave a Reply